Loading...




Photo – ညိုမင်းလွင်,CRD-Myanmarload

UNICODE

ပရိသတ်ကြီးရေ..သရုပ်ဆောင်လောကကနေဒါရိုက်တာအဖြစ်ပရိသတ်တွေအတွက်အနုပညာအလုပ်တွေဆက်တိုက်လုပ်ဆောင်နေတဲ့ပြည်သူချစ်အနုပညာရှင်ကတော့သရုပ်ဆောင်ဒါရိုက်တာညိုမင်းလွင်ပဲဖြစ်ပါတယ်နော်..။ဒါရိုက်တာညိုမင်းလွင်ကတော့အောင်မြင်တဲ့အနုပညာရှင်အဖြစ်ရပ်တည်နေပြီးချစ်ဇနီးလေးနဲ့အပြင်သမီးချောလေးနှစ်ယောက်နဲ့အတူသာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလည်း ဖြစ်ပါတယ်..။

ဒီကနေ့မေလ(၁၅)ရက်နေ့လေးကတော့ဒါရိုက်တာညိုမင်းလွင်တို့ဇနီးမောင်နှံလေးရဲ့အိမ်ထောင်သက်တမ်း(၁၄)နှစ်ပြည့်တဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေး ဖြစ်တယ်လို့ သိရပါတယ်..။မင်္ဂလာနှစ်ပတ်လည်နေ့လေးအတွက် ညိုမင်းလွင်ကလည်းသူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေမင်္ဂလာအမှတ်တရပုံရိပ်လေးတွေနဲ့အတူပရိသတ်တွေကိုမျှဝေထားပြီးချစ်ဇနီးလေးကိုချစ်ရေးဆိုလိုက်ပြန်ပါတယ်နော်..။

“ဒီနေ့ကျွန်တော်တို့နှစ်ယောက်လက်ထပ်ခဲ့ကြတာဆယ့်လေးနှစ်ပြည့်ပါတယ်၊လေးကိုကိုချစ်တယ်…”ဆိုပြီးအမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ ချစ်ရေးဆိုထားပုံလေးကလည်း ရိုးရှင်းပြီး ကြည်နူးစေပါတယ်နော်..။ပရိသတ်ကြီးရေ.. ဒီကနေ့မှာမင်္ဂလာနှစ်ပတ်လည်နေ့လေးကျရောက်လာတဲ့ဒါရိုက်တာညိုမင်းလွင်တို့ဇနီးမောင်နှံလေးအတွက်ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။