Loading...




Source – Htoo Khant,CRD-Myanmarload

UNICODE

တစ်ယောက်ကိုတစ်ယောက်surpriseတွေလုပ်ရင်းနဲ့ပရိသတ်တွေရဲ့အားကျချစ်ခင်မှုကိုရထားတာကတော့ရွှေထူးနဲ့ရွှေမှုန်ရတီတို့ပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ကတော့အမှတ်တရနေ့လေးတွေမှာတစ်ယောက်ကိုတစ်ယောက်အကြိုက်လက်ဆောင်လေးတွေပေးတက်ပြီးရင်ခုန်အောင်လုပ်တက်တဲ့အတွဲလေးဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကတော့အသက်ငယ်ငယ်လေးနဲ့အောင်မြင်နေတဲ့အနုပညာရှင်တွေပဲဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုအချိန်မပြတ်ကြိုးစားရင်းနဲ့ပရိသတ်အချစ်တွေကိုတစ်စထက်တစ်စရရှိနေတာဖြစ်ပါတယ်။သူတို့ရဲ့တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့ပုံရိပ်လေးတွေကလည်းအားကျအတုယူစရာပဲဖြစ်ပါတယ်။

တစ်ယောက်ကိုတစ်ယောက်surpriseလေးတွေနဲ့ရင်ခုန်အောင်လုပ်တက်တဲ့သူတို့နှစ်ယောက်ကတော့ခုမှာလည်းရွှေထူးတစ်ယောက်ချစ်ဇနီးလေးရဲ့surpriseလေးကြောင့်ပျော်ရွှင်ခဲ့ရတာဖြစ်ပါတယ်။ချစ်ဇနီးရွှေမှုန်လေးကတော့ချစ်ယောက်ျားကြိုက်တဲ့ဖိနပ်လေးကိုမသိအောင်လက်ဆောင်ပေးခဲ့တာပါ။ရွှေထူးတစ်ယောက်လည်းလက်ဆောင်လေးကြောင့်ပျော်ရွှင်နေတာပါ။တစ်ယောက်ကိုတစ်ယောက်အချစ်တွေပိုပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုဖြတ်သန်းနေတဲ့ရွှေထူးတို့ဇနီးမောင်နှံရဲ့အားကျဖွယ်ပုံရိပ်လေးတွေဟာလည်းပရိသတ်တွေကိုအားကျစေတာပါ။ပရိသတ်ကြီးလည်းအားကျသွားတယ်မဟုတ်လား…….