


Source:David K Nyi,CRD-Myanmarload

UNICODE

ဟာသရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့Kညီကတော့ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားတွေတော်တော်များများမှာဇာတ်ပို့နေရာကနေအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ဇာတ်ကားတစ်ကားရဲ့အဓိကဇာတ်ပို့၊ဇာတ်ရံနေရာကနေအပီပြင်အပြောက်မြောက်ဆုံးဖြစ်အောင်သရုပ်ဆောင်နိုင်တဲ့Kညီကလက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရပြီး အောင်မြင်နေတာပဲ ဖြစ်ပါတယ်။

သူကတော့အခုရက်ပိုင်းတွေမှာအနုပညာလုပ်တွေဆက်တိုက်လုပ်နေသလိုခရီးတွေလည်းဆက်တိုက်ထွက်နေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ အွန်လိုင်းမှာရေပန်းစားလူကြိုက်များနေတဲ့ သီချင်းလေးကို အမိုက်စား အခွီကကွက်တွေနဲ့ ကပြထားတဲ့ Tik Tok ဗီဒီယိုလေးကို သူရဲ့ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။

ဗီဒီယိုလေးထဲမှာပျော်ပျော်ပါးပါးကနေလိုက်တာကြည့်မိသူတိုင်းအပျော်တွေကူးစက်မိတာအမှန်ပဲဖြစ်ပါတယ်။ကေညီကတော့အမြဲလိုလိုသူငယ်ချင်းတွေနဲ့စနောက်ပြောင်ကာပျော်ပျော်နေတက်သူလေးလည်းဖြစ်ပါတယ်။ကဲ…ချစ်ပရိသတ်ကြီးတွက် ကေညီတို့ရဲ့ ချစ်စရာအခွီ tik tok ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။