ခ်စ္ပရိတ္သတ္ႀကီးေရ…. ဟာသျပတ္လုံးေတြကို သူမတူေအာင္ တီထြင္ၿပီး ပရိတ္သတ္ေတြကို ရယ္ေမာခ်င္စိတ္ေတြကို ေပၚေပါက္လာေအာင္ ဘဝအေမာေျဖေပးတဲ့ ဟာသပညာရွင္ ဒိန္းေဒါင္ဆိုတာ ႏိုင္ငံေက်ာ္တစ္ေယာက္ပါပဲေနာ္။ သူဟာ ႐ုပ္ရွင္ေလာကမွာေကာသဘင္နယ္ပယ္မွာပါတကယ္ကိုနာမည္ႀကီးဒိတ္ဒိတ္ႀကဲေအာင္ျမင္မႈေတြရရွိထားသူတစ္ေယာက္လည္းျဖစ္သလို ဘုရားဒကာ ေက်ာင္းဒကာႀကီးတစ္ေယာက္လည္းျဖစ္ပါေသးတယ္ေနာ္။

ဒီလို ေကာင္းမႈကုသိုလ္ေတြလုပ္တတ္ၿပီး သူတစ္ပါးကိုေပ်ာ္႐ႊင္ေအာင္ စြမ္းေဆာင္ေပးေနတဲ့ ျပည္ေတာ္ခ်စ္လူ႐ႊင္ေတာ္ႀကီး ဒိန္းေဒါင္ကို အားေပးခ်စ္ခင္ၾကတဲ့ပရိတ္သတ္ေတြဟာ ဒီရက္ပိုင္းမွာ လူမႈကြန္ယက္ေပၚက သတင္းအမွားတစ္ခုေၾကာင့္ အေတာ္လည္းစိတ္မေကာင္းျဖစ္ခဲ့ရသလိုဒိန္းေဒါင္အတြက္လည္းဝမ္းနည္းမဆုံးျဖစ္ခဲ့ရပါတယ္ေနာ္။အဲ့ဒါကေတာ့လူ႐ႊင္ေတာ္ဒိန္းေဒါင္ဟာေန႔လည္ဆယ့္ႏွစ္နာရီမွာဦးေႏွာက္ေသြးေၾကာျပတ္ၿပီးဆုံးပါးသြားခဲ့ၿပီဆိုတဲ့သတင္းပဲျဖစ္ပါတယ္။တင္တဲ့လူကေတာ့ေနာက္ေျပာင္ၿပီးတင္သလားတစ္ခုခုထိခိုက္ေစခ်င္လို႔တင္သလားမသိေပမယ့္ပရိတ္သတ္အခ်ိဳ႕ကေတာ့ဒိန္းေဒါင္အတြက္ အမွန္တကယ္ကို စိတ္ထိခိုက္ခဲ့ရတာပါ။

ဒါေၾကာင့္ လူ႐ႊင္ေတာ္ဒိန္းေဒါင္ ဟာ ဒီသတင္းအမွားကို ေျဖရွင္းဖို႔အတြက္ သူ႔ရဲ႕ Facebookအေကာင့္ကေနတစ္ဆင့္ Liveလႊင့္ၿပီးေတာ့ သူ႔အတြက္စိုးရိမ္ေနတဲ့ပရိတ္သတ္ေတြကို သူ႔ကို စိတ္မပူဖို႔ မစိုးရိမ္ဖို႔ေျပာခဲ့ပါတယ္ေနာ္။ ” အနေႏၲာ အနႏၲ (၅)ပါး ခင္ပြန္းႀကီး(၁၀)ပါး၊ ရတနာ(၃)ပါးဂုဏ္ေက်းဇူး အမိအဖဂုဏ္ေက်းဇူးနဲ႔ ကြၽန္ေတာ္က်န္းက်န္းမာမာပါ ဘာမွမျဖစ္ပါဘူး ” ဆိုၿပီးေတာ့ သူ႔ရဲ႕ခ်စ္ပရိတ္သတ္ေတြကို ရွင္းျပၿပီး ရင္ထဲက ေသာကေတြကို ၿငိမ္းေစခဲ့ျပန္ပါတယ္။ ကဲ… ဒိန္းေဒါင္ကိုယ္တိုင္ေျဖရွင္းၿပီး ေျပာျပထားခဲ့တဲ့Liveေလးကိုလည္း ခ်စ္ပရိတ္သတ္ႀကီးအတြက္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source: Dain Daung,CRD-Myanmarload

UNICODE

ချစ်ပရိတ်သတ်ကြီးရေ…. ဟာသပြတ်လုံးတွေကို သူမတူအောင် တီထွင်ပြီး ပရိတ်သတ်တွေကို ရယ်မောချင်စိတ်တွေကို ပေါ်ပေါက်လာအောင် ဘဝအမောဖြေပေးတဲ့ ဟာသပညာရှင် ဒိန်းဒေါင်ဆိုတာ နိုင်ငံကျော်တစ်ယောက်ပါပဲနော်။ သူဟာရုပ်ရှင်လောကမှာကောသဘင်နယ်ပယ်မှာပါတကယ်ကိုနာမည်ကြီးဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေရရှိထားသူတစ်ယောက်လည်းဖြစ်သလို ဘုရားဒကာ ကျောင်းဒကာကြီးတစ်ယောက်လည်းဖြစ်ပါသေးတယ်နော်။

ဒီလိုကောင်းမှုကုသိုလ်တွေလုပ်တတ်ပြီးသူတစ်ပါးကိုပျော်ရွှင်အောင်စွမ်းဆောင်ပေးနေတဲ့ပြည်တော်ချစ်လူရွှင်တော်ကြီးဒိန်းဒေါင်ကိုအားပေးချစ်ခင်ကြတဲ့ပရိတ်သတ်တွေဟာဒီရက်ပိုင်းမှာလူမှုကွန်ယက်ပေါ်ကသတင်းအမှားတစ်ခုကြောင့်အတော်လည်းစိတ်မကောင်းဖြစ်ခဲ့ရသလိုဒိန်းဒေါင်အတွက်လည်းဝမ်းနည်းမဆုံးဖြစ်ခဲ့ရပါတယ်နော်။အဲ့ဒါကတော့လူရွှင်တော်ဒိန်းဒေါင်ဟာနေ့လည်ဆယ့်နှစ်နာရီမှာဦးနှောက်သွေးကြောပြတ်ပြီးဆုံးပါးသွားခဲ့ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။တင်တဲ့လူကတော့နောက်ပြောင်ပြီးတင်သလားတစ်ခုခုထိခိုက်စေချင်လို့တင်သလားမသိပေမယ့်ပရိတ်သတ်အချို့ကတော့ဒိန်းဒေါင်အတွက် အမှန်တကယ်ကို စိတ်ထိခိုက်ခဲ့ရတာပါ။

ဒါကြောင့်လူရွှင်တော်ဒိန်းဒေါင်ဟာဒီသတင်းအမှားကိုဖြေရှင်းဖို့အတွက်သူ့ရဲFacebookအကောင့်ကနေတစ်ဆင့် Liveလွှင့်ပြီးတော့ သူ့အတွက်စိုးရိမ်နေတဲ့ပရိတ်သတ်တွေကို သူ့ကို စိတ်မပူဖို့မစိုးရိမ်ဖို့ပြောခဲ့ပါတယ်နော်။”အနန္တော အနန္တ (၅)ပါး ခင်ပွန်းကြီး(၁၀)ပါး၊ ရတနာ(၃)ပါးဂုဏ်ကျေးဇူး အမိအဖဂုဏ်ကျေးဇူးနဲ့ ကျွန်တော်ကျန်းကျန်းမာမာပါ ဘာမှမဖြစ်ပါဘူး ” ဆိုပြီးတော့ သူ့ရဲ့ချစ်ပရိတ်သတ်တွေကို ရှင်းပြပြီး ရင်ထဲက သောကတွေကို ငြိမ်းစေခဲ့ပြန်ပါတယ်။ ကဲ…ဒိန်းဒေါင်ကိုယ်တိုင်ဖြေရှင်းပြီးပြောပြထားခဲ့တဲ့Liveလေးကိုလည်းချစ်ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။