Loading...




Source:Aung Min Khant,CRD-Myanmarload

UNICODE

ရုပ်ရှင်သရုပ်ဆောင်မင်းသားချောအောင်မင်းခန့်ကတော့MRTV4ဇာတ်လမ်းတွဲတွေကတစ်ဆင့်လူသိများအောင်မြင်လာခဲ့သူတစ်ဦးဖြစ်ပါတယ်။သရုပ်ဆောင်အရည်အချင်းပြည့်ဝပြီးဇာတ်ရုပ်တိုင်းကိုအကောင်းဆုံးဖြစ်အောင်ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့အောင်မင်းခန့်ကပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုများစွာရရှိထားသူဖြစ်ပါတယ်။အမာခံပရိသတ်အမြောက်အများကို ပိုင်ဆိုင်ထားတဲ့ အောင်မင်းခန့်က နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော်မင်းသားလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့အောင်မင်းခန့်ကဇာတ်ကားတွေရိုက်ကူးနေသလိုပွဲအခမ်းအနားတွေလည်းတက်ရောက်နေတာ တွေ့ရပါတယ်။ အခုလည်း အောင်မင်းခန့်က ချစ်ရတဲ့ မေမေပျော်သွားအောင် Supriseလေးတစ်ခုလုပ်ပြလိုက်ပါတယ်။ အောင်မင်းခန့်က TV ကြည့်နေတဲ့ မေမေ့ရဲ့အနားကိုသွားထိုင်ပြီး သူ့လက်လေးပေါ်မှာ ရေးထားတဲ့ ” I Love U Mother ” ဆိုတဲ့စာသားလေးနဲ့ အချစ်တွေကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

အောင်မင်းခန့်ရဲ့Supriseအစီအစဉ်လေးကြောင့်မေမေတစ်ယောက်အပျော်ကြီးပျော်သွားပြီးသားလေးကိုအာဘွားတွေတစ်ဝကြီးပေးလိုက်တာတွေ့ရပါတယ်။အောင်မင်းခန့်တို့သားအမိနှစ်ယောက်ရဲ့ကြည်နူးစရာမြင်ကွင်းလေးကတော့ပရိသတ်တွေကိုတောင်အပျော်တွေကူးစက်စေခဲ့ပါတယ်။ကဲချစ်ပရိသတ်တွေအတွက်ချစ်စရာကောင်းတဲ့အောင်မင်းခန့်တို့သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။