Loading...
အတွင်းခံဝတ်မထားတဲ့ Sulli ရဲ့ Live အစ အဆုံး
CRD-Momolay
UNICODE
Sulliဟာသိပ်မကြာခင်အချိန်တုန်းသူ့ရဲ့အင်စတာဂရမ်မှာရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့သောက်စားကြရင်းLiveလွှင့်ခဲ့ပါတယ်။ဒါပေမယ့်လည်းသူမဟာဆိုရင်တော့အကြောင်းပြချက်မျိုးစုံနဲ့အမုန်းပွားသူတစ်ချို့ကသူမကိုဝေဖန်ခဲ့ကြပါတယ်။ဘယ်လိုအကြောင်းအရင်းတွေဖြစ်မလဲဆိုတာကိုတော့ မိုမိုလေးနဲ့တူတူလိုက်ပါစီးမြောကြည့်ရှုလိုက်ရအောင်။
အဆိုပါhaterတွေကအရက်သောက်နေတုန်းSulliတစ်ယောက်Liveလွှင့်တာမဟုတ်ကြောင်းထောက်ပြခဲ့ပါတယ်။ပြီးတော့Sulliဟာအနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့်သူမရဲ့သူငယ်ချင်းတွေကသူမကိုဒီလိုလုပ်ရပ်မျိုးလုပ်ခွင့်ပေတဲ့အတွက်လည်းဝေဖန်ခဲ့ကြပါသေးတယ်။ပြီးတော့အဆိုပါhaterတွေဟာဘာတွေသိချင်နေကြသလဲဆိုတာတွေကိုသူမရဲ့သူငယ်ချင်းကယခုလိုပဲထောက်ပြခဲ့ပါသေးတယ်..”အတွင်းခံမဝတ်ဘဲဘာကြောင့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတာလဲ..” ဆိုတဲ့ မှတ်ချက်ကို ပြောခဲ့ပါသေးတယ်
Sulliဟာအစကအဆိုပါမေးခွန်းကြောင့်စိတ်ရှုပ်သွားခဲ့ပုံပေါ်ပြီးဖုန်းမှန်သားပြင်ကိုစိုက်ကြည့်ခဲ့ပါသေးတယ်။အဲ့ဒီနောက်မှာတော့သူမကိုစိတ်ပူနေကြတာဖြစ်မှာပါလို့သူမရဲ့သူငယ်ချင်းကရှင်းပြခဲ့ပါတယ်။Sulliဟာချက်ချင်းဆိုသလိုအမုန်းပွားသူတွေကို သူမ အဆင်ပြေနေတာကြောင့် စိတ်ပူစရာမလိုကြောင်း တုန့်ပြန်ခဲ့ပါတယ်။
“မင်းတို့ ငါကိုစိတ်ပူနေတာလား?? မင်းတို့ ငါကို စိတ်ပူစရာမလိုဘူးဘာဖြစ်လို့လည်းဆိုတော့ငါအဆင်ပြေနေတာမို့လို့ပဲ..။ ဒါပေမယ့်လည်းငါ့ကိုမကောင်းတဲ့စိတ်နဲ့စိုက်ကြည့်နေတဲ့သူတွေကိုတော့မကြိုက်ဘူး။”လို့ပြောပြခဲ့ပါတယ်။သူမရဲ့သူငယ်ချင်းဖြစ်သူကလည်းSulliရဲ့စိတ်ချမ်းသာသလိုရွေးချယ်မှုကြောင့်သူ့ကိုဝေဖန်နေစရာမလိုကြောင်းကာကွယ်ပြောဆိုခဲ့ပါတယ်။Sulliကိုစိုးရိပ်နေသလိုလိုလုပ်နေကြတဲ့haterတွေကလည်းအတုအယောင်ဆောင်နေရာကနေရပ်ပေးကြပါလို့ပြောခဲ့ပါသေးတယ်။
“ဒီမှာရှိတဲ့လူတိုင်းအတွင်းခံဝတ်မထားဘူး..။ကျွန်မတို့အတွင်းခံဘောင်းဘီတွေလည်းဝတ်မထားဘူး..။မင်းလူတစ်ယောက်ကိုမိတ်ကပ်မလိမ်းလဲဘယ်လောက်ယုံကြည်မှုရှိရှိနေနိုင်သလဲဆိုတဲ့မေးခွန်းကိုမေးတာနဲ့အတူတူပဲ။အကြောင်းပြချက်မရှိဘူး ” လို့ Sulli ရဲ့သူငယ်ချင်းက ပြောပြခဲ့ပါတယ်။hater တွေက သူမရဲ့ လွတ်လပ်တဲ့စိတ်ဝိဉာဏ်ကို သတ်ချလို့မရကြောင်း Sulli နဲ့ သူမရဲ့ သူငယ်ချင်းတွေက နောက်တစ်ခါ သက်သေပြလိုက်လေရဲ့..။