


CRD-Momolay

UNICODE

စစ်မှန်တဲ့အနုပညာကြောင့်ပရိသတ်တွေကြားမှာအချိန်တိုလေးအတွင်းမှာနာမည်ကြီးလာတဲ့ဇဏ်ခီနဲ့ခရစ္စတီးနားခီတို့ဇနီးမောင်နှံနဲ့”မီ”ရုပ်ရှင်ရဲ့ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ဇနီးမောင်နှံတို့ကတော့ပရိသတ်တွေအကယ်ဒမီမှန်းထားကြပေမယ့်ဒီနှစ်မှာလွဲချော်ခဲ့တာကြောင့်အားလုံးကစိတ်မကောင်းဖြစ်နေကြတာပါ။ဒါပေမယ့်လည်းထိုက်တန်သူတွေကိုဂုဏ်ပြုရမှကျေနပ်ကြမယ့်ပရိသတ်တွေကတော့ခီနဲ့မီတို့ကိုဂုဏ်ပြုငွေတွေစုပြီးပေးခဲ့ကြတာတွေ့ရပါတယ်။ပရိသတ်တွေရဲ့စည်းလုံးမှုကြောင့် အခုဆိုရင် ခီနဲ့ မီတို့ကို ပေးကြတဲ့ ဂုဏ်ပြုငွေက သိန်း ၆၀ နီးပါးတောင် ရှိနေပြီပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက်ပရိသတ်တွေကိုစစ်မှန်တဲ့အနုပညာတွေချပြရင်းရောင်ပြန်ဟပ်ခြင်းကိုခံနေရပြီဖြစ်တဲ့ခီနဲ့မီတို့ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုပါ ဂုဏ်ပြုငွေအစီအစဉ်ကို စီစဉ်တဲ့ပရိသတ်တစ်ဦးကတော့”ခီ+မီတို့အတွက်ကျွန်တော်တို့လက်ခံရရှိတဲ့ဂုဏ်ပြုငွေ စုစုပေါင်းပါခင်ဗျ။BankStatementsများနှင့်တကွဖော်ပြထားပါတယ်။လက်ခံရရှိမှုစုစုပေါင်း၅,၈၈၃,၃၀၀(ငါးဆယ့်ရှစ်သိန်းရှစ်သောင်းသုံးထောင်သုံးရာကျပ်တိတိ) ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းစဉ်များရဲ့အစိတ်အပိုင်းတွေ ဖြစ်တဲ့အဆင့်(၅)နဲ့အဆင့်(၆)ဖြစ်ပါတယ်ခင်ဗျ။အဆင့်(၇)နဲ့အဆင့်(၈)အတွက်ဆက်လက်ကြိုးပမ်းသွားပါမယ်ခင်ဗျ။”ဆိုပြီးလူမှုကွန်ယက်မှာတင်ထားတာပါ။ခီနဲ့မီကိုပရိသတ်တွေအားပေးကြမ်းချက်ကတော့အံ့မခန်းပါပဲ။ချစ်ပရိသတ်တွေလည်းခီနဲ့မီတို့ရဲ့အနုပညာကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။