


Source:Chue Lay,CRD-Myanmarload

UNICODE

အနုပညာလောကမှာအချိန်တိုအတွင်းအောင်မြင်မှုတွေကိုရရှိပိုင်ဆိုင်ထားတဲ့တက်သစ်စမင်းသမီးချောလေးဖြစ်တဲ့ခြူးလေးကသရုပ်ဆောင်ကောင်းတဲ့မင်းသမီးတစ်လက်ဖြစ်သလိုချစ်စရာကောင်းပြီးပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်ပရိသတ်တွေကချစ်ပြီးအားပေးနေရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ခြူးလေးကမကြာသေးခင်ကကျင်းပပြုလုပ်သွားခဲ့တဲ့အကယ်ဒမီဆုပေးပွဲမှာလဲဆန်ကာတင်စာရင်းထဲပါခဲ့သည်တိုင်အောင်အရည်အချင်းရှိရှိပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်နိုင်ခဲ့တာကို မြင်တွေ့ရမှာပါ။

လက်ရှိမှာလည်းပရိသတ်တွေမျှော်လင့်ထားတဲ့အကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်အောင်ရုပ်ရှင်ဇာတ်ကားတွေကြိုးစားရိုက်ကူးနေတဲ့ခြူးလေးရဲ့ပုံရိပ်လေးတွေကိုမြင်တွေ့ရမှာပါ။ချစ်စရာကောင်းပြီးပျော်ပျော်နေတတ်တဲ့ကောင်မလေးအဖြစ်ပရိသတ်တွေကြားမှာအချစ်တွေပိုနေရတဲ့ခြူးလေးကိုယခုလက်ရှိမှာသင်းကြည်မလေးဆိုတဲ့ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်နေတာကိုလည်း မြင်တွေ့ရမှာပါ။

အမြဲချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ဟာသtiktokလေးတွေအမြဲဆော့ပြီးပရိသတ်တွေအတွက်တင်ပေးလျက်ရှိတဲ့ခြူးလေးကယခုတစ်ခါမှာလည်းရုပ်ရှင်ရိုက်နေတဲ့ကြားထဲကအပျင်းပြေအနေနဲ့ပရိသတ်တွေအတွက်ချစ်စရာကောင်းတဲ့tiktokလေးတွေဆော့ထားတာကိုမြင်တွေ့ရမှာပါ။ယခင်ကနဲ့မတူတဲ့ယောက်ျားလေးပုံစံလေးနဲ့ပရိသတ်တွေရယ်မောပျော်ရွှင်ရအောင် tiktok ဆော့ထားတဲ့ ဗီဒီယိုလေးကို မြင်တွေ့ရမှာပါ။