ေဖြးေဖြးကဧၿပီ(၁)ရက္ေန႔မွာသူႏိုင္ငံျခားမွာအၿပီးေျပာင္းေနေတာ့မယ္ဆိုတဲ့အေၾကာင္းပရိသတ္ေတြကိုအသိေပးလိုက္တာပါ။မၾကာေသးခင္ကမွအကယ္ဒမီဆုႀကီးကိုပူပူေႏြးေႏြးပိုင္ဆိုင္ထားတဲ့သ႐ုပ္ေဆာင္ေဖြးေဖြးကႏိုင္ငံျခားမွာအၿပီးေျပာင္းေနေတာ့မယ္ဆိုၿပီး သူ႔ရဲ႕ ပရိသတ္ေတြကို ေျပာထားတာေတြ႕ရပါတယ္။ ပရိသတ္ေတြကိုလည္း လြမ္းေနပ့ါမယ္လို႔ ဆိုပါတယ္။

“ႏိုင္ငံျခားမွာပဲအၿပီးေျပာင္းေနေတာ့မလို႔..တာ့တာ..လြမ္းေနမယ္”ဆိုၿပီးသူမရဲ႕ေဖ့စ္ဘြတ္မွာဧၿပီ(၁)ရက္ေန႔ကေရးသားထားတာ ျဖစ္ပါတယ္။ေဖြးေဖြးအေနနဲ႔ အဲဒီ စာကို April Foolအေနနဲ႔စေနာက္ထားတာျဖစ္ပါတယ္။သူမရဲ႕ပရိသတ္ေတြကလည္း သူမစေနာက္ထားတာ ႀကိဳသိေနၾကေပမယ့္လည္း ႏိုင္ငံျခားမွာ အၿပီးေျပာင္းေနေတာ့မယ္ဆိုတဲ့ စကားနဲ႔ေတာ့ မစပါနဲ႔ဆိုၿပီး စိတ္မေကာင္းစြာ ေျပာထားၾကတာလည္း ေတြ႕ရပါတယ္။

ေဖြးေဖြးကလက္ရွိမွာကားအက္ဆီးဒင့္ဒဏ္ရာေၾကာင့္႐ိုက္ကူးေရးေတြနားထားေပမဲ့လည္းပြဲေလးေတြေတာ့တက္ျဖစ္ေနတာေတြ႕ရပါတယ္။ေဖြးေဖြးဟာဂီတကိုဝါသနာပါသူတစ္ဦးျဖစ္ေပမယ့္လက္ရွိမွာေတာ့ေအာင္ျမင္တဲ့သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ေနသူပါ။ဗီဒီယိုဇာတ္ကားေပါင္းတစ္ရာေက်ာ္႐ိုက္ကူးခဲ့သူတစ္ဦးျဖစ္ၿပီးမဂၢဇင္းကာဗာမ်ားစြာနဲ႔ေၾကာ္ျငာမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။ ေဖြးေဖြးဟာ ၂၀၁၈ခုႏွစ္အတြက္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုနဲ႔ ဆိုရင္ အကယ္ဒမီ (၃)ဆုကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

ပရိသတ္ရဲ႕လက္ခံအားေပးမႈကိုရရွိထားသူသူမဟာ၂၀၁၂ခုႏွစ္တြင္လက္ပံ႐ုပ္ရွင္ဇာတ္ကားနဲ႔အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကိုရရွိခဲ့သလို၂၀၁၅ခုႏွစ္မွာေတာ့ကြၽန္မကႏွင္းဆီပါေမာင္႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔အေကာင္းဆုံးအမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။

CRD-Cele Yatkwat

UNICODE

ဖွေးဖွေးကဧပြီ(၁)ရက်နေ့မှာသူနိုင်ငံခြားမှာအပြီးပြောင်းနေတော့မယ်ဆိုတဲ့အကြောင်းပရိသတ်တွေကိုအသိပေးလိုက်တာပါ။မကြာသေးခင်ကမှအကယ်ဒမီဆုကြီးကိုပူပူနွေးနွေးပိုင်ဆိုင်ထားတဲ့သရုပ်ဆောင်ဖွေးဖွေးကနိုင်ငံခြားမှာအပြီးပြောင်းနေတော့မယ်ဆိုပြီး သူ့ရဲ့ ပရိသတ်တွေကို ပြောထားတာတွေ့ရပါတယ်။ ပရိသတ်တွေကိုလည်း လွမ်းနေပ့ါမယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားမှာပဲအပြီးပြောင်းနေတော့မလို့..တာ့တာ..လွမ်းနေမယ်”ဆိုပြီးသူမရဲ့ဖေ့စ်ဘွတ်မှာဧပြီ(၁)ရက်နေ့ကရေးသားထားတာဖြစ်ပါတယ်။ဖွေးဖွေးအနေနဲ့အဲဒီစာကိုAprilFoolအနေနဲ့စနောက်ထားတာဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေကလည်းသူမစနောက်ထားတာကြိုသိနေကြပေမယ့်လည်းနိုင်ငံခြားမှာအပြီးပြောင်းနေတော့မယ်ဆိုတဲ့စကားနဲ့တော့မစပါနဲ့ဆိုပြီး စိတ်မကောင်းစွာ ပြောထားကြတာလည်း တွေ့ရပါတယ်။

ဖွေးဖွေးကလက်ရှိမှာကားအက်ဆီးဒင့်ဒဏ်ရာကြောင့်ရိုက်ကူးရေးတွေနားထားပေမဲ့လည်းပွဲလေးတွေတော့တက်ဖြစ်နေတာတွေ့ရပါတယ်။ဖွေးဖွေးဟာဂီတကိုဝါသနာပါသူတစ်ဦးဖြစ်ပေမယ့်လက်ရှိမှာတော့အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်နေသူပါ။ဗီဒီယိုဇာတ်ကားပေါင်းတစ်ရာကျော်ရိုက်ကူးခဲ့သူတစ်ဦးဖြစ်ပြီးမဂ္ဂဇင်းကာဗာများစွာနဲ့ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ ဖွေးဖွေးဟာ ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ပရိသတ်ရဲ့လက်ခံအားပေးမှုကိုရရှိထားသူသူမဟာ၂၀၁၂ခုနှစ်တွင်လက်ပံရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကိုရရှိခဲ့သလို၂၀၁၅ခုနှစ်မှာတော့ကျွန်မကနှင်းဆီပါမောင်ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။