Loading...

MelodyWorldကေနဂီတေလာကကိုေလွ်ာက္လွမ္းေနသူကေတာ့ၿဖိဳးျပည့္စုံပဲျဖစ္ပါတယ္။သီခ်င္းေကာင္းေလးေတြကိုသီဆိုတတ္ၿပီး သူ႔ရဲ႕သီခ်င္းတိုင္းလိုလိုကလည္း ပရိသတ္ေတြရဲ႕ရင္ဘတ္ထဲထိဝင္ေနရာယူထားတာလည္း ျဖစ္ပါတယ္။ လရိပ္ ဆိုတဲ့ သီခ်င္းေလးကလည္းသူ႔ဘဝရဲ႕မွတ္တိုင္ကိုစိုက္ထူထားႏိုင္ခဲ့တဲ့ သီခ်င္းေကာင္းေလးပါ။

သူ႔ရဲ႕သီခ်င္းတိုင္းဟာလည္းပရိသတ္ေတြရဲ႕ခံစားခ်က္ေတြနဲ႔တိုက္ဆိုင္ၿပီးေရပန္းစားလူႀကိဳက္မ်ားတာလည္းျဖစ္ပါတယ္။လက္ရွိမွာလည္း အဆိုေတာ္ ေအာင္ထက္နဲ႔ ” ၾကယ္ ” ဆိုတဲ့ ေတးစီးရီးအသစ္လည္း ထြက္ရွိထားပါေသးတယ္။

အသံခ်ိဳခ်ိဳေလးနဲ႔ပရိသတ္ေတြရဲ႕အခ်စ္ကိုဖမ္းစားထားတဲ့ၿဖိဳးျပည့္စုံကေတာ့သူ႔ရဲ႕အရင္ပုံစံနဲ႔မတူတဲ့သီခ်င္းသစ္တစ္ပုဒ္ကိုဖန္တီးလိုက္ျပန္ပါၿပီေနာ္။သီခ်င္းနာမည္ေလးကေတာ့”လတ္တေလာလႈပ္ရွားမႈ”ျဖစ္ၿပီးထြက္ရွိၿပီးနာရီပိုင္းအတြင္းမွာပဲၾကည့္ရႈသူမ်ားျပားခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ၾကည့္ရႈလို႔ရေအာင္ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source – Phyo Pyae Sone,CRD-Myanmarload

UNICODE

MelodyWorldကနေဂီတလောကကိုလျှောက်လှမ်းနေသူကတော့ဖြိုးပြည့်စုံပဲဖြစ်ပါတယ်။သီချင်းကောင်းလေးတွေကိုသီဆိုတတ်ပြီး သူ့ရဲ့သီချင်းတိုင်းလိုလိုကလည်း ပရိသတ်တွေရဲ့ရင်ဘတ်ထဲထိဝင်နေရာယူထားတာလည်း ဖြစ်ပါတယ်။ လရိပ် ဆိုတဲ့ သီချင်းလေးကလည်းသူ့ဘဝရဲ့မှတ်တိုင်ကိုစိုက်ထူထားနိုင်ခဲ့တဲ့ သီချင်းကောင်းလေးပါ။

သူ့ရဲ့သီချင်းတိုင်းဟာလည်းပရိသတ်တွေရဲ့ခံစားချက်တွေနဲ့တိုက်ဆိုင်ပြီးရေပန်းစားလူကြိုက်များတာလည်းဖြစ်ပါတယ်။လက်ရှိမှာလည်း အဆိုတော် အောင်ထက်နဲ့ ” ကြယ် ” ဆိုတဲ့ တေးစီးရီးအသစ်လည်း ထွက်ရှိထားပါသေးတယ်။

အသံချိုချိုလေးနဲ့ပရိသတ်တွေရဲ့အချစ်ကိုဖမ်းစားထားတဲ့ဖြိုးပြည့်စုံကတော့သူ့ရဲ့အရင်ပုံစံနဲ့မတူတဲ့သီချင်းသစ်တစ်ပုဒ်ကိုဖန်တီးလိုက်ပြန်ပါပြီနော်။သီချင်းနာမည်လေးကတော့”လတ်တလောလှုပ်ရှားမှု”ဖြစ်ပြီးထွက်ရှိပြီးနာရီပိုင်းအတွင်းမှာပဲကြည့်ရှုသူများပြားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်နော်။