Loading...

ခ်စ္သူႏွစ္ဦး ရိုမန္းတစ္ဆန္စြာ လူျမင္ကြင္းမွာ လက္ထပ္ခြင့္ေတာင္းခဲ့တာေၾကာင့္ အေနာက္တိုင္းအရမ္းဆန္လြန္းတယ္ဆိုၿပီး ႏွစ္ေယာက္စလံုးကို အီရန္အစိုးရက ဖမ္းဆီးခဲ့ပါတယ္။အမ်ိဳးသားဟာ သူခ်စ္ရတဲ့အမ်ိဳးသမီးနဲ႕တစ္သက္လံုး အတူတူေနဖို႕ ခြင့္ေတာင္းတဲ့ေန႕ရက္ေလးကို ထူးထူးျခားျခားနဲ႕ အမွတ္တရေလးလည္းျဖစ္ေအာင္ဆိုၿပီး လူေတြအမ်ားႀကီးရွိေနတဲ့ ေဈးဝယ္စင္တာတစ္ခုမွာ ႏွင္းဆီပန္းေလးေတြေျခြခင္းၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။

ႏွင္းဆီပန္းပြင့္ဖတ္ေလးေတြကို အသည္းပံုသ႑ာန္ပံုေဖာ္ကာ ပူေဖာင္းေရာင္စံုေလးေတြနဲ႕ လူအမ်ားအေရွ႕အျမတ္တႏို္းလက္ထပ္ခြင့္ေတာင္းခံရတဲ့အတြက္ အမ်ိဳးသမီးျဖစ္သူမွာလည္း အရမ္းကို ေပ်ာ္ရႊင္ေနပါတယ္။

ေနာက္မွာေတာ့ လက္ထပ္လက္စြတ္နဲ႕ လက္ထပ္ခြင့္ေတာင္းလိုက္တဲ့အခါ အမ်ိဳးသမီးဘက္မွ လက္ခံခဲ့ကာ အမ်ိဳးသားမွ လက္စြတ္ဝတ္ေပးခဲ့ပါတယ္။ ၿပီးမွာေတာ့ ႏွင္းဆီပန္းေတြဝိုင္းထားတဲ့ အသည္းပံုကြက္လပ္ထဲကို အမ်ိဳးသမီးမွ ဝင္ကာ တစ္ဦးႏွင့္တစ္ဦး ၾကင္ၾကင္နာနာ ဖက္လိုက္ၾကပါတယ္။

ဒီျစဖ္ရပ္ကို ေဘးမွရပ္ၾကည့္ေနတဲ့ လူအုပ္ႀကီးကလည္း အေပ်ာ္ေတြကူးစက္ကာ ၾကည္ႏူးၿပီး ၾကည့္ေနသူကၾကည့္ေန ေပ်ာ္စရာကိစၥမို႕ ဗီဒီယိုရိုက္တဲ့လူကရိုက္နဲ႕ တက္တက္ၾကြၾကြျဖစ္ေနခဲ့ပါတယ္။ ဒီဗီဒီယိုကိုေတာ့ Islamic Republic News Agency မွ journalist ျဖစ္သူ Sobhan Hassanvand ရဲ႕ ကိုယ္ပိုင္ account မွ Twitter ေပၚတင္ထားခဲ့ရင္း လူေတြၾကားထဲ ပ်ံ႕ႏွံ႕ခဲ့တာပါ။

သို႕ေပမဲ့ သိပ္မၾကာခင္မွာပဲ ဗီဒီယိုထဲက ကာယကံရွင္အမ်ိဳးသားနဲ႕ အမ်ိဳးသမီးတို႕ႏွစ္ဦးကို အီရန္အစိုးမွ အမ်ိဳးသားနဲ႕အမ်ိဳးသမီးဥပေဒဆိုင္ရာနဲ႕စြဲခ်က္တင္ကာ ဖမ္းဆီးခဲ့ပါတယ္။ ျပစ္မႈကေတာ့ အေနာက္တုိင္းဆန္စြာ ျပဳမူေနထုိင္ျခင္းနဲ႕ လူအမ်ားေရွ႕မွာ အသားခ်င္းထိၿပီး ဖက္ကာ နမ္းရႈတ္လိုက္လို႕ပါတဲ့။ အာမခံကိုေတာ့ ေပးထားျခင္းရွိေပမယ့္ အမႈကိစၥကို ဘယ္အခ်ိန္မွာ ရံုးတင္စစ္ေဆးမယ္ဆိုတာကိုေတာ့ မထုတ္ျပန္ခဲ့ပါဘူး။

Source: the Sun,CRD-Penny

UNICODE

အနောက်တိုင်းဆန်စွာ လူမြင်ကွင်းမှာလက်ထပ်ခွင့်တောင်းခဲ့လို့ အဖမ်းခံခဲ့ရတဲ့ အီရန်စုံတွဲ

ချစ်သူနှစ်ဦး ရိုမန်းတစ်ဆန်စွာ လူမြင်ကွင်းမှာ လက်ထပ်ခွင့်တောင်းခဲ့တာကြောင့် အနောက်တိုင်းအရမ်းဆန်လွန်းတယ်ဆိုပြီး နှစ်ယောက်စလုံးကို အီရန်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။အမျိုးသားဟာ သူချစ်ရတဲ့အမျိုးသမီးနဲ့တစ်သက်လုံး အတူတူနေဖို့ ခွင့်တောင်းတဲ့နေ့ရက်လေးကို ထူးထူးခြားခြားနဲ့ အမှတ်တရလေးလည်းဖြစ်အောင်ဆိုပြီး လူတွေအများကြီးရှိနေတဲ့ ဈေးဝယ်စင်တာတစ်ခုမှာ နှင်းဆီပန်းလေးတွေခြွေခင်းပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။

နှင်းဆီပန်းပွင့်ဖတ်လေးတွေကို အသည်းပုံသဏ္ဍာန်ပုံဖော်ကာ ပူဖောင်းရောင်စုံလေးတွေနဲ့ လူအများအရှေ့အမြတ်တနိုးလက်ထပ်ခွင့်တောင်းခံရတဲ့အတွက် အမျိုးသမီးဖြစ်သူမှာလည်း အရမ်းကို ပျော်ရွှင်နေပါတယ်။

နောက်မှာတော့ လက်ထပ်လက်စွတ်နဲ့ လက်ထပ်ခွင့်တောင်းလိုက်တဲ့အခါ အမျိုးသမီးဘက်မှ လက်ခံခဲ့ကာ အမျိုးသားမှ လက်စွတ်ဝတ်ပေးခဲ့ပါတယ်။ ပြီးမှာတော့ နှင်းဆီပန်းတွေဝိုင်းထားတဲ့ အသည်းပုံကွက်လပ်ထဲကို အမျိုးသမီးမှ ဝင်ကာ တစ်ဦးနှင့်တစ်ဦး ကြင်ကြင်နာနာ ဖက်လိုက်ကြပါတယ်။

ဒီစြဖ်ရပ်ကို ဘေးမှရပ်ကြည့်နေတဲ့ လူအုပ်ကြီးကလည်း အပျော်တွေကူးစက်ကာ ကြည်နူးပြီး ကြည့်နေသူကကြည့်နေ ပျော်စရာကိစ္စမို့ ဗီဒီယိုရိုက်တဲ့လူကရိုက်နဲ့ တက်တက်ကြွကြွဖြစ်နေခဲ့ပါတယ်။ ဒီဗီဒီယိုကိုတော့ Islamic Republic News Agency မှ journalist ဖြစ်သူ Sobhan Hassanvand ရဲ့ ကိုယ်ပိုင် account မှ Twitter ပေါ်တင်ထားခဲ့ရင်း လူတွေကြားထဲ ပျံ့နှံ့ခဲ့တာပါ။

သို့ပေမဲ့ သိပ်မကြာခင်မှာပဲ ဗီဒီယိုထဲက ကာယကံရှင်အမျိုးသားနဲ့ အမျိုးသမီးတို့နှစ်ဦးကို အီရန်အစိုးမှ အမျိုးသားနဲ့အမျိုးသမီးဥပဒေဆိုင်ရာနဲ့စွဲချက်တင်ကာ ဖမ်းဆီးခဲ့ပါတယ်။ ပြစ်မှုကတော့ အနောက်တိုင်းဆန်စွာ ပြုမူနေထိုင်ခြင်းနဲ့ လူအများရှေ့မှာ အသားချင်းထိပြီး ဖက်ကာ နမ်းရှုတ်လိုက်လို့ပါတဲ့။ အာမခံကိုတော့ ပေးထားခြင်းရှိပေမယ့် အမှုကိစ္စကို ဘယ်အချိန်မှာ ရုံးတင်စစ်ဆေးမယ်ဆိုတာကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။