ပံုမွာ ေတြ႔ရတဲ့ သတၱ၀ါကေတာ့ Portuguese man of war သုိ႔မဟုတ္ bluebottle လို႔ သိၾကတဲ့ ေရသတၱ၀ါတစ္မ်ိဳး ျဖစ္ပါတယ္။ Portuguese man of war ဟာ ၾကည္လင္ၿပီး ေရာင္စံုေျပးေနတဲ့ ခႏၶာကိုယ္ေၾကာင့္ မ်က္စိပသာဒျဖစ္ရေပမယ့္ ၄င္းဟာ အဆိပ္ျပင္းလြန္းတဲ့ ေရသတၱ၀ါအမ်ိဳးအစားထဲ ပါ၀င္ပါတယ္။

၄င္းမွာ ထူးျခားတဲ့ ခႏၶာကိုယ္အစိတ္အပိုင္း(၄) ပိုင္း ပါ၀င္ၿပီး ၄င္းတို႔ဟာ မတူညီတဲ့ လုပ္ေဆာင္ခ်က္ေတြကို လုပ္ၾကပါတယ္။ အေပၚဆံုးအပိုင္းျဖစ္တဲ့ Pneumatophore အပိုင္းမွာဆိုရင္ ဂက္စ္ေတြနဲ႔ ျပည့္တင္းေနတဲ့ အိတ္တစ္လံုးရွိပါတယ္။ သူ႔လုပ္ေဆာင္ခ်က္ကေတာ့ ေရေပၚမွာ ေပါေလာေပၚေစတာ ျဖစ္ပါတယ္။ ၄င္းအိတ္ဟာ man of war ကို ပင္လယ္ေရလိႈင္းေတြထဲ အလိုအေလ်ာက္ ေမ်ာလို႔ရေအာင္ လုပ္ေဆာင္ေပးၿပီး အႏၱရာယ္နဲ႔ ေတြ႔တဲ့အခါ အလိုအေလ်ာက္ ေလေလ်ာ့လိုက္တဲ့ အလုပ္ကို လုပ္ေဆာင္ပါတယ္။ ဒုတိယအပုိင္းမွာေတာ့ သားေကာင္ကို ထုိးသတ္ဖို႔နဲ႔ ကိုယ့္ကိုကိုယ္ျပန္လည္ခုခံဖို႔ အဆိပ္ေတြနဲ႔ ျပည့္ေနတဲ့ လက္ေခ်ာင္းေတြ ရွိပါတယ္။ တတိယအပိုင္းကေတာ့ အစာေျခအိတ္ပါ၀င္တဲ့အပိုင္းျဖစ္ၿပီး စတုတၳပိုင္းမွာေတာ့ မ်ိဳးပြားအဂၤါေတြ ပါ၀င္ပါတယ္။Portuguese man of war ကို ပူေႏြးတဲ့သမုဒၵရာေရျပင္ေတြမွာ ေတြ႔ႏိုင္ပါတယ္။

ေလေဖာင္းေနတဲ့ Pneumatophore ပိုင္းကို အသံုးခ်ၿပီး သမုဒၵရာထဲမွာ ရြက္လႊင့္သြားလာေလ့ ရွိပါတယ္။

သားေကာင္ကို ထုိးစိုက္ဖို႔နဲ႔ ရန္ျပဳလာတဲ့ သတၱ၀ါေတြကို တိုက္ခိုက္ဖို႔ အဆိပ္ရွိတဲ့ လက္ေခ်ာင္းေတြကို အသံုးျပဳပါတယ္။

အဆိပ္ျပင္းလြန္းတာေၾကာင့္ သူ႔ကို ကမ္းေျခမွာ ေတြ႔ရရင္ပဲ ကမ္းေျခတစ္ခုလံုးကို ပိတ္ပစ္ရတဲ့အထိ အႏ ၱရာယ္ရွိတဲ့ သတၱ၀ါျဖစ္ပါတယ္။

ေအာက္ဘက္မွာေတာ့ လွပေပမယ့္ အဆိပ္ျပင္းလြန္းတဲ့ Portuguese man of war ရဲ႕ ဗီဒီယိုဖိုင္ပါ။

CRD-လင္းလင္း (ShweMom),Ref: elitereaders

UNICODE

ကမ်းခြေတစ်ခုလုံး ပိတ်သိမ်းရတဲ့အထိ အန ္တရာယ်များလွန်းတဲ့ Portuguese man of war

ပုံမှာ တွေ့ရတဲ့ သတ္တဝါကတော့ Portuguese man of war သို့မဟုတ် bluebottle လို့ သိကြတဲ့ ရေသတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ Portuguese man of war ဟာ ကြည်လင်ပြီး ရောင်စုံပြေးနေတဲ့ ခန္ဓာကိုယ်ကြောင့် မျက်စိပသာဒဖြစ်ရပေမယ့် ၎င်းဟာ အဆိပ်ပြင်းလွန်းတဲ့ ရေသတ္တဝါအမျိုးအစားထဲ ပါဝင်ပါတယ်။

၎င်းမှာ ထူးခြားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း(၄) ပိုင်း ပါဝင်ပြီး ၎င်းတို့ဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ကြပါတယ်။ အပေါ်ဆုံးအပိုင်းဖြစ်တဲ့ Pneumatophore အပိုင်းမှာဆိုရင် ဂက်စ်တွေနဲ့ ပြည့်တင်းနေတဲ့ အိတ်တစ်လုံးရှိပါတယ်။ သူ့လုပ်ဆောင်ချက်ကတော့ ရေပေါ်မှာ ပေါလောပေါ်စေတာ ဖြစ်ပါတယ်။ ၎င်းအိတ်ဟာ man of war ကို ပင်လယ်ရေလှိုင်းတွေထဲ အလိုအလျောက် မျောလို့ရအောင် လုပ်ဆောင်ပေးပြီး အန္တရာယ်နဲ့ တွေ့တဲ့အခါ အလိုအလျောက် လေလျော့လိုက်တဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ ဒုတိယအပိုင်းမှာတော့ သားကောင်ကို ထိုးသတ်ဖို့နဲ့ ကိုယ့်ကိုကိုယ်ပြန်လည်ခုခံဖို့ အဆိပ်တွေနဲ့ ပြည့်နေတဲ့ လက်ချောင်းတွေ ရှိပါတယ်။ တတိယအပိုင်းကတော့ အစာခြေအိတ်ပါဝင်တဲ့အပိုင်းဖြစ်ပြီး စတုတ္ထပိုင်းမှာတော့ မျိုးပွားအင်္ဂါတွေ ပါဝင်ပါတယ်။

ကျောင်းဖယ်ရီကား(၄၂)စီးနဲ့ နျူဒဏ်ခံ ကတုတ်ကျင်းကြီး တည်ဆောက်ခဲ့တဲ့ အမျိုးသား

Portuguese man of war ကို ပူနွေးတဲ့သမုဒ္ဒရာရေပြင်တွေမှာ တွေ့နိုင်ပါတယ်။

လေဖောင်းနေတဲ့ Pneumatophore ပိုင်းကို အသုံးချပြီး သမုဒ္ဒရာထဲမှာ ရွက်လွှင့်သွားလာလေ့ ရှိပါတယ်။

သားကောင်ကို ထိုးစိုက်ဖို့နဲ့ ရန်ပြုလာတဲ့ သတ္တဝါတွေကို တိုက်ခိုက်ဖို့ အဆိပ်ရှိတဲ့ လက်ချောင်းတွေကို အသုံးပြုပါတယ်။

အဆိပ်ပြင်းလွန်းတာကြောင့် သူ့ကို ကမ်းခြေမှာ တွေ့ရရင်ပဲ ကမ်းခြေတစ်ခုလုံးကို ပိတ်ပစ်ရတဲ့အထိ အန ္တရာယ်ရှိတဲ့ သတ္တဝါဖြစ်ပါတယ်။

အောက်ဘက်မှာတော့ လှပပေမယ့် အဆိပ်ပြင်းလွန်းတဲ့ Portuguese man of war ရဲ့ ဗီဒီယိုဖိုင်ပါ။

CRD-လင်းလင်း (ShweMom),Ref: elitereaders