



UNICODE

လတ်တလောပရိသတ်တွေကြားမှာရေပန်းစားနေတဲ့သရုပ်ဆောင်မင်းသားချောလေးနှစ်ယောက်ကတော့မနေ့ကပွဲလေးတစ်ခုကိုအတူတူတက်ရောက်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ကတော့မိန်းကလေးပရိသတ်တွေရဲ့အည်းကျာ်မင်းသားလေးစည်သူဝင်းနဲ့မင်းသားရှင်မွေလတို့ပဲဖြစ်ကြပါတယ်။သူတို့နှစ်ယောက်ကတော့MRTV4ဇာတ်လမ်းတွဲလေးမှာပါဝင်သရုဆင်ရင်း အောင်မြင်မှုကိုယ်စီ ရရှိထားပါတယ်။

မနေ့ညနေက ကျင်းပပြုလုပ်ခဲ့တဲ့ Vivo Smart Phone ရဲ့ ဖုန်းအသစ်မိတ်ဆက်ပွဲ အခမ်းအနားကိုတော့ စည်သူဝင်းနဲ့ ရှင်မွေလတို့ကအမိုက်စားဖက်ရှင်တွေနဲ့ပွဲတက်ခဲ့ကြပါတယ်။စတိုင်အပြည့်နဲ့ပွဲတက်လာတဲ့စည်သူဝင်းနဲ့ရှင်မွေလတို့ကတော့မတူညီတဲ့ဖက်ရှင်တစ်မျိုးစီနဲ့တည်ငြိမ်ခန့်ညားနေတာတွေ့ရပါတယ်။ချောမောသန့်ပြန့်နေတဲ့စည်သူဝင်းတို့နှစ်ယောက်ရဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကတော့ နှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းစားနေတာ ဖြစ်ပါတယ် ။

စည်သူဝင်းကတော့ဆံနွယ်ရှည်လေးတွေနဲ့နိုင်ငံခြားမင်းသားတစ်ဦးလိုဆွဲငင်အားပြင်းနေသလိုရှင်မွေလကလည်းဟောလိဝုဒ်မော်ဒယ်တွေရှုံးလောက်အောင်အထာကျနေတာတွေ့ရပါတယ်။မိန်းကလေးပရိသတ်တွေရဲ့အသည်းတစ်ခုလုံးကြွေကျမြေခသွားစေမယ့်မင်းသားနှစ်ဦးရဲ့ပုံရိပ်တွေကတော့ကြည့်မိသူတိုင်းရင်ခုန်နှုန်းတွေမြန်စေမှာအမှန်ဖြစ်ပါတယ်။ကဲချစ်ပရိသတ်တွေအတွက် စည်သူဝင်းနဲ့ ရှင်မွေလတို့ရဲ့ Vivo ပွဲတက် အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Si Thu Win & Shin Mway La,CRD-Myanmarload