ေတးဆိုၿဖိဳးျပည့္စုံက ခ်မ္းေျမ့ေမာင္ခ်ိဳႏွင့္တြဲ႐ိုက္ထားသည့္ဓာတ္ပုံအား Page တစ္ခုမွ ေကာလာဟလထုတ္လႊင့္ခဲ့သည့္အေပၚကို ေတးေရး ေဝႀကီး အိမ္မွာ သီခ်င္း demo လုပ္ရင္းဆုံလို႔႐ိုက္ထားၾက တဲ့ဓာတ္ပုံပါလို႔ ေျဖရွင္းထားခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။ ေတးဆို ၿဖိဳးျပည့္စုံက ေတးေရး ေဝႀကီး အိမ္မွာ သီခ်င္း demo လုပ္ရင္းဆုံလို႔႐ိုက္ထားၾကတဲ့ဓါတ္ပုံကို ခ်မ္းေျမ့ေမာင္ခ်ိဳအားသီခ်င္းေခြထြက္ႏိုင္ဖို႔ တိုးတိုးတိတ္တိတ္ ကူညီတယ္လို႔ Myanmar Beauty Star page ကေရးသားထားတာကို ေတြ႕ရွိရပါတယ္။

“သတင္းျဖစ္ၿပီးေရာ ကြၽန္ေတာ့္ကို စြပ္စြဲ ေျပာဆိုတဲ့ အမွန္တရားမဟုတ္တဲ့ဒီလို သတင္းမ်ိဳးတင္တဲ့ Myanmar Beauty Star ကို ရႈံ႕ ခ်ပါတယ္၊ အဲဒီေန႔က ေဝႀကီး အိမ္မွာသီခ်င္း demo လုပ္ရင္းဆုံလို႔႐ိုက္ထားၾကတဲ့ဓါတ္ပုံကိုယူၿပီး ကြၽန္ေတာ္က တိုးတိုးတိတ္တိတ္ ကူညီသည္ ဆိုၿပီး မမွန္ကန္တဲ့ သတင္းကို Page like ရရွိေရး အတြက္ အသုံးခ်ပါတယ္၊ အမ်ား အထင္အျမင္လြဲ အက်ိဳးယုတ္ေစမဲ့ ဒီလိုသတင္းမွန္ မဟုတ္တဲ့အေၾကာင္းအရာေတြ ကို တင္တယ္ ဆိုတာ ကြၽန္ေတာ့္တို႔အတြက္ေရာ ျပည္သူ ပရိသတ္ေတြ အတြက္ပါ အဆိပ္တခုပါပဲ၊” လို႔ ၎ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာမွာ ေရးသားထားခဲ့တာကိုေတြ႕ရွိရပါတယ္။

ထို႔ျပင္ ေတးဆိုၿဖိဳးျပည့္စုံက ေကာလာဟလသတင္းေရးသားထားသည့္ Page ကို ဝိုင္းဝန္းတားဆီးၾကဖို႔နဲ႔ သတင္းမီဒီယာအသီးသီးမွ တာဝန္ ရွိသူ အခ်ိဳ႕ကိုလည္း အကူအညီေတာင္းထားေၾကာင္း ေတြ႕ရွိရပါတယ္။

“အခုလိုျဖစ္ရပ္မ်ိဳး အဓြန႔္မရွည္ဖို႔ ကြၽန္ေတာ္တို႔ဝိုင္းဝန္းတားဆီးဖို႔လိုပါတယ္ … ကြၽန္ေတာ္ႏွင့္ ခ်စ္ခင္ရင္းႏွီးေသာ သတင္းမီဒီယာ အသီးသီးမွ နားလည္တတ္ကြၽမ္းသူေတြကိုလည္း အကူအညီေတာင္းဆိုပါတယ္ေနာ္။ ဒါ media သိကၡာကို ႐ုပ္ဆိုးေအာင္လုပ္ေနသူမို႔ ဝိုင္းဝန္းရွံ႕ခ် ေပးေစခ်င္ပါတယ္ ခင္ဗ်” လို႔လည္း ေရးသားထားခဲ့ပါတယ္။

ေတးဆို ၿဖိဳးျပည့္စုံက လက္ရွိမွာ ၎ႏွင့္အတူ ေတးဆို ေအာင္ထက္ ႏွင့္ပူးေပါင္း၍ ၾကယ္ အမည္ရွိေသာ အေခြကို ထြက္ရွိထားၿပီး လက္ရွိတြင္ ရႈိးပြဲမ်ားကိုလည္း လက္ခံသီဆိုလ်က္ရွိေၾကာင္း သိရွိရသည္။
Credit:MyanmarNote
UNICODE
ချမ်းမြေ့မောင်ချိုကို အခွေထွက်ဖို့ တိုးတိုးတိတ်တိတ် ကူညီတယ်ဆိုတာ မဟုတ်ပါဘူးဆိုတဲ့ ဖြိုးပြည့်စုံ

တေးဆိုဖြိုးပြည့်စုံက ချမ်းမြေ့မောင်ချိုနှင့်တွဲရိုက်ထားသည့်ဓာတ်ပုံအား Page တစ်ခုမှ ကောလာဟလထုတ်လွှင့်ခဲ့သည့်အပေါ်ကို တေးရေး ဝေကြီး အိမ်မှာ သီချင်း demo လုပ်ရင်းဆုံလို့ရိုက်ထားကြ တဲ့ဓာတ်ပုံပါလို့ ဖြေရှင်းထားခဲ့ကြောင်း တွေ့ရှိရပါတယ်။ တေးဆို ဖြိုးပြည့်စုံက တေးရေး ဝေကြီး အိမ်မှာ သီချင်း demo လုပ်ရင်းဆုံလို့ရိုက်ထားကြတဲ့ဓါတ်ပုံကို ချမ်းမြေ့မောင်ချိုအားသီချင်းခွေထွက်နိုင်ဖို့ တိုးတိုးတိတ်တိတ် ကူညီတယ်လို့ Myanmar Beauty Star page ကရေးသားထားတာကို တွေ့ရှိရပါတယ်။

“သတင်းဖြစ်ပြီးရော ကျွန်တော့်ကို စွပ်စွဲ ပြောဆိုတဲ့ အမှန်တရားမဟုတ်တဲ့ဒီလို သတင်းမျိုးတင်တဲ့ Myanmar Beauty Star ကို ရှုံ့ ချပါတယ်၊ အဲဒီနေ့က ဝေကြီး အိမ်မှာသီချင်း demo လုပ်ရင်းဆုံလို့ရိုက်ထားကြတဲ့ဓါတ်ပုံကိုယူပြီး ကျွန်တော်က တိုးတိုးတိတ်တိတ် ကူညီသည် ဆိုပြီး မမှန်ကန်တဲ့ သတင်းကို Page like ရရှိရေး အတွက် အသုံးချပါတယ်၊ အများ အထင်အမြင်လွဲ အကျိုးယုတ်စေမဲ့ ဒီလိုသတင်းမှန် မဟုတ်တဲ့အကြောင်းအရာတွေ ကို တင်တယ် ဆိုတာ ကျွန်တော့်တို့အတွက်ရော ပြည်သူ ပရိသတ်တွေ အတွက်ပါ အဆိပ်တခုပါပဲ၊” လို့ ၎င်းရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားခဲ့တာကိုတွေ့ရှိရပါတယ်။

ထို့ပြင် တေးဆိုဖြိုးပြည့်စုံက ကောလာဟလသတင်းရေးသားထားသည့် Page ကို ဝိုင်းဝန်းတားဆီးကြဖို့နဲ့ သတင်းမီဒီယာအသီးသီးမှ တာဝန် ရှိသူ အချို့ကိုလည်း အကူအညီတောင်းထားကြောင်း တွေ့ရှိရပါတယ်။

“အခုလိုဖြစ်ရပ်မျိုး အဓွန့်မရှည်ဖို့ ကျွန်တော်တို့ဝိုင်းဝန်းတားဆီးဖို့လိုပါတယ် … ကျွန်တော်နှင့် ချစ်ခင်ရင်းနှီးသော သတင်းမီဒီယာ အသီးသီးမှ နားလည်တတ်ကျွမ်းသူတွေကိုလည်း အကူအညီတောင်းဆိုပါတယ်နော်။ ဒါ media သိက္ခာကို ရုပ်ဆိုးအောင်လုပ်နေသူမို့ ဝိုင်းဝန်းရှံ့ချ ပေးစေချင်ပါတယ် ခင်ဗျ” လို့လည်း ရေးသားထားခဲ့ပါတယ်။

တေးဆို ဖြိုးပြည့်စုံက လက်ရှိမှာ ၎င်းနှင့်အတူ တေးဆို အောင်ထက် နှင့်ပူးပေါင်း၍ ကြယ် အမည်ရှိသော အခွေကို ထွက်ရှိထားပြီး လက်ရှိတွင် ရှိုးပွဲများကိုလည်း လက်ခံသီဆိုလျက်ရှိကြောင်း သိရှိရသည်။
Credit:MyanmarNote