Loading...

(၁၉၁၈) ခုႏွစ္၊ ေဖေဖာ္ဝါရီ (၂၂) ရက္မွာ Robert Wadlowဆိုတဲ့ေကာင္ေလးကို က်န္းက်န္းမာမာဖြားျမင္ခဲ့ပါတယ္။ ဒီပံုမွန္ကေလးငယ္ေလးဟာ ကမာၻ႔အရပ္ရွည္ဆံုးလူသားအျဖစ္ ၾကီးထြားလာခဲ့လိမ့္မယ္လို႔ ဘယ္သူကမွ မေမွ်ာ္လင့္ခဲ့ပါဘူး။

Wadlowရဲ႕ ဒီလိုပံုမွန္မဟုတ္တဲ့ၾကီးထြားမႈဟာ ခႏၶာကိုယ္ၾကီးထြားႏွဳန္းကိုအားေပးတဲ႔ ပစ္က်ဴထရီဂလင္းေတြရဲ႕ အဆမတန္အားေကာင္းမႈေၾကာင့္ပါ။ သူဟာေမြးျပီးသိပ္မၾကာခင္မွာပဲ အံ့အားသင့္ဖြယ္ေကာင္းေလာက္ေအာင္ ၾကီးထြားလာခဲ့တာပါ။ သူ႔အသက္ (၅)ႏွစ္အရြယ္မွာပဲ သူ႔အရပ္အျမင့္ဟာ (၅)ေပ(၄)လက္မရွိေနျပီး (၁၇)ႏွစ္သားအရြယ္ဝတ္ အဝတ္အစားေတြကို ဝတ္ေနရပါျပီ။ ေနာက္(၃)ႏွစ္အၾကာမွာ သူ႔အရပ္ဟာ (၆)ေပ(၂)လက္မရွိလာျပီး အေလးခ်ိန္ကလည္း ေပါင္(၂၀၀)ထိ ရွိလာခဲ့ကာ သူ႔အေဖထက္ အရပ္ေကာ အေလးခ်ိန္ပါသာသြားခဲ့ပါျပီ။

Wadlowဟာ ပံုမွန္ကေလးငယ္တစ္ေယာက္မဟုတ္တာ ျငင္းစရာမရွိပါဘူး။ ဒါေပမဲ့ သူ႔မိဘေတြကေတာ့ သူ႔ဘဝကိုပံုမွန္ျဖစ္ေအာင္ အစြမ္းကုန္ၾကိဳးစားေပးခဲ့ၾကပါတယ္။ သူ႔အဖို႔ သီးသန္႔လိုအပ္ခ်က္ေတြမ်ားေနတာေၾကာင့္ သာမန္လႈပ္ရွားမႈေတြ၊ အခမ္းအနားေတြမွာ သူပါဝင္ဖို႔က မလြယ္ကူခဲ့ပါဘူး။ သူ႔အသက္ ၁၃ႏွစ္အရြယ္မွာ သူဟာ ကမာၻ႔အရပ္အရွည္ဆံုးလူရည္ခၽြန္ျဖစ္လာခဲ့ပါတယ္။ သူ႔အတြက္ သီးသန္႔ယူနီေဖာင္းကို ဝတ္ဆင္ရျပီးေတာ့ သူေနဖို႔ ရြက္ဖ်င္တဲေတြ၊ အိပ္ယာအိတ္ေတြကိုလည္း သူ႔အရပ္နဲ႔အဆင္ေျပေအာင္ ျပင္ဆင္ခဲ့ရပါတယ္။

သူ႔အသက္ (၁၈)ႏွစ္မွာ သူ႔အရပ္ဟာ (၈) ေပ(၄)လက္မအထိေရာက္ခဲ့ျပီး ကမာၻ႔အရပ္အရွည္ဆံုးလူသားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ သို႔ေပမဲ့လည္း သူ႔ရဲ႕ေျခေထာက္ေတြဟာ ေတြ႔ထိမႈအာရံုမခံႏိုင္ေတာ့ဘဲ အားနည္းလာတာေၾကာင့္ေျခေထာက္သိုင္းၾကိဳးတပ္ဆင္ခဲ့ရျပီး လမ္းေလွ်ာက္ရာမွာ တုတ္ေကာက္ကို အသံုးျပဳရပါတယ္။ (၁၉၄၀)ခုႏွစ္အေရာက္မွာ သူ႔ရဲ႕ေျခေထာက္မွာ အျမဲတပ္ဆင္ထားရတဲ့သိုင္းၾကိဳးဟာ သူ႔ေျခက်င္းဝတ္ကိုတစ္ခ်ိန္လံုး ပြတ္တိုက္မိေနတာေၾကာင့္ အနာျဖစ္ခဲ့ပါတယ္။ သူ႔ရဲ႕အနာဟာဆိုးရြားျပီး ပိုးဝင္ခဲ့တာေၾကာင့္ (၁၉၄၀) ခုႏွစ္ ဂ်ဴလိုင္လ (၁၅) ရက္ေန႔ သူ႔အသက္ (၂၂) အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ သူမေသခင္မွာ ဆရာဝန္ေတြက သူ႔အရပ္ကိုတိုင္းတာခဲ့ရာမွာ (၈)ေပ(၁၁)လက္မရွိခဲ့ပါတယ္။ လူထြားၾကီးေနာက္ဆံုးေျပာခဲ့တဲ့ စကားေလးကေတာ့ “ကၽြန္ေတာ္ပြဲတက္ဖို႔ကို ဆရာဝန္ေတြက အိမ္ေပးမျပန္ဘူးဗ်”။ သူ႔အဖိုးနဲ႔အဖြားရဲ႕ ေရႊရတုမဂၤလာႏွစ္ပတ္လည္ပြဲကို ရည္ညႊန္းျပီးေျပာခဲ့တာပါ။

မၾကာေသးမီကပဲ ဒီထူးျခားတဲ့လူသားရဲ႕ အံ့အားသင့္ဖြယ္ဗီဒီယိုဖိုင္ ေပၚထြက္လာခဲ့ပါတယ္။

CRD_Sam

UNICODE

ကြေကွဲဖွယ်ဖြစ်ရပ်နဲ့ သေဆုံးခဲ့ရတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးလူသားရဲ့ ရှားပါး ဗွီဒီယိုဖိုင်

(၁၉၁၈) ခုနှစ်၊ ဖေဖော်ဝါရီ (၂၂) ရက်မှာ Robert Wadlowဆိုတဲ့ကောင်လေးကို ကျန်းကျန်းမာမာဖွားမြင်ခဲ့ပါတယ်။ ဒီပုံမှန်ကလေးငယ်လေးဟာ ကမ္ဘာ့အရပ်ရှည်ဆုံးလူသားအဖြစ် ကြီးထွားလာခဲ့လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ပါဘူး။

Wadlowရဲ့ ဒီလိုပုံမှန်မဟုတ်တဲ့ကြီးထွားမှုဟာ ခန္ဓာကိုယ်ကြီးထွားနှုန်းကိုအားပေးတဲ့ ပစ်ကျူထရီဂလင်းတွေရဲ့ အဆမတန်အားကောင်းမှုကြောင့်ပါ။ သူဟာမွေးပြီးသိပ်မကြာခင်မှာပဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြီးထွားလာခဲ့တာပါ။ သူ့အသက် (၅)နှစ်အရွယ်မှာပဲ သူ့အရပ်အမြင့်ဟာ (၅)ပေ(၄)လက်မရှိနေပြီး (၁၇)နှစ်သားအရွယ်ဝတ် အဝတ်အစားတွေကို ဝတ်နေရပါပြီ။ နောက်(၃)နှစ်အကြာမှာ သူ့အရပ်ဟာ (၆)ပေ(၂)လက်မရှိလာပြီး အလေးချိန်ကလည်း ပေါင်(၂၀၀)ထိ ရှိလာခဲ့ကာ သူ့အဖေထက် အရပ်ကော အလေးချိန်ပါသာသွားခဲ့ပါပြီ။

Wadlowဟာ ပုံမှန်ကလေးငယ်တစ်ယောက်မဟုတ်တာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ သူ့မိဘတွေကတော့ သူ့ဘဝကိုပုံမှန်ဖြစ်အောင် အစွမ်းကုန်ကြိုးစားပေးခဲ့ကြပါတယ်။ သူ့အဖို့ သီးသန့်လိုအပ်ချက်တွေများနေတာကြောင့် သာမန်လှုပ်ရှားမှုတွေ၊ အခမ်းအနားတွေမှာ သူပါဝင်ဖို့က မလွယ်ကူခဲ့ပါဘူး။ သူ့အသက် ၁၃နှစ်အရွယ်မှာ သူဟာ ကမ္ဘာ့အရပ်အရှည်ဆုံးလူရည်ချွန်ဖြစ်လာခဲ့ပါတယ်။ သူ့အတွက် သီးသန့်ယူနီဖောင်းကို ဝတ်ဆင်ရပြီးတော့ သူနေဖို့ ရွက်ဖျင်တဲတွေ၊ အိပ်ယာအိတ်တွေကိုလည်း သူ့အရပ်နဲ့အဆင်ပြေအောင် ပြင်ဆင်ခဲ့ရပါတယ်။

သူ့အသက် (၁၈)နှစ်မှာ သူ့အရပ်ဟာ (၈) ပေ(၄)လက်မအထိရောက်ခဲ့ပြီး ကမ္ဘာ့အရပ်အရှည်ဆုံးလူသားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း သူ့ရဲ့ခြေထောက်တွေဟာ တွေ့ထိမှုအာရုံမခံနိုင်တော့ဘဲ အားနည်းလာတာကြောင့်ခြေထောက်သိုင်းကြိုးတပ်ဆင်ခဲ့ရပြီး လမ်းလျှောက်ရာမှာ တုတ်ကောက်ကို အသုံးပြုရပါတယ်။ (၁၉၄၀)ခုနှစ်အရောက်မှာ သူ့ရဲ့ခြေထောက်မှာ အမြဲတပ်ဆင်ထားရတဲ့သိုင်းကြိုးဟာ သူ့ခြေကျင်းဝတ်ကိုတစ်ချိန်လုံး ပွတ်တိုက်မိနေတာကြောင့် အနာဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အနာဟာဆိုးရွားပြီး ပိုးဝင်ခဲ့တာကြောင့် (၁၉၄၀) ခုနှစ် ဂျူလိုင်လ (၁၅) ရက်နေ့ သူ့အသက် (၂၂) အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူမသေခင်မှာ ဆရာဝန်တွေက သူ့အရပ်ကိုတိုင်းတာခဲ့ရာမှာ (၈)ပေ(၁၁)လက်မရှိခဲ့ပါတယ်။ လူထွားကြီးနောက်ဆုံးပြောခဲ့တဲ့ စကားလေးကတော့ “ကျွန်တော်ပွဲတက်ဖို့ကို ဆရာဝန်တွေက အိမ်ပေးမပြန်ဘူးဗျ”။ သူ့အဖိုးနဲ့အဖွားရဲ့ ရွှေရတုမင်္ဂလာနှစ်ပတ်လည်ပွဲကို ရည်ညွှန်းပြီးပြောခဲ့တာပါ။

မကြာသေးမီကပဲ ဒီထူးခြားတဲ့လူသားရဲ့ အံ့အားသင့်ဖွယ်ဗီဒီယိုဖိုင် ပေါ်ထွက်လာခဲ့ပါတယ်။

Sam