



CRD-Momolay

UNICODE

နာမည်ကြီး စာရေးဆရာမကြီးဖြစ်တဲ့ စာရေးဆရာမ ဂျူးရဲ့နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့”လရဲ့အောက်ဘက်မိုင်အဝေးမှာ” စာအုပ်ကိုဂျူးပရိသတ်တိုင်းဖတ်ဖူးပြီးသားဖြစ်မှာပါ။စာရေးဆရာမကြီးဂျူးရဲ့”လရဲ့အောက်ဘက်မိုင်အဝေးမှာ”ဝတ္ထုကိုမကြာခင်မှာပဲ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် အသက်သွင်း ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။

“လရဲ့အောက်ဘက်မိုင်အဝေးမှာ”ရုပ်ရှင်ဇာတ်ကားကြီးကိုဒါရိုက်တာထူးပိုင်ဇော်ဦးကရိုက်ကူးမှာဖြစ်ပြီးအလင်းသစ်မဂ္ဂဇင်းအယ်ဒီတာ၊ဆယ်ကျော်သက်အရွယ်သား၂ယောက်ကိုsinglemotherအနေနဲပြုစုပျိုးထောင်နေတဲ့ထက်မြက်သောမိခင် ဒေါ်ခင်သန့်စင် အဖြစ် အိန္ဒြာကျော်ဇင်၊ နေရောင်ခန့် ဇာတ်ကောင်အဖြစ် ဒေါင်း တို့ကပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

အဓိကဇာတ်ဆောင် ဒေါ်ခင်သန့်စင်ရဲ့ သားနှစ်ယောက်ထဲက သိဒ္ဓိ နှင့် ဒီပါ ညီအကိုနှစ်ယောက်အနက်မှာတော့ ဒီပါအဖြစ်အကယ်ဒမီမင်းသမီးကြီးချိုပြုံးရဲ့မြေးလေးဝင်းခန့်မိုးကပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ဝင်းခန့်မိုးကအနုပညာလှုပ်ရှားမှုတွေများစွာလုပ်ဖူးပေမယ့် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှာတော့ ဒါက ပထမဆုံး ဖြစ်ပါတယ်။

ပရိသတ်ကြီးလဲအန်တီချိုပြုံးရဲ့မြေးလေးဝင်းခန့်မိုးတစ်ယောက်လရဲ့အောက်ဘက်မိုင်အဝေးမှာရုပ်ရှင်ဇာတ်ကားကြီးမှာဘယ်လိုတွေသရုပ်ဆောင်မလဲဆိုတာစိတ်လှုပ်ရှားစွာစောင့်ကြည့်ရမှာပါနော်။ဝင်းခန့်မိုးကိုအားပေးမယ်ဆိုရင်ဒီပိုစ့်လေးကိုLike & Share လုပ်ဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။