Loading...




Source: Shwe Mhone Yati,CRD-Myanmarload

UNICODE

အဆိုတော်ရွှေထူးနဲ့သရုပ်ဆောင်မင်းသမီးလေးရွှေမှုန်ရတီတို့ဇနီးမောင်နှံကတော့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာတောင်တစ်ယောက်ကိုတစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်လောက်အောင်အချစ်ပိုနေကြဆဲဖြစ်ပါတယ်။စနောက်လိုက်စိတ်ကောက်လိုက်နဲ့အရမ်းပျော်ရွှင်စရာကောင်းတဲ့ရွှေရွှေတို့ဇနီးမောင်နှံရဲ့အိမ်ထောင်သည်ဘဝလေးကတော့ပရိသတ်တွေကတောင် အားမကျဘဲမနေနိုင်လောက်အောင် ကြည်နူးဖို့ကောင်းတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ရွှေရွှေတို့ဇနီးမောင်နှံကပျော်ရွှင်စရာကောင်းတဲ့အပန်းဖြေခရီးစဉ်လေးတစ်ခုကိုရောက်ရှိနေကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ရွှေထူးကဇနီးလေးရွှေမှုန်တစ်ယောက်နေမကောင်းဖြစ်နေတာကြောင့် Shopping ထွက်ပြီး ရွှေမှုန်လေးကို ပျော်ရွှင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ ရွှေရွှေတို့စုံတွဲက အရမ်းကိုသာယာလှပတဲ့ နေရာလေးတစ်ခုကို ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

အခုလည်းရွှေမှုန်ကMyStoryမှာစားကောင်းသောက်ဖွယ်တွေစုံစုံလင်လင်နဲ့စိတ်ကြိုက်အပန်းဖြေအနားယူနေတဲ့သူမတို့စုံတွဲရဲ့ဗီဒီယိုဖိုင်လေးကိုတင်ထားပါတယ်။ဒါ့အပြင်ရွှေမှုန်ကစကားဝါလေးကိုပန်ထားတဲ့ရွှေထူးကိုလည်းချစ်စရာလေးဆိုပြီးစနောက်နေတာတွေ့ရပါတယ်။ကဲချစ်ပရိသတ်တွေအတွက်အရမ်းကိုအားကျချင်စရာကောင်းတဲ့ရွှေထူးနဲ့ရွှေမှုန်ရတီတို့စုံတွဲရဲ့ ခရီးသွားဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။