Loading...

ခ်စ္ရသူက ကိုယ့္အျပင္ တျခားတစ္ေယာက္ရွိေနတယ္ဆိုတာသာ သိသြားခဲ့ရင္ အနည္းနဲ႕အမ်ားနဲ႕ေတာ့ ေၾကကြဲရမွာပါပဲ။ ေဖာက္ျပန္တဲ့လူက ေယာက္်ား်ခ်င္းျဖစ္ေနခဲ့မယ္ဆိုရင္ေရာ…?ဘယ္လိုပဲျဖစ္ျဖစ္ ခ်စ္သူေဖာက္ျပန္ၿပီဆိုတာနဲ႕ လမ္းခြဲျပတ္စဲဖို႕ အေၾကာင္းတရားက ပိုမ်ားေနပါတယ္။ ဒါေပမယ့္ ဖိလစ္ပိုင္ႏို္င္ငံက Angelica Mabuhay ရဲ႕ အျဖစ္ကေတာ့ လူတိုင္းမထင္မွတ္ထားစရာ အခ်စ္ဇာတ္လမ္းျဖစ္သြားခဲ့ပါတယ္။

Angelica ဟာ Justin ဆိုသူအ မ်ိဳးသားနဲ႕ ၂၀၁၅ ခုႏွစ္မွာ ေတြ႕ဆံုခဲ့ပါတယ္။ ႏွစ္ေယာက္စလံုး ေတြ႕ေတြ႕ခ်င္းမွာပဲ မထင္မွတ္ထားေလာက္ေအာင္ ရင္းႏွီးသြားခဲ့ၾကပါတယ္။ ဒါေၾကာင့္ အသိမိတ္ေဆြျဖစ္ၿပီး တစ္လေတာင္ မၾကာေသးဘဲ သိပ္ခ်စ္တဲ့ ခ်စ္သူေတြျဖစ္သြားခဲ့ၾကပါတယ္။ ႏွစ္ဦးစလံုးက ဖိလစ္ပိုင္ႏုိ္င္ငံ၊ San Jose မွာ ေနထုိင္ၾကတာပါ။

စစခ်င္းတုန္းကေတာ့ Angelica နဲ႔ Justin တို႕အတြက္ သိပ္ကိုသာယာၿပီး ၾကည္ႏူးဖို႕ေကာင္းတဲ့ အခ်စ္ခရီးလမ္းကေလးျဖစ္ခဲ့ပါတယ္။ တစ္ဦးနဲ႕တစ္ဦး ဂရုတစိုက္နဲ႕ ရွိေနခဲ့ၾကပါတယ္။ ဒါေပမယ့္ လအနည္းငယ္အၾကာမွာေတာ့ Justin ဖက္မွ သူမအေပၚ ဆက္ဆံတဲ့ပံုစံအခ်ိဳ႕ေျပာင္းလဲလာတာကို စၿပီး သတိထားမိခဲ့ပါတယ္။

အျခားတစ္ေယာက္ရွိေနလားဆိုၿပီး သံသယဝင္ခဲ့ေပမယ့္ အေရွ႕လေတြမွာ သူမအေပၚ ဂရုတစိုက္ခ်စ္ေပးခဲ့တာေၾကာင့္ မဟုတ္ေလာက္ဘူးလို႕ပဲ စိတ္ျပန္ေျဖခဲ့ပါတယ္။ သို႕ေပမယ့္လည္း သူမနဲဲ႕အတူရွိေနတုန္း ဖုန္းနဲ႕ message ပို႕ရင္း ျပံဳးသြားတဲ့အျပံဳးေၾကာင့္ပဲ Justin ဆီမွာ ေနာက္တစ္ေယာက္ရွိေနၿပီဆိုတာကို သိခဲ့ရပါတယ္။ ဒီလိုနဲ႕ သူမနည္းသူမဟန္နဲ႕ Justin ေဖာက္ျပန္ေနတာ ဟုတ္မဟုတ္ တိတ္တဆိတ္စံုစမ္းခဲ့ပါတယ္။ ေနာက္ဆံုးမွာ သိလိုက္ရတာက Justin ဆီမွာ တကယ္ပဲခ်စ္သူ ရွိေနတာပါ။ အဲဒီ္ခ်စ္သူကလည္း လိင္တူခ်စ္သူျဖစ္လို႕ေနပါတယ္။

Angelica ဟာ မိမိနဲ႕ တြဲေနတဲ့ ခ်စ္သူအမ်ိဳးသားက မိန္းမလွ်ာတစ္ေယာက္နဲ႕ ေဖာက္ျပန္ေနတဲ့အေပၚ သိပ္ကိုထိတ္လန္႕သြားခဲ့ပါတယ္။ ဒါေၾကာင့္ Justin နဲ႕ တြဲပုန္းခုတ္ေနခဲ့တဲ့ မိန္းမလွ်ာျဖစ္သူ Jeffrey Urieta နဲ႕ ဆက္သြယ္ဖို႕ ႀကိဳးစားခဲ့ပါတယ္။ Angelica မွ Jeffery ဆီကို Justin နဲ႔ ခ်စ္သူေတြျဖစ္ေၾကာင္း၊ ေဖာက္ျပန္ေနတာကို သိေၾကာင္းနဲ႕၊ ေရွ႕ဆက္မတိုးဖို႕ကို message ပို႕ကာ ယဥ္ယဥ္ေက်းေက်းပဲေျပာခဲ့ပါတယ္။

Jeffery ဟ Angelica ကို သနားသြားကာ Justin န႔ဲ မပတ္သက္ေတာ့ပါဘူး။ ဒီအျပင္ Angelica နဲ႔ ေတာင္မွ သူငယ္ခ်င္းေတြျဖစ္သြားခဲ့ပါတယ္။ Angelica ဟာလည္း သိပ္မၾကာခင္မွာပဲ Justin နဲ႔ လမ္းခြဲခဲ့ပါတယ္။ လမ္းခြဲၿပီးသည့္တိုင္ေအာင္ Jeffery နဲ႕ Angelica တို႕ကေတာ့ အရင္းႏွီးဆံုးမိတ္ေဆြေတြအျဖစ္ ရွိေနခဲ့ၾကပါတယ္။

သိၾကတဲ့အတုိင္း မိန္းကေလးတစ္ေယာက္နဲ႕ မိန္းမလွ်ာနဲ႕သူငယ္ခ်င္းျဖစ္ၿပီဆုိိတာနဲ႕ သာမန္မိန္းကေလးသူငယ္ခ်င္းအခ်င္းခ်င္းထက္ေတာင္ ပိုၿပီး ရင္းႏွီးသြားတတ္ၾကပါတယ္။ Angelica နဲ႔ Jeffery တို႕ ႏွစ္ေယာက္ဟာလည္း အတုိင္းမသိခင္မင္သြားၿပီး အရမ္းရင္းႏွီးသြားခဲ့ပါတယ္။ ဒါေပမယ့္ ခင္မင္မႈစည္းကို Angelica ကပဲ စတင္ဖ်က္ကာ အေရာင္ဆိုးခဲ့ပါတယ္။အေနနီးသြားတာေၾကာင့္ Angelica ဟာ မိန္းမလွ်ာတစ္ဦးျဖစ္တဲ့ Jeffery ကို တိတ္တခိုးခ်စ္မိသြားခဲ့ပါတယ္။ ပြင့္ပြင့္လင္းလင္းပဲ သူမခံစားေနရတဲ့ အခ်စ္စိတ္ေတြအေၾကာင္း Jeffery ကို ဖြင့္ေျပာခဲ့ပါတယ္။

ေနာက္ဆံုးမွာေတာ့ Jeffery ဆီကေနၿပီး “yes” ဆိုတဲ့ မီးစိမ္းေလးကို ရရွိခဲ့ပါတယ္။ သို႕ေပမယ့္ အခ်စ္စစ္တို႔ရဲ႕လမ္းမည္သည္ ဘယ္ေတာ့မွ သာယာေျဖာင့္ျဖဴးတယ္လို႕ မရွိခဲ့ပါဘူး။ သူတို႕ႏွစ္ေယာက္ရဲ႕ဘဝထဲ Justin ဆိုတဲ့ အရႈပ္ထုပ္ကထပ္မံေရာက္ရွိလို႕လာျပန္ပါတယ္။ Justin ဟာ Jeffery ကို ျပန္ဆက္သြယ္ခဲ့ကာ Angelica မသိေအာင္ ထပ္ၿပီးတြဲပုန္းခုတ္ခဲ့ၾကပါတယ္။

ေနာက္ပိုင္းမွာေတာ့ Angelica သိသြားခဲ့ၿပီး Jeffery ကို သူမနဲ႕ Justin နဲ႕ ႏွစ္ေယာက္ထဲက တစ္ေယာက္ကို ေရြးခိုင္းခဲ့ပါတယ္။ Jeffery ရဲ႕ ဆံုးျဖတ္ခ်က္ကေတာ့ Angelica ပါ။အခုအခ်ိန္မွာေတာ့ ႏွစ္ေယာက္သားဟာ မိဘတာဝန္ေက်ပြန္တဲ့ မိဘႏွစ္ဦးျဖစ္ေနပါၿပီ။ ငယ္စဥ္က ရႈပ္ခဲ့သမွ် ကိစၥေတြအားလံုးကို ေက်ာခိုင္းကာ လက္ထပ္ၿပီး ေအးခ်မ္းတဲ့ မိသားစုဘဝေလးကို တည္ေထာင္ေနပါၿပီ။ Jeffery တစ္ေယာက္ဟာ သူ႕ဇနီး Angelica အတြက္ဆိုရင္ မားမားမတ္မတ္ရပ္တည္ေပးမယ့္ ခင္ပြန္းတစ္ေယာက္၊ ကေလးအတြက္ကေတာ့ ဖခင္ေကာင္းတစ္ေယာက္အျဖစ္ ရွိေပးေပမယ့္ က်န္တဲ့အခ်ိန္မ်ားမွာေတာ့ မိတ္ကပ္ႀကိဳက္တဲ့ မိန္းမလွ်ာတစ္ေယာက္ ျဖစ္ေနဆဲပါပဲ။

Source: Elite Readers,CRD-Penny

UNICODE

ချစ်ရသူက ကိုယ့်အပြင် တခြားတစ်ယောက်ရှိနေတယ်ဆိုတာသာ သိသွားခဲ့ရင် အနည်းနဲ့အများနဲ့တော့ ကြေကွဲရမှာပါပဲ။ ဖောက်ပြန်တဲ့လူက ယောက်ျားျချင်းဖြစ်နေခဲ့မယ်ဆိုရင်ရော…?ဘယ်လိုပဲဖြစ်ဖြစ် ချစ်သူဖောက်ပြန်ပြီဆိုတာနဲ့ လမ်းခွဲပြတ်စဲဖို့ အကြောင်းတရားက ပိုများနေပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံက Angelica Mabuhay ရဲ့ အဖြစ်ကတော့ လူတိုင်းမထင်မှတ်ထားစရာ အချစ်ဇာတ်လမ်းဖြစ်သွားခဲ့ပါတယ်။

Angelica ဟာ Justin ဆိုသူအ မျိုးသားနဲ့ ၂၀၁၅ ခုနှစ်မှာ တွေ့ဆုံခဲ့ပါတယ်။ နှစ်ယောက်စလုံး တွေ့တွေ့ချင်းမှာပဲ မထင်မှတ်ထားလောက်အောင် ရင်းနှီးသွားခဲ့ကြပါတယ်။ ဒါကြောင့် အသိမိတ်ဆွေဖြစ်ပြီး တစ်လတောင် မကြာသေးဘဲ သိပ်ချစ်တဲ့ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ နှစ်ဦးစလုံးက ဖိလစ်ပိုင်နိုင်ငံ၊ San Jose မှာ နေထိုင်ကြတာပါ။

စစချင်းတုန်းကတော့ Angelica နဲ့ Justin တို့အတွက် သိပ်ကိုသာယာပြီး ကြည်နူးဖို့ကောင်းတဲ့ အချစ်ခရီးလမ်းကလေးဖြစ်ခဲ့ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဂရုတစိုက်နဲ့ ရှိနေခဲ့ကြပါတယ်။ ဒါပေမယ့် လအနည်းငယ်အကြာမှာတော့ Justin ဖက်မှ သူမအပေါ် ဆက်ဆံတဲ့ပုံစံအချို့ပြောင်းလဲလာတာကို စပြီး သတိထားမိခဲ့ပါတယ်။

အခြားတစ်ယောက်ရှိနေလားဆိုပြီး သံသယဝင်ခဲ့ပေမယ့် အရှေ့လတွေမှာ သူမအပေါ် ဂရုတစိုက်ချစ်ပေးခဲ့တာကြောင့် မဟုတ်လောက်ဘူးလို့ပဲ စိတ်ပြန်ဖြေခဲ့ပါတယ်။ သို့ပေမယ့်လည်း သူမနဲ့အတူရှိနေတုန်း ဖုန်းနဲ့ message ပို့ရင်း ပြုံးသွားတဲ့အပြုံးကြောင့်ပဲ Justin ဆီမှာ နောက်တစ်ယောက်ရှိနေပြီဆိုတာကို သိခဲ့ရပါတယ်။ ဒီလိုနဲ့ သူမနည်းသူမဟန်နဲ့ Justin ဖောက်ပြန်နေတာ ဟုတ်မဟုတ် တိတ်တဆိတ်စုံစမ်းခဲ့ပါတယ်။ နောက်ဆုံးမှာ သိလိုက်ရတာက Justin ဆီမှာ တကယ်ပဲချစ်သူ ရှိနေတာပါ။ အဲဒီ်ချစ်သူကလည်း လိင်တူချစ်သူဖြစ်လို့နေပါတယ်။

Angelica ဟာ မိမိနဲ့ တွဲနေတဲ့ ချစ်သူအမျိုးသားက မိန်းမလျှာတစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့အပေါ် သိပ်ကိုထိတ်လန့်သွားခဲ့ပါတယ်။ ဒါကြောင့် Justin နဲ့ တွဲပုန်းခုတ်နေခဲ့တဲ့ မိန်းမလျှာဖြစ်သူ Jeffrey Urieta နဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ Angelica မှ Jeffery ဆီကို Justin နဲ့ ချစ်သူတွေဖြစ်ကြောင်း၊ ဖောက်ပြန်နေတာကို သိကြောင်းနဲ့၊ ရှေ့ဆက်မတိုးဖို့ကို message ပို့ကာ ယဉ်ယဉ်ကျေးကျေးပဲပြောခဲ့ပါတယ်။

Jeffery ဟ Angelica ကို သနားသွားကာ Justin နဲ့ မပတ်သက်တော့ပါဘူး။ ဒီအပြင် Angelica နဲ့ တောင်မှ သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ Angelica ဟာလည်း သိပ်မကြာခင်မှာပဲ Justin နဲ့ လမ်းခွဲခဲ့ပါတယ်။ လမ်းခွဲပြီးသည့်တိုင်အောင် Jeffery နဲ့ Angelica တို့ကတော့ အရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ် ရှိနေခဲ့ကြပါတယ်။

သိကြတဲ့အတိုင်း မိန်းကလေးတစ်ယောက်နဲ့ မိန်းမလျှာနဲ့သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့ သာမန်မိန်းကလေးသူငယ်ချင်းအချင်းချင်းထက်တောင် ပိုပြီး ရင်းနှီးသွားတတ်ကြပါတယ်။ Angelica နဲ့ Jeffery တို့ နှစ်ယောက်ဟာလည်း အတိုင်းမသိခင်မင်သွားပြီး အရမ်းရင်းနှီးသွားခဲ့ပါတယ်။ ဒါပေမယ့် ခင်မင်မှုစည်းကို Angelica ကပဲ စတင်ဖျက်ကာ အရောင်ဆိုးခဲ့ပါတယ်။အနေနီးသွားတာကြောင့် Angelica ဟာ မိန်းမလျှာတစ်ဦးဖြစ်တဲ့ Jeffery ကို တိတ်တခိုးချစ်မိသွားခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပဲ သူမခံစားနေရတဲ့ အချစ်စိတ်တွေအကြောင်း Jeffery ကို ဖွင့်ပြောခဲ့ပါတယ်။

နောက်ဆုံးမှာတော့ Jeffery ဆီကနေပြီး “yes” ဆိုတဲ့ မီးစိမ်းလေးကို ရရှိခဲ့ပါတယ်။ သို့ပေမယ့် အချစ်စစ်တို့ရဲ့လမ်းမည်သည် ဘယ်တော့မှ သာယာဖြောင့်ဖြူးတယ်လို့ မရှိခဲ့ပါဘူး။ သူတို့နှစ်ယောက်ရဲ့ဘဝထဲ Justin ဆိုတဲ့ အရှုပ်ထုပ်ကထပ်မံရောက်ရှိလို့လာပြန်ပါတယ်။ Justin ဟာ Jeffery ကို ပြန်ဆက်သွယ်ခဲ့ကာ Angelica မသိအောင် ထပ်ပြီးတွဲပုန်းခုတ်ခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ Angelica သိသွားခဲ့ပြီး Jeffery ကို သူမနဲ့ Justin နဲ့ နှစ်ယောက်ထဲက တစ်ယောက်ကို ရွေးခိုင်းခဲ့ပါတယ်။ Jeffery ရဲ့ ဆုံးဖြတ်ချက်ကတော့ Angelica ပါ။အခုအချိန်မှာတော့ နှစ်ယောက်သားဟာ မိဘတာဝန်ကျေပွန်တဲ့ မိဘနှစ်ဦးဖြစ်နေပါပြီ။ ငယ်စဉ်က ရှုပ်ခဲ့သမျှ ကိစ္စတွေအားလုံးကို ကျောခိုင်းကာ လက်ထပ်ပြီး အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ထောင်နေပါပြီ။ Jeffery တစ်ယောက်ဟာ သူ့ဇနီး Angelica အတွက်ဆိုရင် မားမားမတ်မတ်ရပ်တည်ပေးမယ့် ခင်ပွန်းတစ်ယောက်၊ ကလေးအတွက်ကတော့ ဖခင်ကောင်းတစ်ယောက်အဖြစ် ရှိပေးပေမယ့် ကျန်တဲ့အချိန်များမှာတော့ မိတ်ကပ်ကြိုက်တဲ့ မိန်းမလျှာတစ်ယောက် ဖြစ်နေဆဲပါပဲ။