ဘာသာေရးပြဲေတာ္တစ္ခုမွာ ပူေဖာင္းဒါဇင္ေပါင္းမ်ားစြာဟာ ရုတ္ခ်ည္းထေပါက္ခဲ့တာေၾကာင့္ လူ(၄) ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရပါတယ္။ ထူးျခားတဲ့ ၄င္းေပါက္ကြဲမႈဟာ အိႏိၵယႏိုင္ငံ ကာနာတကျပည္နယ္ စူတာရုေက်းရြာမွာ ျဖစ္ပြားခဲ့တာပါ။

ပြဲေတာ္ဟာ ထိုေဒသမွာေတာ့ ထင္ရွားတဲ့ ဘာသာေရးပြဲေတာ္တစ္ခုျဖစ္ၿပီး အိႏိၵယေတာင္ပိုင္းက ၾသဇာတိကၠမၾကီးမားတဲ့ ဘုန္းၾကီးေက်ာင္းတစ္ခုကေန ၾကီးမႈးက်င္းပတာ ျဖစ္ပါတယ္။ ဘုန္းၾကီးေက်ာင္းရဲ႕ ေက်ာင္းထိုင္ဆရာေတာ္ကေတာ့ ဆရီဒက္ရွ္ရွီကန္ဒရာဆြာမိၾကီး ျဖစ္ပါတယ္။ ဆြာမိၾကီးဟာ ပြဲေတာ္တြင္း က်င္းပမယ့္ နပန္းၿပိဳင္ပြဲတစ္ခုကို စတင္ဖြင့္လွစ္ဖို႔ အလံကို ကိုင္ေျမွာက္ၿပီး အခ်က္ျပမွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ေနာက္မွာေတာ့ ေနာက္လိုက္ေနာက္ပါဒကာေတြက မိုးပ်ံပူေဖာင္းေတြကို ကိုင္ထားပါတယ္။ ဆြာမၾကီးက အလံေျမွာက္ၿပီး အခ်က္ျပတာနဲ႔ သူတို႔က ပူေဖာင္းေတြကို လႊတ္တင္လိုက္ဖို႔ပါ။

ဒါေပမယ့္ အစီအစဥ္က ထင္တဲ့အတိုင္း ျဖစ္မလာပါဘူး။ ကံဆိုးခ်င္ေတာ့ ပူေဖာင္းေတြဟာ ပြဲေတာ္ထဲမွာပဲ ထားထားတဲ့ မီးတိုင္တစ္ခုကေန မီးစြဲၿပီး အားလံုးထေပါက္ကုန္ၾကပါတယ္။ မိုးပ်ံပူေဖာင္းေပါက္ကြဲမႈမွာ ဆြာမိၾကီးအပါအ၀င္ လူေလးဦး ထိခိုက္ဒဏ္ရာအနည္းစီ ရရွိခဲ့ၾကပါတယ္။

ဆြာမိၾကီးက “ကိုယ္ေတာ္က နဖူးမွာ နည္းနည္း ေလာင္သြားတယ္။ ကံေကာင္းလို႔ ဘယ္သူမွ ျပင္းျပင္ထန္ထန္ ဒဏ္ရာမရၾကတာ။ ၿပီးေတာ့လည္း ပြဲေတာ္ကို စီစဥ္ထားတဲ့အတိုင္း ဆက္က်င္းပခဲ့တယ္….” လို႔ ေျပာျပခဲ့ပါတယ္။

CRD-လင္းလင္း (ShweMom)

UNICODE

ဘာသာရေးပွဲတော်တစ်ခုမှာ ပူဖောင်းဒါဇင်ပေါင်းများစွာဟာ ရုတ်ချည်းထပေါက်ခဲ့တာကြောင့် လူ(၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ထူးခြားတဲ့ ၎င်းပေါက်ကွဲမှုဟာ အိန္ဒိယနိုင်ငံ ကာနာတကပြည်နယ် စူတာရုကျေးရွာမှာ ဖြစ်ပွားခဲ့တာပါ။

ပွဲတော်ဟာ ထိုဒေသမှာတော့ ထင်ရှားတဲ့ ဘာသာရေးပွဲတော်တစ်ခုဖြစ်ပြီး အိန္ဒိယတောင်ပိုင်းက သြဇာတိက္ကမကြီးမားတဲ့ ဘုန်းကြီးကျောင်းတစ်ခုကနေ ကြီးမှုးကျင်းပတာ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်ကတော့ ဆရီဒက်ရှ်ရှီကန်ဒရာဆွာမိကြီး ဖြစ်ပါတယ်။ ဆွာမိကြီးဟာ ပွဲတော်တွင်း ကျင်းပမယ့် နပန်းပြိုင်ပွဲတစ်ခုကို စတင်ဖွင့်လှစ်ဖို့ အလံကို ကိုင်မြှောက်ပြီး အချက်ပြမှာ ဖြစ်ပါတယ်။ သူ့ရဲ့ နောက်မှာတော့ နောက်လိုက်နောက်ပါဒကာတွေက မိုးပျံပူဖောင်းတွေကို ကိုင်ထားပါတယ်။ ဆွာမကြီးက အလံမြှောက်ပြီး အချက်ပြတာနဲ့ သူတို့က ပူဖောင်းတွေကို လွှတ်တင်လိုက်ဖို့ပါ။

ဒါပေမယ့် အစီအစဉ်က ထင်တဲ့အတိုင်း ဖြစ်မလာပါဘူး။ ကံဆိုးချင်တော့ ပူဖောင်းတွေဟာ ပွဲတော်ထဲမှာပဲ ထားထားတဲ့ မီးတိုင်တစ်ခုကနေ မီးစွဲပြီး အားလုံးထပေါက်ကုန်ကြပါတယ်။ မိုးပျံပူဖောင်းပေါက်ကွဲမှုမှာ ဆွာမိကြီးအပါအဝင် လူလေးဦး ထိခိုက်ဒဏ်ရာအနည်းစီ ရရှိခဲ့ကြပါတယ်။ ဆွာမိကြီးက “ကိုယ်တော်က နဖူးမှာ နည်းနည်း လောင်သွားတယ်။ ကံကောင်းလို့ ဘယ်သူမှ ပြင်းပြင်ထန်ထန် ဒဏ်ရာမရကြတာ။ ပြီးတော့လည်း ပွဲတော်ကို စီစဉ်ထားတဲ့အတိုင်း ဆက်ကျင်းပခဲ့တယ်….” လို့ ပြောပြခဲ့ပါတယ်။