သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေဇရဲထက္ကေတာ့ သ႐ုပ္ေဆာင္ေကာင္းၿပီး ကိုရီးယားမင္းသားတစ္ဦးလို ေခ်ာေမာခန႔္ညားတဲ့ ႐ုပ္ရည္ကိုပိုင္ဆိုင္ထားတာေၾကာင့္သူ႔ကိုအားေပးၾကတဲ့ပရိသတ္ေတြကဝိုင္းဝိုင္းလည္ေနၾကတာျဖစ္ပါတယ္။သူရဲ႕ပရိသတ္ေတြထဲမွာေတာ့ ေဇရဲထက္ကို အမာခံအားေပးကာ စြဲလန္းေနတဲ့ စိတ္ေဝဒနာရွင္ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္လည္း ပါဝင္တာျဖစ္ပါတယ္။ထိုေကာင္မေလးကေတာ့ေဇရဲထက္တစ္ေယာက္ထဲကိုသာယေန႔တိုင္အသည္းစြဲၿပီးအားေပးခ်စ္ခင္ေနတာ ျဖစ္ပါတယ္။

လတ္တေလာလူမႈကြန္ယက္စာမ်က္ႏွာထက္မွာအရမ္းကိုလူၾကည့္မ်ားသြားခဲ့တဲ့စိတ္ေဝဒနာရွင္အမ်ိဳးသမီးေလးရဲ႕ဗီဒီယိုေလးကိုေတာ့ေဇရဲထက္ကေတြ႕ရွိသြားၿပီးသြားေရာက္ေတြ႕ဆုံဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္ေဇရဲထက္ကသူရဲ႕ကတိအတိုင္းေဖေဖာ္ဝါရီလ၅ရက္ေန႔မွာေတာ့သူ႔ကိုအရမ္းေတြ႕ခ်င္ေနတဲ့ေကာင္မေလးဆီလက္ေဆာင္ပစၥည္းစုံစုံလင္လင္နဲ႔ကိုယ္တိုင္ကိုယ္က်အပင္ပန္းခံကာသြားေတြ႕ခဲ့ပါတယ္။ေဇရဲထက္ကေတာ့သူရဲ႕ပရိသတ္ျဖစ္တဲ့ေကာင္မေလးအတြက္ မသြားခင္ကတည္းက အလႉေငြေတြကို ကိုယ္တိုင္ေကာက္ခံေပးခဲ့သလို လိုအပ္တဲ့ပစၥည္းေတြကိုလည္း အေသးစိတ္ကအစ ျပင္ဆင္ေပးခဲ့ပါတယ္။

ဒီေန႔မနက္မွာေတြ႕ဆုံၾကၿပီျဖစ္တဲ့ေဇရဲထက္နဲ႔ေကာင္မေလးရဲ႕ဗီဒီယိုဖိုင္ေလးကေတာ့ၾကည့္ရႈသူပရိသတ္ေတြကိုပါမ်က္ရည္က်ေစေလာက္ေအာင္ၾကည္ႏူးစရာေကာင္းေနတာျဖစ္ပါတယ္။ထိုအမ်ိဳးသမီးငယ္ေလးကေဇရဲထက္နဲ႔ေတြ႕ဆုံရတဲ့အခါမွာ ဝမ္းသာလြန္းလို႔မ်က္ရည္ေတြက်ကာေပ်ာ္႐ႊင္ေနၿပီးေဇရဲထက္အတြက္သီခ်င္းတစ္ပုဒ္ကိုလည္းအားလုံးေရွ႕မွာသီဆိုျပခဲ့ပါတယ္။ေဇရဲထက္ကေတာ့သူ႔ကိုခ်စ္တဲ့အမ်ိဳးသမီးေလးအတြက္အလႉေငြနဲ႔ပစၥည္းေတြကိုကိုယ္တိုင္ေပးအပ္ခဲ့သလိုပီတိအၿပဳံးေတြ ေဝျဖာေနတာလည္းေတြ႕ရပါတယ္။ခ်စ္ပရိသတ္ေတြအတြက္ၾကည္ႏူးစရာေကာင္းတဲ့ေဇရဲထက္နဲ႔အမာခံပရိသတ္ေလးရဲ႕ဗီဒီယိုဖိုင္ေလးကို ေအာက္မွာ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source:တိုးတိုး ဦး CRD-Myanmarload

UNICODE

သရုပ်ဆောင် မင်းသားချော ဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းပြီး ကိုရီးယားမင်းသားတစ်ဦးလို ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားတာကြောင့်သူ့ကိုအားပေးကြတဲ့ပရိသတ်တွေကဝိုင်းဝိုင်းလည်နေကြတာဖြစ်ပါတယ်။သူရဲ့ပရိသတ်တွေထဲမှာတော့ ဇေရဲထက်ကို အမာခံအားပေးကာ စွဲလန်းနေတဲ့ စိတ်ဝေဒနာရှင် အမျိုးသမီးငယ်လေးတစ်ယောက်လည်း ပါဝင်တာဖြစ်ပါတယ်။ထိုကောင်မလေးကတော့ဇေရဲထက်တစ်ယောက်ထဲကိုသာယနေ့တိုင်အသည်းစွဲပြီးအားပေးချစ်ခင်နေတာ ဖြစ်ပါတယ်။

လတ်တလောလူမှုကွန်ယက်စာမျက်နှာထက်မှာအရမ်းကိုလူကြည့်များသွားခဲ့တဲ့စိတ်ဝေဒနာရှင်အမျိုးသမီးလေးရဲ့ဗီဒီယိုလေးကိုတော့ဇေရဲထက်ကတွေ့ရှိသွားပြီးသွားရောက်တွေ့ဆုံဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဇေရဲထက်ကသူရဲ့ကတိအတိုင်းဖေဖော်ဝါရီလ၅ရက်နေ့မှာတော့သူ့ကိုအရမ်းတွေ့ချင်နေတဲ့ကောင်မလေးဆီလက်ဆောင်ပစ္စည်းစုံစုံလင်လင်နဲ့ကိုယ်တိုင်ကိုယ်ကျအပင်ပန်းခံကာသွားတွေ့ခဲ့ပါတယ်။ဇေရဲထက်ကတော့သူရဲ့ပရိသတ်ဖြစ်တဲ့ကောင်မလေးအတွက်မသွားခင်ကတည်းက အလှူငွေတွေကို ကိုယ်တိုင်ကောက်ခံပေးခဲ့သလို လိုအပ်တဲ့ပစ္စည်းတွေကိုလည်း အသေးစိတ်ကအစ ပြင်ဆင်ပေးခဲ့ပါတယ်။

ဒီနေ့မနက်မှာတွေ့ဆုံကြပြီဖြစ်တဲ့ဇေရဲထက်နဲ့ကောင်မလေးရဲ့ဗီဒီယိုဖိုင်လေးကတော့ကြည့်ရှုသူပရိသတ်တွေကိုပါမျက်ရည်ကျစေလောက်အောင်ကြည်နူးစရာကောင်းနေတာဖြစ်ပါတယ်။ထိုအမျိုးသမီးငယ်လေးကဇေရဲထက်နဲ့တွေ့ဆုံရတဲ့အခါမှာ ဝမ်းသာလွန်းလို့မျက်ရည်တွေကျကာပျော်ရွှင်နေပြီးဇေရဲထက်အတွက်သီချင်းတစ်ပုဒ်ကိုလည်းအားလုံးရှေ့မှာသီဆိုပြခဲ့ပါတယ်။ဇေရဲထက်ကတော့သူ့ကိုချစ်တဲ့အမျိုးသမီးလေးအတွက်အလှူငွေနဲ့ပစ္စည်းတွေကိုကိုယ်တိုင်ပေးအပ်ခဲ့သလိုပီတိအပြုံးတွေဝေဖြာနေတာလည်းတွေ့ရပါတယ်။ချစ်ပရိသတ်တွေအတွက်ကြည်နူးစရာကောင်းတဲ့ဇေရဲထက်နဲ့အမာခံပရိသတ်လေးရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။