ကာမလိမ္လည္ရယူမႈပုဒ္မ(၄၁၇)နဲ႔တရားစြဲဆိုျခင္းခံထားရတဲ့သ႐ုပ္ေဆာင္ေဝဠဳေက်ာ္ဟာဒီေန႔(ေဖေဖာ္ဝါရီ၅ရက္)မွာဒုတိယအႀကိမ္႐ုံးခ်ိန္းသို႔တက္ေရာက္ခဲ့ပါတယ္။အလွမယ္သင္းသင္းဟာသ႐ုပ္ေဆာင္ေဝဠဳေက်ာ္ကိုကာမလိမ္လည္ရယူမပုဒ္မ(၄၁၇)နဲ႔ ဇန္နဝါရီ (၈) ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သကၤန္းကြၽန္းၿမိဳ႕နယ္ တရား႐ုံးမွာ ဦးတိုုက္ေလွ်ာက္ခဲ့တာျဖစ္ပါတယ္။ထို႔ေၾကာင့္ ဇန္နဝါရီ(၂၂)ရက္ေန႔မွာေဝဠဳေက်ာ္ဟာပထမဆုံးအႀကိမ္႐ုံးခ်ိန္းသို႔တက္ေရာက္ခဲ့ၿပီးဒုတိယအႀကိမ္႐ုံးခ်ိန္းကိုဒီေန႔(ေဖေဖာ္ဝါရီ၅ရက္)မွာ ထပ္မံတက္ေရာက္ခဲ့ပါတယ္။

ဒီေန႔႐ုံးခ်ိန္းမွာသကၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးရဲ႕တရားသူႀကီးအေျပာင္းအေ႐ႊ႕ရွိေနတာေၾကာင့္အမႈကိုေဖေဖာ္ဝါရီ(၁၉)ရက္ေန႔မွာစစ္ေဆးဖို႔အတြက္႐ုံးခ်ိန္းေ႐ႊ႕ဆိုင္းလိုက္တယ္လို႔သင္းသင္းရဲ႕ေရွ႕ေနျဖစ္တဲ့ဦးေရာဘတ္ဆန္းေအာင္ကDuwunMediသို႔ေျပာခဲ့ပါတယ္။

“တရားသူႀကီးကေျပာင္းေ႐ႊ႕မိန႔္က်ထားတယ္။ဆိုေတာ့စစ္ေဆးမယ္ဆိုရင္လည္းၿပီးဆုံးေအာင္စစ္လို႔မရဘူး။ေနာက္တရားသူႀကီးလာတဲ့အခါက်ေတာ့စြပ္စြဲခံရသူဘက္ကအစကျပန္စစ္ေပးပါဆိုလည္းအခက္အခဲျဖစ္ႏိုင္တယ္။ဒါေၾကာင့္ႏွစ္ဖက္ေရွ႕ေနေတြက႐ုံးကိုတင္ျပလိုက္တယ္။အမႈကို(၁၉)ရက္ေန႔ကိုေ႐ႊ႕ဆိုင္းဖို႔တင္ျပလိုက္ပါတယ္။ပုံမွန္ႏွစ္ေယာက္စလုံးလာၾကတယ္။အခက္အခဲမရွိပါဘူး။ အဆင္ေျပပါတယ္” လို႔ ယေန႔ ႐ုံးခ်ိန္းမွာေျပာခဲ့တာ ျဖစ္ပါတယ္။

တရားလိုဘက္ကေရွ႕ေနအေနနဲ႔လည္းဥပေဒေၾကာင္းအရဆက္လက္ၿပီးလုပ္ေဆာင္သြားဖို႔ရွိသလိုသ႐ုပ္ေဆာင္ေဝဠဳေက်ာ္ဘက္ကလည္းအမွန္တရားအတိုင္းေရွ႕ဆက္လုပ္ေဆာင္သြားမယ္လို႔ဆိုပါတယ္။“ကြၽန္ေတာ္ကိုေနာက္တစ္ခ်ိန္းျပန္ခ်ိန္းလိုက္တယ္။တရား႐ုံးေပၚေရာက္လာၿပီဆိုတဲ့အတြက္အခ်ိန္ေပၚမွာမူတည္ၿပီးအေျဖမွန္ကေပၚလာမွာပါ။အမွန္အတိုင္းပဲရင္ဆိုင္သြားမယ္” လို႔ ေဝဠဳေက်ာ္က ယေန႔ ႐ုံးခ်ိန္းမွာ ေျပာျပခဲ့ပါတယ္။တရားစြဲဆိုသူ အလွမယ္သင္းသင္းနဲ႔စြဲဆိုျခင္းခံရတဲ့သ႐ုပ္ေဆာင္ ေဝဠဳေက်ာ္တို႔ကို တရား႐ုံးက ေဖေဖာ္ဝါရီ(၁၉) ရက္ေန႔သို႔ ျပန္လည္ခ်ိန္းဆိုခဲ့ပါတယ္။

CRD-Cele Yatkwat

UNICODE

ကာမလိမ်လည်ရယူမှုပုဒ်မ(၄၁၇)နဲ့တရားစွဲဆိုခြင်းခံထားရတဲ့သရုပ်ဆောင်ဝေဠုကျော်ဟာဒီနေ့(ဖေဖော်ဝါရီ၅ရက်)မှာဒုတိယအကြိမ်ရုံးချိန်းသို့တက်ရောက်ခဲ့ပါတယ်။အလှမယ်သင်းသင်းဟာသရုပ်ဆောင်ဝေဠုကျော်ကိုကာမလိမ်လည်ရယူမပုဒ်မ(၄၁၇)နဲ့ဇန်နဝါရီ(၈)ရက်နေ့ကရန်ကုန်မြို့၊သင်္ကန်းကျွန်းမြို့နယ်တရားရုံးမှာဦးတိုက်လျှောက်ခဲ့တာဖြစ်ပါတယ်။ထို့ကြောင့်ဇန်နဝါရီ(၂၂)ရက်နေ့မှာဝေဠုကျော်ဟာပထမဆုံးအကြိမ်ရုံးချိန်းသို့တက်ရောက်ခဲ့ပြီးဒုတိယအကြိမ်ရုံးချိန်းကိုဒီနေ့(ဖေဖော်ဝါရီ၅ရက်)မှာ ထပ်မံတက်ရောက်ခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာသင်္ကန်းကျွန်းမြို့နယ်တရားရုံးရဲ့တရားသူကြီးအပြောင်းအရွှေ့ရှိနေတာကြောင့်အမှုကိုဖေဖော်ဝါရီ(၁၉)ရက်နေ့မှာစစ်ဆေးဖို့အတွက်ရုံးချိန်းရွှေ့ဆိုင်းလိုက်တယ်လို့သင်းသင်းရဲ့ရှေ့နေဖြစ်တဲ့ဦးရောဘတ်ဆန်းအောင်ကDuwunMediသို့ပြောခဲ့ပါတယ်။

“တရားသူကြီးကပြောင်းရွှေ့မိန့်ကျထားတယ်။ဆိုတော့စစ်ဆေးမယ်ဆိုရင်လည်းပြီးဆုံးအောင်စစ်လို့မရဘူး။နောက်တရားသူကြီးလာတဲ့အခါကျတော့စွပ်စွဲခံရသူဘက်ကအစကပြန်စစ်ပေးပါဆိုလည်းအခက်အခဲဖြစ်နိုင်တယ်။ဒါကြောင့်နှစ်ဖက်ရှေ့နေတွေကရုံးကိုတင်ပြလိုက်တယ်။အမှုကို(၁၉)ရက်နေ့ကိုရွှေ့ဆိုင်းဖို့တင်ပြလိုက်ပါတယ်။ပုံမှန်နှစ်ယောက်စလုံးလာကြတယ်။အခက်အခဲမရှိပါဘူး။ အဆင်ပြေပါတယ်” လို့ ယနေ့ ရုံးချိန်းမှာပြောခဲ့တာ ဖြစ်ပါတယ်။

တရားလိုဘက်ကရှေ့နေအနေနဲ့လည်းဥပဒေကြောင်းအရဆက်လက်ပြီးလုပ်ဆောင်သွားဖို့ရှိသလိုသရုပ်ဆောင်ဝေဠုကျော်ဘက်ကလည်းအမှန်တရားအတိုင်းရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။“ကျွန်တော်ကိုနောက်တစ်ချိန်းပြန်ချိန်းလိုက်တယ်။တရားရုံးပေါ်ရောက်လာပြီဆိုတဲ့အတွက်အချိန်ပေါ်မှာမူတည်ပြီးအဖြေမှန်ကပေါ်လာမှာပါ။အမှန်အတိုင်းပဲရင်ဆိုင်သွားမယ်”လို့ဝေဠုကျော်ကယနေ့ရုံးချိန်းမှာပြောပြခဲ့ပါတယ်။တရားစွဲဆိုသူအလှမယ်သင်းသင်းနဲ့စွဲဆိုခြင်းခံရတဲ့သရုပ်ဆောင် ဝေဠုကျော်တို့ကို တရားရုံးက ဖေဖော်ဝါရီ(၁၉) ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။