အာကာသနည္းပညာ ျမင့္မားလာသည္ႏွင့္အမွ် ကမာၻႀကီးဟာ ရြာတစ္ရြာျဖစ္ေနပါၿပီ။ Google Earth ရဲ႕ အသုံးဝင္မႈဟာလည္း ေၾကာက္ခမန္းလိလိ အသုံးဝင္လာၿပီျဖစ္ၿပီး၊ စစ္ေရးအရျဖစ္ေစ၊ စီးပြားေရးအရျဖစ္ေစ ႀကီးမားတဲ့အေထာက္အကူေတြ ေပးစြမ္းႏုိင္ခဲ့ပါတယ္။

အနာဂတ္မွာ ကမာၻႀကီးအေၾကာင္းကို မိမိအိပ္ခန္းေလးထဲမွာ ထုိင္ၿပီးၾကည့္ေန႐ုံနဲ႔ သိႏုိင္မယ့္ သေဘာတရားေတြလည္း ေတြ႕လာရပါတယ္။ ကမာၻႀကီးဟာ ရြာတစ္ရြာဆုိတာထက္ေတာင္ အနာဂတ္မွာ ေသးငယ္လာဖြယ္ရာ ရွိပါတယ္။ အခု ေဖာ္ျပေပးမွာေတြကေတာ့ Google Earth ေပၚမွာ ဖမ္းယူရရွိသမွ် အထူးဆန္းဆုံး အဆန္းျပားဆုံးဓာတ္ပုံေတြအေၾကာင္း ျဖစ္ပါတယ္။ ေလ့လာၾကည့္ပါဦး …။

(၁) စၾကာပုံနဲ႔ Geoglyph ပုံမ်ား

ကာဇက္စတန္ေျမာက္ပုိင္းမွာ Google Earth မွ ဖမ္ယူရရွိခဲ့တဲ့ ပုံထဲမွာေတာ့ Geoglyph ပုံေပါင္း (၅၀)ေက်ာ္နဲ႔ စၾကာပုံႀကီးတစ္ခုကို ေတြ႕ခဲ့ရပါတယ္။ Geoglyph ပုံဆုိသည္မွာ ေက်ာက္ေခတ္တုန္းက ေက်ာက္တုံး၊ သစ္သား၊ သစ္ပင္အစရွိသည္တုိ႔ကို အသုံးျပဳကာ (၄)မီတာထက္ပုိရွည္တဲ့ စက္ဝုိင္းပုံ၊ ေလးေထာင့္ပုံ စသည္တုိ႔ကို ပုံေဖာ္ေရးဆြဲထားတဲ့ပုံေတြကုိ ဆုိလုိတာျဖစ္ၿပီး၊ အခု Google Earth မွာ ရွာေဖြေတြ႕ရွိခဲ့တဲ့ပုံေတြကေတာ့ စၾကာပုံလည္း ပါေနလုိ႔ ထုးဆန္းေနပါတယ္။

(၂) ကၽြန္းႀကီးေပၚက ေရကန္၊ ေရကန္ထဲက ကၽြန္း၊ ကၽြန္းထဲက ေရကန္ငယ္

ေဖာ္ျပထားတဲ့ဓာတ္ပုံထဲကေတာ့ သိပ္ေတာ့ မထူးျခားဘူးလုိ႔ ထင္ရေစပါတယ္။ တကယ္ေတာ့ ထူးျခားပါတယ္။ အဆုိပါဓာတ္ပုံဟာ ပင္လယ္တြင္းက ကၽြန္းႀကီးတစ္ကၽြန္းရဲ႕Google Earth ျဖစ္ၿပီး၊ ကၽြန္းႀကီးေပၚမွာ ေရကန္ႀကီးတစ္ခု၊ ေရကန္ႀကီးထဲမွာ ကၽြန္းငယ္တစ္ခု၊ အဲဒီကၽြန္းငယ္ေပၚမွာ ေရကန္တစ္ခု ထူးဆန္းစြာတည္ရွိေနပါတယ္။ အဆုိကၽြန္းႀကီးဟာ ဖိလစ္ပိုင္ႏုိင္ငံမွ Luzon အမည္ရကမန္းႀကီးျဖစ္ၿပီး၊ အတြင္းထဲက ေရကန္မွာရွိတဲ့ကၽြန္းကိုေတာ့ မီေတာင္ကၽြန္းလုိ႔ ေခၚပါတယ္။

(၃) Costa Concordia သေဘၤာႀကီးတိမ္းေမွာက္မႈ

(၂၀၁၂)ခုႏွစ္မွာ Costa Concordia သေဘၤာႀကီးဟာ ေရေအာက္ေက်ာက္ေဆာင္နဲ႔ တုိက္မိၿပီး တိမ္းေမွာက္ခဲ့ပါတယ္။ လူေပါင္း (၄၂၅၂)ေယာက္ တင္ေဆာင္လာခ်ိန္မွာ အခုလုိ ျဖစ္ပြားခဲ့တာပါ။ လူေပါင္း (၃၂)ေယာက္ ေသဆုံးခဲ့ၿပီး၊ ဒီအျဖစ္အပ်က္ကို Google Earth ကလည္း မွတ္တမ္းတင္ႏုိင္ခဲ့ပါတယ္။

(၄) ယုိေဒါ့ (ေျမာက္ကိုရီးယား)

ေျမာက္ကုိရီးယား အာဏာရွင္အဆက္ဆက္မွာ အလုပ္ၾကမ္းသမား အက်ဥ္းသားေတြ ထိန္းသိမ္းရာမွာ နာမည္ဆုိးနဲ႔ေက်ာ္ၾကားခဲ့တဲ့ အက်ဥ္းစခန္းကေတာ့ ယုိေဒါ့အက်ဥ္းစခန္းျဖစ္ပါတယ္။ ယင္းအက်ဥ္းစခန္းမွာ ထုံးစံအတုိင္း သူလွ်ိဳလုိ႔စြပ္စြဲခံရသူေတြ၊ အစုိးရရဲ႕ အတုိက္အခံေတြနဲ႔ ၎တုိ႔ရဲ႕ေဆြစဥ္မ်ိဳးဆက္ေတြကို ထိန္းသိမ္းထားၿပီး တစ္ရက္ကို နာရီေပါင္း(၂၀)ေက်ာ္ စုိက္ပ်ိဳးေရးေတြလုပ္ရပါတယ္။

(၅) အရီဇုိနား ေလယာဥ္သခ်ႋဳင္း

အေမရိကန္ အရီဇုိးနားမွာတည္ရွိတဲ့ ေလယာဥ္သခ်ႋဳင္းျဖစ္ပါတယ္။ Tucson မွာ တည္ရွိၿပီး၊ အဆုိပါေလယာဥ္သခ်ႋဳင္းမွာ လုပ္ငန္းခြင္ကေန အနားယူထားတဲ့ ေလယာဥ္ေပါင္း ေထာင္နဲ႔ခ်ီတည္ရွိပါတယ္။ (၁၉၂၄)ခုႏွစ္မွာ စတင္လည္ပတ္ခဲ့တဲ့ ေလယာဥ္သခ်ႋဳင္းျဖစ္ၿပီး၊ ကမာၻေပၚမွာေတာ့ အႀကီးက်ယ္ဆုံးေလယာဥ္သခ်ႋဳင္းႀကီး ျဖစ္ပါတယ္။

(၆) အယ္လ္မာေကာလိပ္မီးေလာင္မႈ

အယ္လ္မာေကာလိပ္ မီးေလာင္မႈကုိလည္း Google Earth က မွတ္တမ္းတင္ထားႏုိင္ခဲ့ပါတယ္။ (၂၀၀၈)ခုႏွစ္ ေမလ (၂၈)ရက္ေန႔မွာ မီးေလာင္ခဲ့တာျဖစ္ၿပီး၊ ကေနဒါႏုိင္ငံ၊ အြန္တာရီယုိမွာ တည္ရွိပါတယ္။ ေကာလိပ္တစ္ခုလုံး ေလာင္ကၽြမ္းခဲ့တာေတာ့ မဟုတ္ဘဲ၊ စိန္႔ေသာမက္စ္အမ်ိဳသမီးပုဂၢလိကေက်ာင္းေဆာင္ကို မီးေလာင္ကၽြမ္းခဲ့တာပါ။ ဒီဓာတ္ပုံကုိလည္း Google Earth က မွတ္တမ္းရယူႏုိင္ခဲ့ပါတယ္။

(၇) ၉/၁၁ တုိက္ခုိက္မႈ

အမ်ားျပည္သူကို စုိးရိမ္ထိတ္လန္႔ေစခဲတ့ဲ့ ျဖစ္ရပ္ဆုိးႀကီး (၉/၁၁) တုိက္ခုိက္မႈကို Google Earth မွာ မွတ္တမ္းတင္ႏုိင္ခဲ့ပါေသးတယ္။ အယ္လ္ေကးဒါ အစၥလာမ္မစ္စစ္ေသြးၾကြေတြရဲ႕ လက္ခ်က္ျဖစ္ၿပီး လူုေပါင္း (၃၀၀၀)နီးပါး ေသဆုံးခဲ့ရတဲ့ ျဖစ္ရပ္ဆုိးႀကီးပါ။

CRD-နတ္စည္ေတာ္ (Shwemom)

UNICODE

Google Earth မှ ဖမ်းယူရရှိသမျှ အထူးဆန်းဆုံး ကမ္ဘာမြေကဓာတ်ပုံများ

အာကာသနည်းပညာ မြင့်မားလာသည်နှင့်အမျှ ကမ္ဘာကြီးဟာ ရွာတစ်ရွာဖြစ်နေပါပြီ။ Google Earth ရဲ့ အသုံးဝင်မှုဟာလည်း ကြောက်ခမန်းလိလိ အသုံးဝင်လာပြီဖြစ်ပြီး၊ စစ်ရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ကြီးမားတဲ့အထောက်အကူတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

အနာဂတ်မှာ ကမ္ဘာကြီးအကြောင်းကို မိမိအိပ်ခန်းလေးထဲမှာ ထိုင်ပြီးကြည့်နေရုံနဲ့ သိနိုင်မယ့် သဘောတရားတွေလည်း တွေ့လာရပါတယ်။ ကမ္ဘာကြီးဟာ ရွာတစ်ရွာဆိုတာထက်တောင် အနာဂတ်မှာ သေးငယ်လာဖွယ်ရာ ရှိပါတယ်။ အခု ဖော်ပြပေးမှာတွေကတော့ Google Earth ပေါ်မှာ ဖမ်းယူရရှိသမျှ အထူးဆန်းဆုံး အဆန်းပြားဆုံးဓာတ်ပုံတွေအကြောင်း ဖြစ်ပါတယ်။ လေ့လာကြည့်ပါဦး …။

(၁) စကြာပုံနဲ့ Geoglyph ပုံများ

ကာဇက်စတန်မြောက်ပိုင်းမှာ Google Earth မှ ဖမ်ယူရရှိခဲ့တဲ့ ပုံထဲမှာတော့ Geoglyph ပုံပေါင်း (၅၀)ကျော်နဲ့ စကြာပုံကြီးတစ်ခုကို တွေ့ခဲ့ရပါတယ်။ Geoglyph ပုံဆိုသည်မှာ ကျောက်ခေတ်တုန်းက ကျောက်တုံး၊ သစ်သား၊ သစ်ပင်အစရှိသည်တို့ကို အသုံးပြုကာ (၄)မီတာထက်ပိုရှည်တဲ့ စက်ဝိုင်းပုံ၊ လေးထောင့်ပုံ စသည်တို့ကို ပုံဖော်ရေးဆွဲထားတဲ့ပုံတွေကို ဆိုလိုတာဖြစ်ပြီး၊ အခု Google Earth မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ပုံတွေကတော့ စကြာပုံလည်း ပါနေလို့ ထုးဆန်းနေပါတယ်။

(၂) ကျွန်းကြီးပေါ်က ရေကန်၊ ရေကန်ထဲက ကျွန်း၊ ကျွန်းထဲက ရေကန်ငယ်

ဖော်ပြထားတဲ့ဓာတ်ပုံထဲကတော့ သိပ်တော့ မထူးခြားဘူးလို့ ထင်ရစေပါတယ်။ တကယ်တော့ ထူးခြားပါတယ်။ အဆိုပါဓာတ်ပုံဟာ ပင်လယ်တွင်းက ကျွန်းကြီးတစ်ကျွန်းရဲ့Google Earth ဖြစ်ပြီး၊ ကျွန်းကြီးပေါ်မှာ ရေကန်ကြီးတစ်ခု၊ ရေကန်ကြီးထဲမှာ ကျွန်းငယ်တစ်ခု၊ အဲဒီကျွန်းငယ်ပေါ်မှာ ရေကန်တစ်ခု ထူးဆန်းစွာတည်ရှိနေပါတယ်။ အဆိုကျွန်းကြီးဟာ ဖိလစ်ပိုင်နိုင်ငံမှ Luzon အမည်ရကမန်းကြီးဖြစ်ပြီး၊ အတွင်းထဲက ရေကန်မှာရှိတဲ့ကျွန်းကိုတော့ မီတောင်ကျွန်းလို့ ခေါ်ပါတယ်။

(၃) Costa Concordia သင်္ဘောကြီးတိမ်းမှောက်မှု

(၂၀၁၂)ခုနှစ်မှာ Costa Concordia သင်္ဘောကြီးဟာ ရေအောက်ကျောက်ဆောင်နဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ပါတယ်။ လူပေါင်း (၄၂၅၂)ယောက် တင်ဆောင်လာချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။ လူပေါင်း (၃၂)ယောက် သေဆုံးခဲ့ပြီး၊ ဒီအဖြစ်အပျက်ကို Google Earth ကလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

(၄) ယိုဒေါ့ (မြောက်ကိုရီးယား)

မြောက်ကိုရီးယား အာဏာရှင်အဆက်ဆက်မှာ အလုပ်ကြမ်းသမား အကျဉ်းသားတွေ ထိန်းသိမ်းရာမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ အကျဉ်းစခန်းကတော့ ယိုဒေါ့အကျဉ်းစခန်းဖြစ်ပါတယ်။ ယင်းအကျဉ်းစခန်းမှာ ထုံးစံအတိုင်း သူလျှိုလို့စွပ်စွဲခံရသူတွေ၊ အစိုးရရဲ့ အတိုက်အခံတွေနဲ့ ၎င်းတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကို ထိန်းသိမ်းထားပြီး တစ်ရက်ကို နာရီပေါင်း(၂၀)ကျော် စိုက်ပျိုးရေးတွေလုပ်ရပါတယ်။

(၅) အရီဇိုနား လေယာဉ်သင်္ချိုင်း

အမေရိကန် အရီဇိုးနားမှာတည်ရှိတဲ့ လေယာဉ်သင်္ချိုင်းဖြစ်ပါတယ်။ Tucson မှာ တည်ရှိပြီး၊ အဆိုပါလေယာဉ်သင်္ချိုင်းမှာ လုပ်ငန်းခွင်ကနေ အနားယူထားတဲ့ လေယာဉ်ပေါင်း ထောင်နဲ့ချီတည်ရှိပါတယ်။ (၁၉၂၄)ခုနှစ်မှာ စတင်လည်ပတ်ခဲ့တဲ့ လေယာဉ်သင်္ချိုင်းဖြစ်ပြီး၊ ကမ္ဘာပေါ်မှာတော့ အကြီးကျယ်ဆုံးလေယာဉ်သင်္ချိုင်းကြီး ဖြစ်ပါတယ်။

(၆) အယ်လ်မာကောလိပ်မီးလောင်မှု

အယ်လ်မာကောလိပ် မီးလောင်မှုကိုလည်း Google Earth က မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ (၂၀၀၈)ခုနှစ် မေလ (၂၈)ရက်နေ့မှာ မီးလောင်ခဲ့တာဖြစ်ပြီး၊ ကနေဒါနိုင်ငံ၊ အွန်တာရီယိုမှာ တည်ရှိပါတယ်။ ကောလိပ်တစ်ခုလုံး လောင်ကျွမ်းခဲ့တာတော့ မဟုတ်ဘဲ၊ စိန့်သောမက်စ်အမျိုသမီးပုဂ္ဂလိကကျောင်းဆောင်ကို မီးလောင်ကျွမ်းခဲ့တာပါ။ ဒီဓာတ်ပုံကိုလည်း Google Earth က မှတ်တမ်းရယူနိုင်ခဲ့ပါတယ်။

(၇) ၉/၁၁ တိုက်ခိုက်မှု

အများပြည်သူကို စိုးရိမ်ထိတ်လန့်စေခဲတဲ့ ဖြစ်ရပ်ဆိုးကြီး (၉/၁၁) တိုက်ခိုက်မှုကို Google Earth မှာ မှတ်တမ်းတင်နိုင်ခဲ့ပါသေးတယ်။ အယ်လ်ကေးဒါ အစ္စလာမ်မစ်စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်ပြီး လူုပေါင်း (၃၀၀၀)နီးပါး သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးပါ။

နတ်စည်တော် (Shwemom)