ပရိသတ္ႀကီးေရ ဂ်င္းေကာင္လို႕ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႕ေခၚၾကတဲ့ ျမင့္ျမတ္တစ္ေယာက္ ဇနီးေခ်ာေလးနဲ႕ ခ်စ္စရာေကာင္းတဲ့ သားသားေလးကို ပိုင္ဆိုင္ထားတာ အားလံုးအသိပါပဲေနာ္။ ျမင့္ျမတ္ကေတာ့ ဇနီးေခ်ာေလးကို ခ်စ္သူေတြဘ၀ကတည္းက ဂရုတစိုက္နဲ႕ ခ်စ္ျမတ္ႏိုးခဲ့တာပါ။ အဲ့ဒီလိုပဲ အိမ္ေထာင္ျပဳၿပီးတဲ့ေနာက္ပိုင္းမွာလည္း ဇနီးေလးကို အရမ္းခ်စ္ခင္ဂရုစိုက္ခဲ့တာပါ။ အခုလည္း သားသားေလးရလာၿပီးတဲ့အခါ သားေလးကို ခ်စ္လို႕မ၀ျဖစ္ေနတာလည္း ပရိသတ္ႀကီးရဲ႕ ဂ်င္းေကာင္ေလးျမင့္ျမတ္ပါပဲ။

ပရိသတ္ႀကီးေရ ျမင့္ျမတ္တစ္ေယာက္ သားသားေလးကို ခ်စ္လြန္းလို႕ ရႈတင္ေတြကိုေတာင္ေခၚသြားတာေနာ္။ အခုလည္း ျမင့္ျမတ္တစ္ေယာက္ သားသားေလးအတြက္ facebook page ေလးဖြင့္ေပးထားလိုက္ပါၿပီတဲ့ေနာ္။

ျမင့္ျမတ္တစ္ေယာက္အခုလိုမ်ဳိး သားသားေလးအတြက္ facebook page ေလးဖြင့္ျဖစ္သြားတဲ့အေပၚ ျမင့္ျမတ္နဲ႕အရမ္းခင္တဲ့အႏုပညာညီအစ္ကိုတစ္ဦးျဖစ္သူ ယုန္ေလးက “ဂ်ဴနီယာ ျမင့္ျမတ္ ရဲ႕ Page ေလးပါ။ ဖခင္ဆိုတာ အဲ့တာပဲ . သူ႔ဟာသူ Fb မသံုးဘူး . သူ႔သားေလး Page ဖြင့္ၿပီး . ဘယ္သူေတြဘာေရးလဲ . ဝင္ဝင္ၾကည့္ေနတဲ့ ျမင့္ျမတ္” လို႕ဆိုၿပီး ျမင့္ျမတ္ရဲ႕ဖခင္ေမတၱာအေပၚမွာ ခ်ီးက်ဴးေရးသားလိုက္တာပဲျဖစ္ပါတယ္။ ျမင့္ျမတ္ရဲ႕ဖခင္ေမတၱာစိတ္ဓာတ္ေလးကို ယုန္ေလးတစ္ေယာက္ ပရိသတ္ေတြထံကိုရင္ဖြင့္ေျပာျပလိုက္တာပါ။

ပရိသတ္ႀကီးေရ Myat Thu လို႕အမည္ေပးထားတဲ့ ဂ်ဴနီယာျမင့္ျမတ္ေလးရဲ႕ page ေလးမွာ ဂ်င္းေကာင္ျမင့္ျမတ္က သူ႕ရဲ႕သားသားေလးရဲ႕ပံုရိပ္ေတြကို အေသအခ်ာေလးတင္ေပးထားတာပါ။ ဒီ page ေလးကိုေတာ့ အခု ၂၀၁၉ ခုႏွစ္ထဲေရာက္မွ စၿပီးဖြင့္ထားတာဆုိေတာ့ ပရိသတ္ေတြကလည္း အားေပးၿပီး Like ေလးေတြလုပ္ထားၾကဦးေနာ္။ ဂ်ဴနီယာျမင့္ျမတ္ေလးရဲ႕ ပံုရိပ္ေလးေတြကို အၿမဲတမ္းေတြ႕ေနခ်င္တယ္ဆိုရင္ေတာ့ page ေလးကို seefirst လုပ္ထားလိုက္ပါဦးေနာ္။

ဂ်င္းေကာင္ေပါက္စေလးကိုလည္းပရိသတ္ႀကီးက အားေပးၾကမွာမဟုတ္လားဗ်ဳိ႕။ ပံုေလးေတြကေတာ့ တကယ္ကိုခ်စ္စရာေကာင္းေနပါၿပီေနာ္။ပရိသတ္ႀကီးေရ ဂ်င္းေကာင္ျမင့္ျမတ္ကေတာ့ ဘက္စံုေထာင့္စံုကေန ပရိသတ္ေတြအားက်ေနေစတာပဲေနာ္။ သရုပ္ေဆာင္ပိုင္းမွာလည္း အျခားသူေတြနဲ႕မတူဘဲ ပရိသတ္ရဲ႕ရင္ကိုဖမ္းစားႏိုင္သလို မိသားစုအေပၚခ်စ္တဲ့အခ်စ္ကိုလည္း ပရိသတ္ေတြအားလံုးက အားက်ေလာက္ေအာင္ကို ခ်စ္တတ္တာေနာ္။ မိုမိုေလးပရိသတ္ႀကီးက ျမင့္ျမတ္ကိုေရာ ဂ်ဴနီယာျမင့္ျမတ္ေလးကိုေရာ၊ အိမ္သူသက္ထားေလးကိုေရာ ခ်စ္ေပးၿပီး အားေပးၾကပါဦးေနာ္။

CRD_momolay

UNICODE

မြင့်မြတ်ရဲ့ဖခင်မေတ္တာကို ချီးကျူးလိုက်တဲ့ ယုန်လေး

ပရိသတ်ကြီးရေ ဂျင်းကောင်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မြင့်မြတ်တစ်ယောက် ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားသားလေးကို ပိုင်ဆိုင်ထားတာ အားလုံးအသိပါပဲနော်။ မြင့်မြတ်ကတော့ ဇနီးချောလေးကို ချစ်သူတွေဘဝကတည်းက ဂရုတစိုက်နဲ့ ချစ်မြတ်နိုးခဲ့တာပါ။ အဲ့ဒီလိုပဲ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်းမှာလည်း ဇနီးလေးကို အရမ်းချစ်ခင်ဂရုစိုက်ခဲ့တာပါ။ အခုလည်း သားသားလေးရလာပြီးတဲ့အခါ သားလေးကို ချစ်လို့မဝဖြစ်နေတာလည်း ပရိသတ်ကြီးရဲ့ ဂျင်းကောင်လေးမြင့်မြတ်ပါပဲ။

ပရိသတ်ကြီးရေ မြင့်မြတ်တစ်ယောက် သားသားလေးကို ချစ်လွန်းလို့ ရှုတင်တွေကိုတောင်ခေါ်သွားတာနော်။ အခုလည်း မြင့်မြတ်တစ်ယောက် သားသားလေးအတွက် facebook page လေးဖွင့်ပေးထားလိုက်ပါပြီတဲ့နော်။

မြင့်မြတ်တစ်ယောက်အခုလိုမျိုး သားသားလေးအတွက် facebook page လေးဖွင့်ဖြစ်သွားတဲ့အပေါ် မြင့်မြတ်နဲ့အရမ်းခင်တဲ့အနုပညာညီအစ်ကိုတစ်ဦးဖြစ်သူ ယုန်လေးက “ဂျူနီယာ မြင့်မြတ် ရဲ့ Page လေးပါ။ ဖခင်ဆိုတာ အဲ့တာပဲ . သူ့ဟာသူ Fb မသုံးဘူး . သူ့သားလေး Page ဖွင့်ပြီး . ဘယ်သူတွေဘာရေးလဲ . ဝင်ဝင်ကြည့်နေတဲ့ မြင့်မြတ်” လို့ဆိုပြီး မြင့်မြတ်ရဲ့ဖခင်မေတ္တာအပေါ်မှာ ချီးကျူးရေးသားလိုက်တာပဲဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ဖခင်မေတ္တာစိတ်ဓာတ်လေးကို ယုန်လေးတစ်ယောက် ပရိသတ်တွေထံကိုရင်ဖွင့်ပြောပြလိုက်တာပါ။

ပရိသတ်ကြီးရေ Myat Thu လို့အမည်ပေးထားတဲ့ ဂျူနီယာမြင့်မြတ်လေးရဲ့ page လေးမှာ ဂျင်းကောင်မြင့်မြတ်က သူ့ရဲ့သားသားလေးရဲ့ပုံရိပ်တွေကို အသေအချာလေးတင်ပေးထားတာပါ။ ဒီ page လေးကိုတော့ အခု ၂၀၁၉ ခုနှစ်ထဲရောက်မှ စပြီးဖွင့်ထားတာဆိုတော့ ပရိသတ်တွေကလည်း အားပေးပြီး Like လေးတွေလုပ်ထားကြဦးနော်။ ဂျူနီယာမြင့်မြတ်လေးရဲ့ ပုံရိပ်လေးတွေကို အမြဲတမ်းတွေ့နေချင်တယ်ဆိုရင်တော့ page လေးကို seefirst လုပ်ထားလိုက်ပါဦးနော်။

ဂျင်းကောင်ပေါက်စလေးကိုလည်းပရိသတ်ကြီးက အားပေးကြမှာမဟုတ်လားဗျို့။ ပုံလေးတွေကတော့ တကယ်ကိုချစ်စရာကောင်းနေပါပြီနော်။ပရိသတ်ကြီးရေ ဂျင်းကောင်မြင့်မြတ်ကတော့ ဘက်စုံထောင့်စုံကနေ ပရိသတ်တွေအားကျနေစေတာပဲနော်။ သရုပ်ဆောင်ပိုင်းမှာလည်း အခြားသူတွေနဲ့မတူဘဲ ပရိသတ်ရဲ့ရင်ကိုဖမ်းစားနိုင်သလို မိသားစုအပေါ်ချစ်တဲ့အချစ်ကိုလည်း ပရိသတ်တွေအားလုံးက အားကျလောက်အောင်ကို ချစ်တတ်တာနော်။ မိုမိုလေးပရိသတ်ကြီးက မြင့်မြတ်ကိုရော ဂျူနီယာမြင့်မြတ်လေးကိုရော၊ အိမ်သူသက်ထားလေးကိုရော ချစ်ပေးပြီး အားပေးကြပါဦးနော်။