တကယ့္ဇဲြသတၱိနဲ ့ေစတနာဆိုတာ ႏွလံုးသားက လာပါတယ္။ အခုေျပာမယ့္ တရုတ္ျပည္က ေက်းလက္ဆရာဝန္ကေတာ့ ႏွလံုးလွရံုတင္မဟုတ္ဘဲ စံထားေလာက္တဲ့ အာဇာနည္အမ်ိဳးသမီးပါ။လီေဟာင္ဂ်ဴဟာ တရုတ္ႏိုင္ငံအေနာက္ေတာင္ပိုင္း Chongqing လို ့ေခၚတဲ့ ေတာင္တန္းေဒသမွာ ဆယ္စုႏွစ္ ႏွစ္ခုနီးပါး ေဆးကုသေပးခဲ့တဲ့ နယ္လွည့္ဆရာဝန္ တစ္ဦး ျဖစ္ပါတယ္။

ေျခေထာက္မရိွတဲ့ လီေဟာင္ဂ်ဴဟာ အိမ္ေထာင္စု ၃၀၀ မွ ရြာသား ၁၀၀၀ေက်ာ္ကို က်န္းမာေရး ေစာင့္ေရွာက္မႈေပးခဲ့သူလည္း ျဖစ္ပါတယ္။အသက္ ၄ ႏွစ္သမီးအရြယ္္ ၁၉၈၃ ခုႏွစ္ မတ္လထဲမွာ လီေဟာင္ဂ်ဴဟာ မူၾကိဳေက်ာင္းသြားရင္း ထရပ္ကားနဲ ့အနင္းခံရျပီး ေျခေထာက္ေတြ ဆံုးရံႈးခဲ့သူ ျဖစ္ပါတယ္။ ခဲြစိတ္ကုသမႈအျပီးမွာ သူမေျခေထာက္ဟာ ၃ စင္တီမီတာေတာင္ မက်န္ေတာ့တဲ့ အျဖစ္ဆိုးနဲ ့ၾကံဳေတြ ့ခဲ့ပါတယ္။

ေျခာက္ျခား ထိတ္လန္ ့စရာ ဘဝၾကီးနဲ ့ပက္ပင္းရင္ဆိုင္လိုက္ရတဲ့ သူမဟာ ၈ ႏွစ္သမီးက စျပီး လက္မွာ ေခြးေျခပုခံုကေလးေတြ ကိုင္ျပီး စတင္လမ္းေလွ်ာက္က်င့္ခဲ့ရတယ္လို ့ဆိုပါတယ္။

ဒီလိုခါးသီးနာက်င္တဲ့ ဘဝဆိုးကို ျဖတ္သန္းရျပီးေနာက္ တစ္ျခားသူေတြရဲ့ အသက္ကို ကယ္တင္ႏိုင္ရမယ္လို ့စိတ္ပိုင္းျဖတ္ခဲ့တယ္လို ့ဆိုပါတယ္။

ေခြးေျခေထာက္ခံု ၂၄ လံုး စုတ္တဲ့အထိ ေဆးအတတ္တင္ေက်ာင္းတက္ကာ ေဆးပညာကို တစိုက္မတ္မတ္ ေလ့လာျပီးေနာက္ သူမဟာ ၂၀၀၁ ခုႏွစ္မွာ Wadian ဆိုတဲ့ ရြာကေလးက ေဆးခန္းမွာ အလုပ္စဝင္ခဲ့ပါတယ္။

ေက်းလက္ဆရာဝန္အျဖစ္ ၁၇ ႏွစ္ေက်ာ္ လူ ့အသက္ကယ္ခဲ့တဲ့ တစ္ေလွ်ာက္မွာ သူမရဲ့ ေျခေထာက္အျဖစ္သံုးတဲ့ ခံုေပါင္း ၃၀ အထိ လဲခဲ့ရပါတယ္။ တစ္ခါတစ္ေလေတာ့လည္း သူမအမ်ိဳးသားမွ သူမကို ေက်ာပိုးျပီး လူနာအိမ္ေတြဆီ လိုက္ပို ့ခဲ့ရတယ္လို ့ဆုိပါတယ္။

“တစ္ျခားသူေတြနဲ ့ယွဥ္မယ္ဆိုရင္ ကြ်န္မမွာက ပိုဆိုးတဲ့ အခက္အခဲေတြနဲ ့လူျဖစ္လာတာပါ။ ဒါေပမယ့္ ကြ်န္မကိုယ္ကြ်န္မ တိတ္တိတ္ကေလး ေျပာျဖစ္တာက ဘုရားသခင္ဟာ ကိုယ့္ကိုယ္ကို ကယ္တင္သူေတြကုိ ကူညီတယ္လို ့ပါပဲ၊ ဒီနည္းနဲ ့ကြ်န္မ ေရွ ့ဆက္တိုးခဲ့တာ” လို ့မစၥလီက ေျပာပါတယ္။

အခုခ်ိန္မွာ အသက္ ၃၇ ႏွစ္ရိွျပီ ျဖစ္တဲ့ လီဂ်ဴေဟာင္ကေတာ့ သူမရဲ့ ငယ္ဘဝ ခံယူခ်က္အတုိင္း ေဝးလံေခါင္သီတဲ့ ေဒသေတြမွ ရြာသူရြာသားေတြရဲ့ က်န္းမာေရးကို ေစာင့္ေရွာက္ျမဲ ေစာင့္ေရွာက္ဆဲ။ ဆရာဝန္ေကာင္းတို ့ရဲ့ ႏွလံုးသားကို ထင္ဟပ္ေစတဲ့ အမွတ္လကၡဏာအျဖစ္ ရိွေနဆဲပါ။

CRD-PyitTineHtaungInspire

UNICODE

တကယ့်ဇွဲသတ္တိနဲ့စေတနာဆိုတာ နှလုံးသားက လာပါတယ်။ အခုပြောမယ့် တရုတ်ပြည်က ကျေးလက်ဆရာဝန်ကတော့ နှလုံးလှရုံတင်မဟုတ်ဘဲ စံထားလောက်တဲ့ အာဇာနည်အမျိုးသမီးပါ။လီဟောင်ဂျူဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း Chongqing လို့ခေါ်တဲ့ တောင်တန်းဒေသမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဆေးကုသပေးခဲ့တဲ့ နယ်လှည့်ဆရာဝန် တစ်ဦး ဖြစ်ပါတယ်။

ခြေထောက်မရှိတဲ့ လီဟောင်ဂျူဟာ အိမ်ထောင်စု ၃၀၀ မှ ရွာသား ၁၀၀၀ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၄ နှစ်သမီးအရွယ် ၁၉၈၃ ခုနှစ် မတ်လထဲမှာ လီဟောင်ဂျူဟာ မူကြိုကျောင်းသွားရင်း ထရပ်ကားနဲ့အနင်းခံရပြီး ခြေထောက်တွေ ဆုံးရှုံးခဲ့သူ ဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုအပြီးမှာ သူမခြေထောက်ဟာ ၃ စင်တီမီတာတောင် မကျန်တော့တဲ့ အဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ပါတယ်။

ခြောက်ခြား ထိတ်လန့်စရာ ဘဝကြီးနဲ့ပက်ပင်းရင်ဆိုင်လိုက်ရတဲ့ သူမဟာ ၈ နှစ်သမီးက စပြီး လက်မှာ ခွေးခြေပုခုံကလေးတွေ ကိုင်ပြီး စတင်လမ်းလျှောက်ကျင့်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒီလိုခါးသီးနာကျင်တဲ့ ဘဝဆိုးကို ဖြတ်သန်းရပြီးနောက် တစ်ခြားသူတွေရဲ့ အသက်ကို ကယ်တင်နိုင်ရမယ်လို့စိတ်ပိုင်းဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ခွေးခြေထောက်ခုံ ၂၄ လုံး စုတ်တဲ့အထိ ဆေးအတတ်တင်ကျောင်းတက်ကာ ဆေးပညာကို တစိုက်မတ်မတ် လေ့လာပြီးနောက် သူမဟာ ၂၀၀၁ ခုနှစ်မှာ Wadian ဆိုတဲ့ ရွာကလေးက ဆေးခန်းမှာ အလုပ်စဝင်ခဲ့ပါတယ်။

ကျေးလက်ဆရာဝန်အဖြစ် ၁၇ နှစ်ကျော် လူ့အသက်ကယ်ခဲ့တဲ့ တစ်လျှောက်မှာ သူမရဲ့ ခြေထောက်အဖြစ်သုံးတဲ့ ခုံပေါင်း ၃၀ အထိ လဲခဲ့ရပါတယ်။ တစ်ခါတစ်လေတော့လည်း သူမအမျိုးသားမှ သူမကို ကျောပိုးပြီး လူနာအိမ်တွေဆီ လိုက်ပို့ခဲ့ရတယ်လို့ဆိုပါတယ်။

“တစ်ခြားသူတွေနဲ့ယှဉ်မယ်ဆိုရင် ကျွန်မမှာက ပိုဆိုးတဲ့ အခက်အခဲတွေနဲ့လူဖြစ်လာတာပါ။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ တိတ်တိတ်ကလေး ပြောဖြစ်တာက ဘုရားသခင်ဟာ ကိုယ့်ကိုယ်ကို ကယ်တင်သူတွေကို ကူညီတယ်လို့ပါပဲ၊ ဒီနည်းနဲ့ကျွန်မ ရှေ့ဆက်တိုးခဲ့တာ” လို့မစ္စလီက ပြောပါတယ်။

အခုချိန်မှာ အသက် ၃၇ နှစ်ရှိပြီ ဖြစ်တဲ့ လီဂျူဟောင်ကတော့ သူမရဲ့ ငယ်ဘဝ ခံယူချက်အတိုင်း ဝေးလံခေါင်သီတဲ့ ဒေသတွေမှ ရွာသူရွာသားတွေရဲ့ ကျန်းမာရေးကို စောင့်ရှောက်မြဲ စောင့်ရှောက်ဆဲ။ ဆရာဝန်ကောင်းတို့ရဲ့ နှလုံးသားကို ထင်ဟပ်စေတဲ့ အမှတ်လက္ခဏာအဖြစ် ရှိနေဆဲပါ။