အိနိ ၵယႏိုင္ငံ ႐ိုဒ္ၿမိဳ႕ကလူေတြၾကားမွာေတာ့ ပိုင္ရွင္မဲ့ေခြးငယ္တစ္ေကာင္ကို ေမြးစားထားတဲ့ေမ်ာက္တစ္ေကာင္ရဲ႕အေၾကာင္းက ပ်ံ႕နံွ႔လို႔ေနပါတယ္။ စေတြ႕ၾကစဥ္တုန္းက အံ့အားသင့္ေနခဲ့ၾကေပမဲ့ အခုေတာ့ ဒီတိရိစာၦန္ႏွစ္ေကာင္ရဲ႕ၾကားက ထူးျခားတဲ့ေမတၱာတရားကို ၿမိဳ႕ခံလူေတြက သေဘာေပါက္လာၾကပါၿပီ။

ေမ်ာက္က ေခြးငယ္ေလးကို သူ႔ရဲ႕သားသမီးရင္းခ်ာလို ရင္အုပ္မကြာ အၿမဲေစာင့္ေရွာက္ေပးေနတာျဖစ္ပါတယ္။ သူတို႔ႏွစ္ေကာင္ ဘယ္လိုဆုံဆည္းခဲ့ၾကတယ္ဆိုတာကို ေရေရရာရာမသိရေပမဲ့ လမ္းေပၚမွာပဲေမြးဖြားခဲ့ပုံရတဲ့ ေခြးေလးက အခုဆိုရင္ ေကြၽးေမြးေစာင့္ေရွာက္သူရသြားၿပီလို႔ ဆိုရမွာပါ။

ေမ်ာက္ဟာ ေခြးငယ္ေလးကို သူ႔မ်က္စိေအာက္ကေန ခဏေတာင္အေပ်ာက္မခံဘဲ တျခားေခြးႀကီးေတြရဲ႕အႏၲရာယ္ကေနလည္း ကာကြယ္ေပးထားပါတယ္။ သတိထားမိလာတဲ့လူတခ်ိဳ႕က သူတို႔အတြက္ အစာလာခ်ေကြၽးတတ္ၾကၿပီး ဒီအခါမွာ ေမ်ာက္က ေခြးငယ္ေလးကိုပဲ ဦးစားေပးစားေစတာကို ေတြ႕ၾကရပါတယ္။

“သူတို႔ရဲ႕ အျပန္အလွန္တြယ္တာမႈက ေပါင္းသင္းဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး တန္ဖိုးရွိတဲ့နမူနာေကာင္းတစ္ခုကို ျပသေနပါတယ္” လို႔ Zee News က ေဖာ္ျပခဲ့ပါတယ္။

ေစာင့္ေရွာက္သူမဲ့ ေခြးငယ္ေလးကို မိဘလိုတာဝန္ယူေစာင့္ေရွာက္ေပးလိုတဲ့ေမ်ာက္အတြက္ေတာ့ မ်ိဳးႏြယ္ကြဲျပားျခားနားျခင္းက အတားအဆီးျဖစ္မေနခဲ့ပါဘူး။ ဒီအျဖစ္ေၾကာင့္ ေမတၱာ၊ က႐ုဏာနဲ႔ စာနာ႐ိုင္းပင္းလိုမႈေတြအတြက္ ဘယ္လိုကန႔္သတ္တားဆီးမႈမွရွိမေနဘူးဆိုတာကိုလည္း ကြၽန္ေတာ္တို႔ အထင္အရွားျမင္ေတြ႕ႏိုင္ပါတယ္။

Ref: One Green Planet “This Monkey Found a Homeless Puppy Living on the Street and Decided to Adopt Him as His Own!”

CRD-TH (႐ိုးရာေလး)

UNICODE

အိနိ ္ဒယနိုင်ငံ ရိုဒ်မြို့ကလူတွေကြားမှာတော့ ပိုင်ရှင်မဲ့ခွေးငယ်တစ်ကောင်ကို မွေးစားထားတဲ့မျောက်တစ်ကောင်ရဲ့အကြောင်းက ပျံ့နံှ့လို့နေပါတယ်။ စတွေ့ကြစဉ်တုန်းက အံ့အားသင့်နေခဲ့ကြပေမဲ့ အခုတော့ ဒီတိရိစ္ဆာန်နှစ်ကောင်ရဲ့ကြားက ထူးခြားတဲ့မေတ္တာတရားကို မြို့ခံလူတွေက သဘောပေါက်လာကြပါပြီ။

မျောက်က ခွေးငယ်လေးကို သူ့ရဲ့သားသမီးရင်းချာလို ရင်အုပ်မကွာ အမြဲစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ သူတို့နှစ်ကောင် ဘယ်လိုဆုံဆည်းခဲ့ကြတယ်ဆိုတာကို ရေရေရာရာမသိရပေမဲ့ လမ်းပေါ်မှာပဲမွေးဖွားခဲ့ပုံရတဲ့ ခွေးလေးက အခုဆိုရင် ကျွေးမွေးစောင့်ရှောက်သူရသွားပြီလို့ ဆိုရမှာပါ။

မျောက်ဟာ ခွေးငယ်လေးကို သူ့မျက်စိအောက်ကနေ ခဏတောင်အပျောက်မခံဘဲ တခြားခွေးကြီးတွေရဲ့အန္တရာယ်ကနေလည်း ကာကွယ်ပေးထားပါတယ်။ သတိထားမိလာတဲ့လူတချို့က သူတို့အတွက် အစာလာချကျွေးတတ်ကြပြီး ဒီအခါမှာ မျောက်က ခွေးငယ်လေးကိုပဲ ဦးစားပေးစားစေတာကို တွေ့ကြရပါတယ်။

“သူတို့ရဲ့ အပြန်အလှန်တွယ်တာမှုက ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး တန်ဖိုးရှိတဲ့နမူနာကောင်းတစ်ခုကို ပြသနေပါတယ်” လို့ Zee News က ဖော်ပြခဲ့ပါတယ်။

စောင့်ရှောက်သူမဲ့ ခွေးငယ်လေးကို မိဘလိုတာဝန်ယူစောင့်ရှောက်ပေးလိုတဲ့မျောက်အတွက်တော့ မျိုးနွယ်ကွဲပြားခြားနားခြင်းက အတားအဆီးဖြစ်မနေခဲ့ပါဘူး။ ဒီအဖြစ်ကြောင့် မေတ္တာ၊ ကရုဏာနဲ့ စာနာရိုင်းပင်းလိုမှုတွေအတွက် ဘယ်လိုကန့်သတ်တားဆီးမှုမှရှိမနေဘူးဆိုတာကိုလည်း ကျွန်တော်တို့ အထင်အရှားမြင်တွေ့နိုင်ပါတယ်။

Ref: One Green Planet “This Monkey Found a Homeless Puppy Living on the Street and Decided to Adopt Him as His Own!”