


”ပိုက်ဆံကပြန်ရှာလို့ရတယ်မေတ္တာတရားတွေကပြန်ရှာလို့မရဘူး(တခါတလေကောင်းစေချင်လို့ဆူဆုံးမတာမျိုးတော့ရှိတာပေါ့) . ကိုယ့်အပြောလေး တစ်ချက်ကြောင့် သူများ စိတ်ဒဏ်ရာ မရစေချင်ဘူး ပြောရတာလွယ်တယ် ခံရတာကမလွယ်ဘူး. ငယ်ငယ်ကတော့စိတိမထိန်းနိုင်ပဲဆူတယ်ပြောတယ်နောက်ဆုံးစိတ်ဒဏ်ရာတွေပဲရရသွားကြတယ်”လို့ဆက်လက်ရေးသားထားပါတယ်.



CRD-Cele Yatkwat

ဟောက်စားရုပ်ရှင်ဇာတ်ကားကြီး January 11 ရက်နေ့မှစတင်ပြီးတစ်နိုင်ငံလုံးမှာပြပြီ…

UNICODE

ပိုပိုက သူ့ရဲ့အသက်အရွယ်နဲ့အတွေးအပိုင်းအစလေးတွေကိုပရိသတ်တွေဆီမျှဝေပေးခဲ့ပါတယ်.ငွေဆိုတာထက်မေတ္တာ တရားကလည်းသူမအတွက်အရေးကြီးတယ်လို့ဆိုပါတယ်.အဆိုတော်မလေးပိုပိုတစ်ယောက်လတ်တလောမှာပရိသတ်တွေကိုသူမရဲ့အကြောင်းလေးတွေဖွင့်ပြောပြလေ့ရှိပါတယ်.အခုလက်ရှိမှာလည်းသူမအသက်အရွယ်နဲ့သူမရဲ့အတွေးအပိုင်းအစလေးတွေကို ပရိသတ်တွေ ဆီ မျှဝေပြောပြလာပါသေးတယ်.

”အသက်ကြီးလာတော့တွေးမိတာလေးပါ.တစ်ခါတလေလဲပိုက်ဆံတွေချည်းရှာပြီးကပ်စည်းနည်းနေလို့မရဘူး.ပျော်ရွှင်မှူကိုလဲရှာရဦးမယ်လေ.ကိုယ်လဲပျော်သူများလဲပျော်အောင်ထားရမယ်.တစ်ခါတလေအနည်းငယ်သောပိုက်ဆံနဲ့ကိုယ့်ဘေးကလူတွေကိုလဲ စိတ်မညစ်စေချင်ဘူး .ကိုယ့်ဘေးမှာရှိတဲ့ သူတွေ ကို တန်ဖိုးထားတတ်လာတယ် ” လို့ ဆိုပါတယ်.

အဲ့ဒီနောက်ပိုပိုဟာအခုချိန်မှာသူ့ရဲ့ဘေးမှာရှိတဲ့အပေါင်းအသင်း.မိတ်ဆွေ.သူငယ်ချင်းတွေနဲ့အတူတူအဆင်ပြေပြေနေချင်တဲ့အကြောင်းပြောပြလာပါသေးတယ်.အရင်ကပြောဆိုမိခဲ့တာတွေအတွက်ကိုလည်းစိတ်မကောင်းဖြစ်မိတဲ့အကြောင်းကိုဇန်နဝါရီလ ၅ ရက်နေ့ ည ၁၂ နာရီ က သူမရဲ့ ဖေ့စ်ဘွတ် အကောင့်မှာ ရေးသားခဲ့တာပါ.

”ပိုက်ဆံကပြန်ရှာလို့ရတယ်မေတ္တာတရားတွေကပြန်ရှာလို့မရဘူး(တခါတလေကောင်းစေချင်လို့ဆူဆုံးမတာမျိူးတော့ရှိတာပေါ့).ကိုယ့်အပြောလေးတစ်ချက်ကြောင့်သူများစိတ်ဒဏ်ရာမရစေချင်ဘူးပြောရတာလွယ်တယ်ခံရတာကမလွယ်ဘူး.ငယ်ငယ်ကတော့စိတိမထိန်းနိုင်ပဲဆူတယ်ပြောတယ်နောက်ဆုံးစိတ်ဒဏ်ရာတွေပဲရရသွားကြတယ်”လို့ဆက်လက်ရေးသားထားပါတယ်.

ပိုပိုဟာ အဘွားဖြစ်သူရဲ့ ဆုံးမသွန်သင်မှုအောက်မှာကြီးပြင်းလာခဲ့ရတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်.သူမအဘွားရဲ့ ဆုံးမစကားတွေကိုလည်းဒီနေ့အထိတိုင်မမေ့ဘူးဆိုတဲ့အကြောင်းကိုလည်းအခုလိုပြောပြထားပါသေးတယ်.”ဘဝမှာနေတတ်ရင်ပျော်စရာကြီးပါခွင့်လွှတ်တတ်ဖို့ပဲလိုတယ်ပြုံးပြုံးလေးပဲအကောင်းဖက်ကတွေးတော့လဲအဆင်ပြေသွားတာပါပဲအဘွားပြောသလို ပဲ ဖြစ်သမျှ အကြောင်း အကောင်းတွေချည်းပါပဲ လေ ” လို့ သူက ဆိုပါတယ်.

ပိုပိုဟာအခုလက်ရှိမှာတော့ဒဂုံတက္ကသိုလ်မှာအဝေးသင်ကျောင်းသူအဖြစ်ဥပဒေမေဂျာကိုလေ့လာဆည်းပူးနေသူဖြစ်ပါတယ်။အဝေးသင်ကျောင်းသူဖြစ်တာကြောင့်စာမေးပွဲမဖြေခင်အနီးကပ်ကျောင်း၁၀ရက်တက်နေတယ်လို့သိရပါတယ်။ပညာရေးမှာလည်းကြိုးစားနေရတဲ့အဆိုတော်မလေးပိုပိုကအနုပညာဘက်မှာလည်းပရိသတ်နဲ့အဆက်မပြတ်သွားဖို့ကြိုးစားနေတာကို တွေ့ရပါတယ်။