၁၈၈၃ ခုႏွစ္ၾသဂုတ္ ၂၇ မွာကမာၻ႕သမုိင္းရဲ႕အက်ယ္ဆုံးအသံႀကီးတခု ျဖစ္ေပၚခဲ႔ပါတယ္။ အင္ဒုိနီးရွားႏုိင္ငံ ဂ်ာဗားကြ်န္းနဲ႔ဆူမာၾတားကြ်န္းေတြၾကားမွာတည္ရွိတဲ႔ ကရာကာတုိအာကြ်န္းေပၚကထြက္ေပၚလာခဲ႔တဲ႔ အသံႀကီးဟာ ကီလုိမီတာေပါင္း ၅၀၀၀ (မုိင္ေပါင္း ၃၁၀၀) အကြာအေဝးကေနေတာင္ သဲသဲကြဲကြဲၾကားႏုိင္လုိ႔ ဘူမိေဗဒေရေၾကာေျမေၾကာအရမတူညီတဲ႔ေနရာေပါင္း ၅၀ ေလာက္မွာေနထုိင္ၾကတဲ႔လူေတြအားလုံးၾကားခဲ႔တယ္လုိ႔သိရပါတယ္။ကြ်န္းနဲ႔မုိင္ ၂၀၀၀ နီးပါးကြာေဝးတဲ႔ နယူးဂီနီနဲ႔ၾသစေတးလ်အေနာက္ပုိင္းမွာေနထုိင္သူေတြကေတာ႔ သူတုိ႔ရဲ႕အေနာက္ေျမာက္ဘက္မွာ အေျမာက္တပ္ႀကီးတခုလာေရာက္ေလ႔က်င္႔ေနသလုိခံစားခဲ႔ရတယ္လုိ႔ဆုိပါတယ္။

မုိင္ေပါင္း ၃၀၀၀ မွ်ကြာေဝးတဲ႔အိႏၵိယသမုဒၵရာထဲက ႐ုိဒရီဂူကြ်န္းေဒသခံေတြကေတာ႔ ႀကီးမားတဲ႔ေသနတ္ပစ္သံႀကီးတခုအလားၾကားခဲ႔ရတယ္လုိ႔ဆုိပါတယ္။ ဒီအသံႀကီးကုိျဖစ္ေပၚေစတာကေတာ႔ ကြ်န္းေပၚကမီးေတာင္ေပါက္ကြဲမႈႀကီးျဖစ္ၿပီး မီးခုိးေတြဟာ မုိင္ ၅၀ ေလာက္အထိပ်ံ႕ႏွံ႕ေရာက္ရွိသြားခဲ႔ကာ ျပာေတြဆုိရင္လဲ ၁၂ မုိင္ေက်ာ္ကြာေဝးတဲ႔ပင္လယ္ျပင္ထဲက်ေရာက္ခဲ႔တဲ႔အထိ စံခ်ိန္တင္ေပါက္ကြဲခဲ႔တာျဖစ္ပါတယ္။ မီးေတာင္ဝကေခ်ာ္ရည္ပူေတြဟာ အသံရဲ႕အျမန္ႏႈန္းႏွစ္ဆျဖစ္တဲ႔ တနာရီကုိ ၁၆၀၀ မုိင္ႏႈန္းနဲ႔လြင္႔စင္ထြက္ခဲ႔ၾကပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၁၉ ရာစုရဲ႕အႀကီးမားဆုံးသဘာဝေဘးအႏၲရာယ္တခုအျဖစ္ မွတ္တမ္းဝင္ခဲ႔ပါတယ္။

ဘာလုိ႔လဲဆုိေတာ႔ ဒီလုိျပင္းထန္တဲ႔အပူခ်ိန္ ဖိအားေတြနဲ႔ေခ်ာ္ရည္ပစ္လႊတ္မႈေတြဟာ ပတ္ဝန္းက်င္ေဒသေတြအေပၚေနာက္ဆက္တြဲဆုိးက်ဳိးေတြျဖစ္ေစတဲ႔အျပင္ ေပါက္ကြဲမႈေၾကာင္႔ ျဖစ္လာတဲ႔ တုန္ခါမႈလႈိင္းေတြဟာ ကမာၻတဝွမ္းကုိႀကိမ္ဖန္မ်ားစြာပ်ံ႕ႏွံ႕သြားခဲ႔လုိ႔ ၁၄၈ ေပမွ်ျမင္႔ၿပီး လႈိင္းတခုကုိ တန္ ၆၀၀ မွ်အေလးခ်ိန္ရွိတဲ႔ ဆူနာမီေရလႈိင္းေတြဟာ ဂ်ာဗားနဲ႔ဆူမာၾတားကမ္း႐ုိးတန္းကုိဝင္ေရာက္ခဲ႔လုိ႔ျဖစ္ပါတယ္။ဒီေရလႈိင္းေတြဟာ အဲ႔ဒိကမ္းေျခေတြကုိအႀကီးအက်ယ္ပ်က္စီးဆုံးရႈံးမႈေတြ ျဖစ္ေစခဲ႕ပါတယ္။ ေပါက္ကြဲတဲ႔ေနရာနဲ႔အလွမ္းကြာေဝးတဲ႔ ေတာင္အာဖရိကေရျပင္မွာေတာင္ သေဘၤာေတြဟာဆူနာမီလႈိင္းအခ်ဳိ႕ရဲ႕ဒဏ္ကုိခံခဲ႔ရေသးတယ္လုိ႔ဆုိပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားခ်ိန္မွာ ၿဗိတိသွ်ပိုင္သေဘၤာ Norham Castle ဟာကြ်န္းနဲ႔မုိင္ ၄၀ အကြာမွာရွိေနခဲ႔ပါတယ္။

အဲ႔သေဘၤာကပၸတိန္ကသူ႕မွတ္စုမွာ “အဲ႔ေပါက္ကြဲမႈႀကီးေၾကာင္႔ က်ေနာ႔သေဘၤာသားတဝက္ေလာက္ နားစည္ေတြကြဲကုန္ၾကပါတယ္။ က်ေနာ္ဆုိလဲ ကမာၻပ်က္လုိ႔ တရားစီရင္မယ္႔ေန႔ (Day of Judgement) ေရာက္ၿပီလုိ႔ေတာင္ထင္လုိက္မိပါတယ္” လုိ႔ေရးသားထားခဲ႔ပါတယ္။ Independent သတင္းစာက ေပါက္ကြဲမႈအားဟာ ဟုိက္ဒ႐ုိဂ်င္ဗုံးထက္ အဆတေသာင္းပုိျပင္းထန္တယ္လုိ႔ေရးသားေဖာ္ျပခဲ႔ၿပီး Bhatia သတင္းဌာနကလဲ ဒီအသံႀကီးဟာ မုိင္တရာခန္႕အကြာအေဝးကတုိင္းတာရင္ေတာင္ ၁၇၂ ဒက္ဆီဘယ္ ရွိတယ္လုိ႔ေဖာ္ျပခဲ႔ပါတယ္။ ၁၃၀ ဒက္ဆီဘယ္ဆုိရင္ပဲ လူေတြရဲ႕နားကုိနာက်င္မႈစေပးေနၿပီျဖစ္ပါတယ္။ ပ်ံေနတဲ႔ဂ်က္ေလယာဥ္ရဲ႕အင္ဂ်င္အနီးမွာ လူတေယာက္ရပ္ေနမယ္ဆုိရင္ေတာင္ၾကားရမယ္႔အသံက ၁၅၀ ဒက္ဆီဘယ္ပဲရွိပါတယ္။ကရာကာတုိအာမီးေတာင္နဲ႔ႏႈိင္းယွဥ္ရင္ အလြန္ေပ်ာ႕ေနေသးတဲ႔ နယူးဂီနီကမီးေတာင္တခုေပါက္ကြဲတဲ႔အခါ တုန္ခါမႈေတြျဖစ္ေပၚပုံကုိ ဗီဒီယုိ႐ုိက္ထားတာေလးရွိပါတယ္။ အစမ္းၾကည္႕လုိ႔ရေအာင္တင္ေပးလုိက္ပါတယ္။

CRD-Thet Oo Aung,MyanmarNote

UNICODE

ဟိုက်ဒရိုဂျင်ဗုံးထက် အဆတသောင်းပိုပြင်းတဲ့ တုန်ခါမှုလှိုင်းတွေနဲ့ ကမ္ဘာ့အကျယ်ဆုံးအသံကြီး

၁၈၈၃ ခုနှစ်သြဂုတ် ၂၇ မှာကမ္ဘာ့သမိုင်းရဲ့အကျယ်ဆုံးအသံကြီးတခု ဖြစ်ပေါ်ခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ဆူမာတြားကျွန်းတွေကြားမှာတည်ရှိတဲ့ ကရာကာတိုအာကျွန်းပေါ်ကထွက်ပေါ်လာခဲ့တဲ့ အသံကြီးဟာ ကီလိုမီတာပေါင်း ၅၀၀၀ (မိုင်ပေါင်း ၃၁၀၀) အကွာအဝေးကနေတောင် သဲသဲကွဲကွဲကြားနိုင်လို့ ဘူမိဗေဒရေကြောမြေကြောအရမတူညီတဲ့နေရာပေါင်း ၅၀ လောက်မှာနေထိုင်ကြတဲ့လူတွေအားလုံးကြားခဲ့တယ်လို့သိရပါတယ်။ကျွန်းနဲ့မိုင် ၂၀၀၀ နီးပါးကွာဝေးတဲ့ နယူးဂီနီနဲ့သြစတေးလျအနောက်ပိုင်းမှာနေထိုင်သူတွေကတော့ သူတို့ရဲ့အနောက်မြောက်ဘက်မှာ အမြောက်တပ်ကြီးတခုလာရောက်လေ့ကျင့်နေသလိုခံစားခဲ့ရတယ်လို့ဆိုပါတယ်။

မိုင်ပေါင်း ၃၀၀၀ မျှကွာဝေးတဲ့အိန္ဒိယသမုဒ္ဒရာထဲက ရိုဒရီဂူကျွန်းဒေသခံတွေကတော့ ကြီးမားတဲ့သေနတ်ပစ်သံကြီးတခုအလားကြားခဲ့ရတယ်လို့ဆိုပါတယ်။ ဒီအသံကြီးကိုဖြစ်ပေါ်စေတာကတော့ ကျွန်းပေါ်ကမီးတောင်ပေါက်ကွဲမှုကြီးဖြစ်ပြီး မီးခိုးတွေဟာ မိုင် ၅၀ လောက်အထိပျံ့နှံ့ရောက်ရှိသွားခဲ့ကာ ပြာတွေဆိုရင်လဲ ၁၂ မိုင်ကျော်ကွာဝေးတဲ့ပင်လယ်ပြင်ထဲကျရောက်ခဲ့တဲ့အထိ စံချိန်တင်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ မီးတောင်ဝကချော်ရည်ပူတွေဟာ အသံရဲ့အမြန်နှုန်းနှစ်ဆဖြစ်တဲ့ တနာရီကို ၁၆၀၀ မိုင်နှုန်းနဲ့လွင့်စင်ထွက်ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်ဟာ ၁၉ ရာစုရဲ့အကြီးမားဆုံးသဘာဝဘေးအန္တရာယ်တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုပြင်းထန်တဲ့အပူချိန် ဖိအားတွေနဲ့ချော်ရည်ပစ်လွှတ်မှုတွေဟာ ပတ်ဝန်းကျင်ဒေသတွေအပေါ်နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်စေတဲ့အပြင် ပေါက်ကွဲမှုကြောင့် ဖြစ်လာတဲ့ တုန်ခါမှုလှိုင်းတွေဟာ ကမ္ဘာတဝှမ်းကိုကြိမ်ဖန်များစွာပျံ့နှံ့သွားခဲ့လို့ ၁၄၈ ပေမျှမြင့်ပြီး လှိုင်းတခုကို တန် ၆၀၀ မျှအလေးချိန်ရှိတဲ့ ဆူနာမီရေလှိုင်းတွေဟာ ဂျာဗားနဲ့ဆူမာတြားကမ်းရိုးတန်းကိုဝင်ရောက်ခဲ့လို့ဖြစ်ပါတယ်။ဒီရေလှိုင်းတွေဟာ အဲ့ဒိကမ်းခြေတွေကိုအကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေခဲ့ပါတယ်။ ပေါက်ကွဲတဲ့နေရာနဲ့အလှမ်းကွာဝေးတဲ့ တောင်အာဖရိကရေပြင်မှာတောင် သင်္ဘောတွေဟာဆူနာမီလှိုင်းအချို့ရဲ့ဒဏ်ကိုခံခဲ့ရသေးတယ်လို့ဆိုပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ဗြိတိသျှပိုင်သင်္ဘော Norham Castle ဟာကျွန်းနဲ့မိုင် ၄၀ အကွာမှာရှိနေခဲ့ပါတယ်။

အဲ့သင်္ဘောကပ္ပတိန်ကသူ့မှတ်စုမှာ “အဲ့ပေါက်ကွဲမှုကြီးကြောင့် ကျနော့သင်္ဘောသားတဝက်လောက် နားစည်တွေကွဲကုန်ကြပါတယ်။ ကျနော်ဆိုလဲ ကမ္ဘာပျက်လို့ တရားစီရင်မယ့်နေ့ (Day of Judgement) ရောက်ပြီလို့တောင်ထင်လိုက်မိပါတယ်” လို့ရေးသားထားခဲ့ပါတယ်။ Independent သတင်းစာက ပေါက်ကွဲမှုအားဟာ ဟိုက်ဒရိုဂျင်ဗုံးထက် အဆတသောင်းပိုပြင်းထန်တယ်လို့ရေးသားဖော်ပြခဲ့ပြီး Bhatia သတင်းဌာနကလဲ ဒီအသံကြီးဟာ မိုင်တရာခန့်အကွာအဝေးကတိုင်းတာရင်တောင် ၁၇၂ ဒက်ဆီဘယ် ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။ ၁၃၀ ဒက်ဆီဘယ်ဆိုရင်ပဲ လူတွေရဲ့နားကိုနာကျင်မှုစပေးနေပြီဖြစ်ပါတယ်။ ပျံနေတဲ့ဂျက်လေယာဉ်ရဲ့အင်ဂျင်အနီးမှာ လူတယောက်ရပ်နေမယ်ဆိုရင်တောင်ကြားရမယ့်အသံက ၁၅၀ ဒက်ဆီဘယ်ပဲရှိပါတယ်။ကရာကာတိုအာမီးတောင်နဲ့နှိုင်းယှဉ်ရင် အလွန်ပျော့နေသေးတဲ့ နယူးဂီနီကမီးတောင်တခုပေါက်ကွဲတဲ့အခါ တုန်ခါမှုတွေဖြစ်ပေါ်ပုံကို ဗီဒီယိုရိုက်ထားတာလေးရှိပါတယ်။ အစမ်းကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။

CRD-Thet Oo Aung,MyanmarNote