ဂ်ပန္ရဲ႕ဆူရွီသူေဌးႀကီးတစ္ဦးကေတာ့ အေလးခ်ိန္ (၆၁၃)ေပါင္ရွိတဲ့ တူနာငါးႀကီးတစ္ေကာင္ကို ဂ်ပန္ယမ္း (၃၃၃.၆)သန္းအထိ ေပးၿပီး ဝယ္ယူခဲ့ပါတယ္။ တကယ္ေတာ့ အဆုိပါ သူေဌးႀကီးဟာ ႏွစ္သစ္မွာပထမဆုံးျပဳလုပ္တဲ့ တုိက်ိဳငါးေစ်းကြက္ေလလံကို ေအာင္ျမင္ခဲ့တာပါ။

ယမ္း (၃၃၃.၆)သန္းဟာ ပမာဏအားျဖင့္ ေပါင္ (၂.၅)သန္း၊ သုိ႔မဟုတ္ အေမရိကန္ေဒၚလာ (၃.၁၈)သန္းေက်ာ္ တန္ဖုိးရွိပါတယ္။ သူဝယ္ယူခဲ့တဲ့ ငါးကေတာ့ ဆူးေတာင္ျပာတူနာငါးအမ်ိဳးအစားျဖစ္ပါတယ္။ သူေဌးႀကီးရဲ႕အမည္ကေတာ့ Kiyoshi Kimura ျဖစ္ၿပီး Sushizanmai လုပ္ငန္းစုကို ပုိင္ဆုိင္ပါတယ္။

ဆူေတာင္ျပာတူနာငါးႀကီးကုိေတာ့ ဂ်ပန္ေျမာက္ပုိင္း ကမ္း႐ုိးတန္းမွာ ဖမ္းမိခဲ့တာျဖစ္ၿပီး တူနာငါးေရာင္းခ်ရမႈထဲမွာေတာ့ ေစ်းအမ်ားဆုံးရခဲ့တဲ့မွတ္တမ္းကို ပိုင္ဆုိင္ခဲ့ပါတယ္။ Kimura က သတင္းေထာက္ေတြနဲ႔ေတြ႕ဆုံစဥ္မွာ “ဒီငါးႀကီးက အလြန္အရသာရွိၿပီး လက္ဆက္ပါတယ္ … ကၽြန္ေတာ္ကေတာ့ ထင္တာထက္ကုိ ပုိမယ္လုိ႔ယူဆပါတယ္ “လုိ႔ ေျပာပါတယ္။

သူက ဆက္လက္ၿပီး ” ဒီငါးႀကီးကုိ ယမ္းသန္း(၃၀)(၅၀)(၆၀) ဒီထက္မပုိေလာက္ဘူးလုိ႔ ထင္ခဲ့တာပါ … ဒါေပမယ့္ ေစ်းက (၆)ဆေလာက္အထိ ေျမာက္သြားခဲ့တယ္ … “လုိ႔ ေျပာပါတယ္။ Toyosu ငါးေစ်းမွာ ႏွစ္သစ္ရဲ႕ပထမဆုံးေလလံကို က်င္းပခဲ့တာျဖစ္ၿပီး၊ ယမန္ႏွစ္က နာမည္အႀကီးဆုံးငါးေစ်း Tsukiji ကုိ ပိတ္သိမ္းခဲ့ပါတယ္။

Tsukiji ကုိ ပိတ္သိမ္းရျခင္းအေၾကာင္းအရင္းကေတာ့ (၂၀၂၀)မွာ က်င္းပမယ့္ အုိလံပစ္ပြဲေတာ္အတြက္ ယာယီကစားကြင္းလုပ္ဖုိ႔ျဖစ္ၿပီး၊ ေနာက္မွာ Tsukiji ငါးေစ်းကုိျပန္ဖြင့္မလားဆုိတာကုိေတာ့ အာဏာပုိင္ေတြက ယတိျပတ္ထုတ္ျပန္တာမ်ိဳး မရွိေသးပါဘူး။

CRD-လင္းေဇာ္ကို (MyanmarNote)

UNICODE

ဂျပန်ရဲ့ဆူရှီသူဌေးကြီးတစ်ဦးကတော့ အလေးချိန် (၆၁၃)ပေါင်ရှိတဲ့ တူနာငါးကြီးတစ်ကောင်ကို ဂျပန်ယမ်း (၃၃၃.၆)သန်းအထိ ပေးပြီး ဝယ်ယူခဲ့ပါတယ်။ တကယ်တော့ အဆိုပါ သူဌေးကြီးဟာ နှစ်သစ်မှာပထမဆုံးပြုလုပ်တဲ့ တိုကျိုငါးဈေးကွက်လေလံကို အောင်မြင်ခဲ့တာပါ။

ယမ်း (၃၃၃.၆)သန်းဟာ ပမာဏအားဖြင့် ပေါင် (၂.၅)သန်း၊ သို့မဟုတ် အမေရိကန်ဒေါ်လာ (၃.၁၈)သန်းကျော် တန်ဖိုးရှိပါတယ်။ သူဝယ်ယူခဲ့တဲ့ ငါးကတော့ ဆူးတောင်ပြာတူနာငါးအမျိုးအစားဖြစ်ပါတယ်။ သူဌေးကြီးရဲ့အမည်ကတော့ Kiyoshi Kimura ဖြစ်ပြီး Sushizanmai လုပ်ငန်းစုကို ပိုင်ဆိုင်ပါတယ်။

ဆူတောင်ပြာတူနာငါးကြီးကိုတော့ ဂျပန်မြောက်ပိုင်း ကမ်းရိုးတန်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး တူနာငါးရောင်းချရမှုထဲမှာတော့ ဈေးအများဆုံးရခဲ့တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ Kimura က သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်မှာ “ဒီငါးကြီးက အလွန်အရသာရှိပြီး လက်ဆက်ပါတယ် … ကျွန်တော်ကတော့ ထင်တာထက်ကို ပိုမယ်လို့ယူဆပါတယ် “လို့ ပြောပါတယ်။

သူက ဆက်လက်ပြီး ” ဒီငါးကြီးကို ယမ်းသန်း(၃၀)(၅၀)(၆၀) ဒီထက်မပိုလောက်ဘူးလို့ ထင်ခဲ့တာပါ … ဒါပေမယ့် ဈေးက (၆)ဆလောက်အထိ မြောက်သွားခဲ့တယ် … “လို့ ပြောပါတယ်။ Toyosu ငါးဈေးမှာ နှစ်သစ်ရဲ့ပထမဆုံးလေလံကို ကျင်းပခဲ့တာဖြစ်ပြီး၊ ယမန်နှစ်က နာမည်အကြီးဆုံးငါးဈေး Tsukiji ကို ပိတ်သိမ်းခဲ့ပါတယ်။

Tsukiji ကို ပိတ်သိမ်းရခြင်းအကြောင်းအရင်းကတော့ (၂၀၂၀)မှာ ကျင်းပမယ့် အိုလံပစ်ပွဲတော်အတွက် ယာယီကစားကွင်းလုပ်ဖို့ဖြစ်ပြီး၊ နောက်မှာ Tsukiji ငါးဈေးကိုပြန်ဖွင့်မလားဆိုတာကိုတော့ အာဏာပိုင်တွေက ယတိပြတ်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။