လူငယ္ပရိသတ္ေတြေရာလူႀကီးပရိသတ္ေတြေရာအဓိကႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းစြဲႏုိင္ငံေက်ာ္ေတးသံ႐ွင္စုိင္းစုိင္းခမ္းလႈိင္ကေတာ့ဘစုိင္းဘစုိင္းဆုိၿပီးေခၚေနၾကတာပတ္သက္ၿပီးေတာ့သူ႔ကုိစုိင္းစုိင္းလုိ႔ေခၚတာကုိအၾကဳိက္ဆုံးပဲဆုိၿပီးSundaysရဲ႕အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

ဘစုိင္းလုိ႔ေခၚၾကတာနဲ႔ပတ္သက္ျပီးစုိင္းစုိင္းခမ္းလႈိင္က“ကြၽန္ေတာ္ရံဖန္ရံခါမွာကေလးေလးပရိသတ္ေတြလည္းကြၽန္ေတာ္ေတြ႔တယ္။လူႀကီးပရိသတ္ေတြလည္းကြၽန္ေတာ္ေတြ႔တယ္အဲ့ေတာ့ကြၽန္ေတာ္အေနနဲ႔ကေတာ့ဘယ္အရြယ္ပဲျဖစ္ျဖစ္ကြၽန္ေတာ့္အတြက္က ကုိယ့္ပရိသတ္ပါပဲ။ ႀကီးႀကီးငယ္ငယ္ငယ္က်ားက်ားမမ ကြၽန္ေတာ့္ပရိသတ္ကုိ ကြၽန္ေတာ္ ခ်စ္ပါတယ္။

ကြၽန္ေတာ့္ကုိေခၚတာကေတာ့ကြၽန္ေတာ္အၾကဳိက္ဆုံးကေတာ့စုိင္းစုိင္းလုိ႔ေခၚတာအၾကဳိက္ဆုံးပဲအသက္ႀကီးလာလုိ႔ကုိစုိင္းတုိ႔ဦးစုိင္းတုိ႔ေျပာင္းေခၚလုိ႔လဲရပါတယ္။အဲ့တာလည္းျပႆနာမ႐ွိဘူး။ဒါေပမဲ့စုိင္းစုိင္းလုိ႔ေခၚတာကေတာ့Brandတစ္ခုအေနနဲ႔ေပါ့ေနာ္။ တံဆိပ္တစ္ခုအေနနဲ႔ ကြၽန္ေတာ္အၾကဳိက္ဆုံးပါပဲ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

Show ပြဲေတြ ေဖ်ာ္ေျဖရင္ ပရိသတ္နဲ႔ အေပးအယူမွ်ေအာင္ဘယ္လုိမ်ိဳးေတြ လုပ္ျဖစ္လဲလုိ႔ေမးျမန္းရာ စုိင္းစုိင္းခမ္းလႈိင္က “ကြၽန္ေတာ္ပြဲေတြမွာ ေဖ်ာ္ေျဖရင္ ပရိသတ္နဲ႔အေပးအယူလုပ္ၿပီး ေဖ်ာ္ေျဖေလ့႐ွိပါတယ္။ ဘားအံမွာဆုိလည္း ဘားအံမွာေပါ့ ေမာ္လျမဳိင္မွာဆုိလည္းေမာ္လျမဳိင္မွာေပါ့စသျဖင့္မေန႔ကလည္းရန္ကုန္မွာလုပ္တဲ့ပြဲေပါ့ေနာ္ကြၽန္ေတာ္ကရန္ကုန္လုိ႔ေအာ္တဲ့အခ်ိန္မွာ ပရိသတ္ေတြကုိ စုိင္းစုိင္းလုိ႔ ေအာ္ေပးပါေပါ့။

ဒီလုိပရိသတ္အမ်ားႀကီးကေနၿပီးေတာ့ ကြၽန္ေတာ့္နာမည္ကုိ ေအာ္ဟစ္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္အတြက္ ကြၽန္ေတာ့္ေသြးထဲမွာ ကြၽန္ေတာ့္ကုိယ္ထဲမွာေ႐ွ႕ဆက္ေလွ်ာက္ဖုိ႔အတြက္ခြန္အားေတြအမ်ားႀကီးရပါတယ္။ဥပမာမေန႔ကပြဲလုိမ်ိဳးမွာရတဲ့အားေပးမႈမ်ိဳးကကြၽန္ေတာ့္အတြက္ဒီ၂၀၁၉တစ္ႏွစ္ကုိဘယ္လုိအခက္အခဲေတြပဲျဖစ္ျဖစ္ျဖစ္လာပါေစကြၽန္ေတာ္ရင္ဆုိင္ဖုိ႔အတြက္အဆင္သင့္ျဖစ္ေနႏုိင္တဲ့လုံေလာက္တဲ့အားေပးမႈေတြျဖစ္ပါတယ္။အဲ့အတြက္ကြၽန္ေတာ့္ပရိသတ္ကုိကြၽန္ေတာ္ေက်းဇူးအမ်ားႀကီးတင္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

new year countdown ပြဲမွာ ဝတ္ခဲ့တဲ့ ဖက္႐ွင္နဲ႔ ပတ္သက္ၿပီး”ကြၽန္ေတာ့္ရဲ႕သီခ်င္းအသစ္သူေဌးသားဆုိတာ႐ွိပါတယ္။ အဲ့ေတာ့ အဲ့သီခ်င္းကုိPerformလုပ္တဲ့အခ်ိန္မွာကြၽန္ေတာ္ဒီလုိအဂ်ႌမ်ိဳးကုိဝတ္ခ်င္ပါတယ္ဆုိၿပီးေတာ့ဒီဇုိင္နာမပုံ႔ကုိကြၽန္ေတာ္ အကူအညီေတာင္းပါတယ္။ မပုံ႔က ကြၽန္ေတာ့္အတြက္ သီးသန္႔သူခ်ဳပ္ေပးထားတာပြဲသြားခါနီးဝတ္ၾကည့္တဲ့အခ်ိန္မွာအထဲက စြပ္က်ယ္ဝတ္ၾကည့္တယ္တိ႐ွပ္ဝတ္ၾကည့္တယ္။ဒါေပမဲ့အထဲကဘာမွမဝတ္ထားတာကပုိၿပီးေတာ့လုိက္ေနတာနဲ႔အဲ့မွာကြၽန္ေတာ့္အဖြဲ႔တြနဲ႔ တုိင္ပင္တဲ့အခ်ိန္က်ေတာ့ ငါတစ္ခါမွေတာ့ မလုပ္ဖူးဘူးလုိ႔ ဒါေပမဲ့ ခ်မယ္ကြာဆုိၿပီးေတာ့ ဝတ္ျဖစ္တာပါ။ဒါေပမဲ့ အၾကာႀကီးေတာ့ မဝတ္ရဲဘူး တစ္ပုဒ္ပဲဝတ္တာ။”လုိ႔ေျပာသြားခဲ့ပါတယ္။

CRD-nanmalgyi

ေဟာက္စားရုပ္ရွင္ဇာတ္ကားၾကီး January 11 ရက္ေန႔မွစတင္ျပီးတစ္ႏိုင္ငံလံုးမွာျပျပီ…

UNICODE

လူငယ်ပရိသတ်တွေရောလူကြီးပရိသတ်တွေရောအဓိကနှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲနိုင်ငံကျော်တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်ကတော့ဘစိုင်းဘစိုင်းဆိုပြီးခေါ်နေကြတာပတ်သက်ပြီးတော့သူ့ကိုစိုင်းစိုင်းလို့ခေါ်တာကိုအကြိုက်ဆုံးပဲဆိုပြီးSundaysရဲ့အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဘစိုင်းလို့ခေါ်ကြတာနဲ့ပတ်သက်ပြီးစိုင်းစိုင်းခမ်းလှိုင်က“ကျွန်တော်ရံဖန်ရံခါမှာကလေးလေးပရိသတ်တွေလည်းကျွန်တော်တွေ့တယ်။လူကြီးပရိသတ်တွေလည်းကျွန်တော်တွေ့တယ်အဲ့တော့ကျွန်တော်အနေနဲ့ကတော့ဘယ်အရွယ်ပဲဖြစ်ဖြစ်ကျွန်တော့်အတွက်က ကိုယ့်ပရိသတ်ပါပဲ။ ကြီးကြီးငယ်ငယ်ငယ်ကျားကျားမမ ကျွန်တော့်ပရိသတ်ကို ကျွန်တော် ချစ်ပါတယ်။

ကျွန်တော့်ကိုခေါ်တာကတော့ကျွန်တော်အကြိုက်ဆုံးကတော့စိုင်းစိုင်းလို့ခေါ်တာအကြိုက်ဆုံးပဲအသက်ကြီးလာလို့ကိုစိုင်းတို့ဦးစိုင်းတို့ပြောင်းခေါ်လို့လဲရပါတယ်။အဲ့တာလည်းပြဿနာမရှိဘူး။ဒါပေမဲ့စိုင်းစိုင်းလို့ခေါ်တာကတော့Brandတစ်ခုအနေနဲ့ပေါ့နော်။ တံဆိပ်တစ်ခုအနေနဲ့ ကျွန်တော်အကြိုက်ဆုံးပါပဲ။”လို့ ပြောသွားခဲ့ပါတယ်။

Show ပွဲတွေ ဖျော်ဖြေရင် ပရိသတ်နဲ့ အပေးအယူမျှအောင်ဘယ်လိုမျိုးတွေလုပ်ဖြစ်လဲလို့မေးမြန်းရာစိုင်းစိုင်းခမ်းလှိုင်က “ကျွန်တော်ပွဲတွေမှာဖျော်ဖြေရင်ပရိသတ်နဲ့အပေးအယူလုပ်ပြီးဖျော်ဖြေလေ့ရှိပါတယ်။ဘားအံမှာဆိုလည်းဘားအံမှာပေါ့မော်လမြိုင်မှာဆိုလည်းမော်လမြိုင်မှာပေါ့စသဖြင့်မနေ့ကလည်းရန်ကုန်မှာလုပ်တဲ့ပွဲပေါ့နော်ကျွန်တော်ကရန်ကုန်လို့အော်တဲ့အချိန်မှာ ပရိသတ်တွေကို စိုင်းစိုင်းလို့ အော်ပေးပါပေါ့။

ဒီလိုပရိသတ်အများကြီးကနေပြီးတော့ကျွန်တော့်နာမည်ကိုအော်ဟစ်တဲ့အချိန်မှာကျွန်တော့်အတွက်ကျွန်တော့်သွေးထဲမှာကျွန်တော့်ကိုယ်ထဲမှာရှေ့ဆက်လျှောက်ဖို့အတွက်ခွန်အားတွေအများကြီးရပါတယ်။ဥပမာမနေ့ကပွဲလိုမျိုးမှာရတဲ့အားပေးမှုမျိုးကကျွန်တော့်အတွက်ဒီ၂၀၁၉တစ်နှစ်ကိုဘယ်လိုအခက်အခဲတွေပဲဖြစ်ဖြစ်ဖြစ်လာပါစေကျွန်တော်ရင်ဆိုင်ဖို့အတွက်အဆင်သင့်ဖြစ်နေနိုင်တဲ့လုံလောက်တဲ့အားပေးမှုတွေဖြစ်ပါတယ်။အဲ့အတွက်ကျွန်တော့်ပရိသတ်ကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

newyearcountdownပွဲမှာဝတ်ခဲ့တဲ့ဖက်ရှင်နဲ့ပတ်သက်ပြီး”ကျွန်တော့်ရဲ့သီချင်းအသစ်သူဌေးသားဆိုတာရှိပါတယ်။အဲ့တော့အဲ့သီချင်းကိုPerformလုပ်တဲ့အချိန်မှာကျွန်တော်ဒီလိုအင်္ဂျီမျိုးကိုဝတ်ချင်ပါတယ်ဆိုပြီးတော့ဒီဇိုင်နာမပုံ့ကိုကျွန်တော်အကူအညီတောင်းပါတယ်။မပုံ့ကကျွန်တော့်အတွက်သီးသန့်သူချုပ်ပေးထားတာပွဲသွားခါနီးဝတ်ကြည့်တဲ့အချိန်မှာအထဲကစွပ်ကျယ်ဝတ်ကြည့်တယ်တိရှပ်ဝတ်ကြည့်တယ်။ဒါပေမဲ့အထဲကဘာမှမဝတ်ထားတာကပိုပြီးတော့လိုက်နေတာနဲ့အဲ့မှာကျွန်တော့်အဖွဲ့တွနဲ့ တိုင်ပင်တဲ့အချိန်ကျတော့ ငါတစ်ခါမှတော့ မလုပ်ဖူးဘူးလို့ ဒါပေမဲ့ ချမယ်ကွာဆိုပြီးတော့ ဝတ်ဖြစ်တာပါ။ဒါပေမဲ့ အကြာကြီးတော့ မဝတ်ရဲဘူး တစ်ပုဒ်ပဲဝတ်တာ။”လို့ပြောသွားခဲ့ပါတယ်။