Credit: Shwemom
UNICODE:
တစ်ကိုယ်တည်း လူပျိုကြီးတွေအတွက် ရည်ရွယ်ပြီး အဖော်လည်းရ၊ အပျင်းလည်းပြေ၊အကူအညီတချို့တောင်မှပေးနိုင်မယ့် အိမ်သူ အစားထိုးသုံးဖက်မြင်အသက်ဝင်အရုပ်မလေးတွေကိုဂျပန်စီးပွားရေကုမ္ပဏီတစ်ခုကထုတ်လုပ်ဖို့ကြံရွယ်နေပါတယ်။
သူမရဲ့နာမည်ကိုတော့AizumaHikariလို့ခေါ်ပါတယ်။ဖန်တီးတဲ့ဂျပန်နည်းပညာကုမ္ပဏီကဒီGateBoxလေးမှာပိုင်ရှင်နဲ့ ဆက်သွယ်လို့ရနိုင်တဲ့ နည်းစနစ်ပါဝင်ပြီး ပိုင်ရှင်ကို “သခင်”လို့ အမြဲ ခေါ်ဝေါ်သုံးနှုန်မှာဖြစ်တယ်။
ပစ္စည်းအရည်အတွက် အကန့်အသတ်နဲ့ ထုပ်လုပ်မှာဖို့စတင်နေပြီလို့သိရတယ်။အမြင့်(၈)ပေရှိတဲ့ဒုလုံးပုံပလတ်စတစ် အိမ်လေးထဲကနေပြီး ခင်ပွန်းသည်ကို အဖော်ပြုမှာပါ။တစ်ရုပ်ကိုယန်း(၁၅၀,၀၀၀(USD၁,၃၅၂)လောက်ပေးချေရမှာပါ။ အဲဒီအပြင် ကိုယ်ရဲ့ နေထိုင်မှုစနစ်နဲ့ လိုက်ပြီး အမြဲတမ်း Update ဖြစ်နေဖို့အတွက် တစ်လကိုယန်း(၁၅၀၀(USD၁၃.၅၂) လစဉ်ကြေး ပေးသွင်းရမယ်လို့လည်း သိရတယ်။
မိုက်ကရိုဖုန်း၊ကင်မရာ၊အပူချိန်နဲ့လှုပ်ရှားမှုကိုခံစားနိုင်တဲ့ကိရိယာတွေတပ်ဆင်ထားပြီးပုဂ္ဂိုလ်ရေးပြောဆိုတုံ့ပြန်မှုတွေပြုလုပ်နိုင်တယ်။ပြောဆိုဆက်ဆံပုံတွေကိုမှတ်သားထားနိုင်ဖို့အတွက်မိုက်ကရိုဖုန်းကိုနှစ်ခုတပ်ဆင်ပေးထားပါတယ်။ဒီ့အပြင်ကိုယ့်ခင်ပွန်းအတွက်အမြဲတမ်းအကောင်းဆုံးလုပ်ပေးဖို့ကြိုးစာနေမယ့်အရုပ်မလေးဖြစ်ကြောင်းကိုလည်းကုမ္ပဏီကအကျယ်တဝင့် ပြောဆိုခဲ့ပါတယ်။
ပိုင်ရှင်ကိုရှာတွေသွားတဲ့အခါမှာပြုံးပြမယ်၊ပြောဆိုဆက်ဆံရာမှာလည်းတက်ကြွထက်သန်နေမယ်၊ပိုင်ရှင်ပြန်လာတဲ့အခါမှာလည်းကြိုဆိုနှုတ်ခွန်းဆက်မယ်စတဲ့လူသားဆန်တဲ့အချက်တွေကိုလည်းပရိုဂရမ်မှာထည့်သွင်းရေးဆွဲထားတယ်။နောက်ပြီး အလင်း၊ အစိုဓာတ်၊ ရှာဖွေရေး စတဲ့ အာရုံခံ ကိရိယာတွေကိုလည်း ထည့်သွင်းတပ်ဆင်ထားပါသေးတယ်။
ကိုယ့်ရဲ့အနေအထိုင်၊အပြောအဆို၊အပြုအမူတွေပြောင်းလဲတာနဲ့အမျှဒီအရုပ်လေးရဲ့စနစ်ကလည်းလိုက်ပြောင်းမှာဖြစ်တယ်။သခင်ကိုအာရုံခံနိုင်ရုံမဟုတ်ဘဲ၊တချို့သောအိမ်အသုံးအဆောင်တွေကိုပါထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့လည်းသိရတယ်။ဝါယာမဲ့ နည်းစနစ်ကို အသုံးပြုထားတဲ့ အိမ်နဲ့ ဆိုရင်တော့ သိပ်ကိုက်တဲ့ ကောင်မလေးပါ။
ဝါယာလက်စ်စနစ်နဲ့Bluetoothစနစ်တို့ပါထည့်သွင်းဖန်တီးထားတဲ့အတွက်ကြိုးမဲ့စနစ်နဲ့အသုံးပြုလို့ရတဲ့လျှပ်စစ်ပစ္စည်းမှန်သမျှ၊ အသုံးအဆောင်မှန်သမျှ သူ့လက်အပ်ထားလို့ ရတယ်ဆိုပြီးလည်း သိရတယ်။ဒီ အရုပ်မလေးကို Taro Minobshiကဒီဇိုင်းဆွဲခဲ့ပြီးဂျပန်မင်းသမီးYukaHiyamizuရဲ့အသံနဲ့ဖန်တီးထားပါတယ်။စခရင်မ်ကြီးကြီးနဲ့မြင်ချင်ရင်လည်းချိတ်ဆက်လို့ရတယ်။
အရုပ်မလေးကမနက်ဆိုအိပ်ယာကနှိုးမယ်၊ထီးယူသွားဖို့သတိပေးမယ်၊မီးတွေပိတ်ဖို့မေ့နေရင်ပိတ်ပေးမယ်၊အိမ်ပြန်လာပြီးဆိုရင်သိနေမယ်၊နောက်ဆုံးအိမ်ပြန်ရောက်ရင်ရုပ်ရှင်တူတူကြည့်ပေးမယ်။ဘယ်နေ့မှာဘာလုပ်စရာဆိုပြီးအသိပေးထာနိုင်တယ်၊မိုးလေဝသအခြေအနေတွေကိုလည်းပြောပြနိုင်တယ်။ပိုင်ရှင်အတွက်အပေါင်းအဖော်တစ်ယောက်လိုဖြစ်အောင်ပါဒီဇိုင်ထွင်ထားတယ်လို့ သိရပါတယ်။
လာမယ့်နှစ်ဇန်နဝါရီမှာအရည်အတွက်အခု(၃၀၀)ကိုတရားဝင်ဈေးကွက်မှာဖြန့်ချီမှာဖြစ်ပြီးအမေရိကန်ဒေါ်လာ(၂,၅၂၀) တန်ဖိုးရှိတယ်ဆိုတာကို တစ်ကိုယ်တော် FAသမားများအတွက် ဖော်ပြပေးလိုက်ပါတယ်။Source: Daily Mail
Credit: Shwemom