Loading...





CRD-welovecele

UNICODE

ဒိန်းဒေါင်တစ်ယောက်ကတော့ သူအလှူအတန်းပြုခဲ့တဲ့ ငွေသားတွေဟာဖြူဖြူစင်စင်ရှာထားတဲ့ငွေတွေဖြစ်တဲ့အကြောင်းကို ကျိန်ဆိုပြလိုက်တာပါ။ဒိန်းဒေါင်ဟာအလှူအတန်းမှာရက်ရောလွန်းလှတဲ့သူတစ်ဦးဖြစ်တာကိုလည်းသူလှူခဲ့တဲ့ပုံရိပ်တွေကသက်သေပြနေပါတယ်။သူ့ရဲ့အသက်(၄၅)နှစ်ပြည့်မွေးနေ့မှာလည်းမိခင်ဖြစ်သူကိုကျပ်သိန်း(၁၀၀)နဲ့ကန်တော့ခဲ့တဲ့အပြင် ယခင်နှစ်က မွေးနေ့မှာလည်း ကျပ်သိန်း (၅၀) နဲ့ကန်တော့ခဲ့တာဖြစ်ပါတယ်။

ဒိန်းဒေါင်ဟာ အနုပညာရှင်တစ်ဦးဖြစ်တာကြောင့်ပရိသတ်တွေမုန်းမယ့်အရာတွေကိုလည်း အမြဲလိုလိုရှောင်ကျဉ်ပြီးတော့ ပရိသတ်ချစ်အောင် နေတဲ့အနုပညာရှင်တစ်ဦးပါ။ ဒိန်းဒေါင်တစ်ယောက်ကတော့ ယနေ့မှာသူ ဘုရားတည်၊ရှင်ပြုပေး၊ ထီးတင်ခဲ့တဲ့ ငွေသားတွေအားလုံးဟာ ဖြူဖြူစင်စင်နဲ့ရှာထားတဲ့ငွေများဖြစ်တဲ့အကြောင်းကို သူ့ရဲ့အကောင့်ကနေပြီးတော့ ပြောဆိုလာခဲ့ပါတယ်။

“ကျွန်တော်ဘုရားတည်တာ၃နှစ်ကျော်ပါပီသိမ်လှူခဲ့တာ၇နှစ်လောက်ရှိပါပြီမိဘမဲ့ခလေးတွေရှင်ပြုပေးခဲ့တာ၉နှစ်ကျော်ပါပြီရှေးဟောင်းဘုရားများထီးတော်လိုက်တင်တာနှစ်တိုင်းပါထိုငွေများသည်နေ့မအိပ်ညမအိပ်ကြိုးစားရှာခဲ့သောကျွန်တော်ရဲ့ဖြူစင်သောငွေများဖြစ်ပါသည်ဒီစကားမှန်ကန်ခဲ့ရင်တစ်ကမ္ဘာလုံးကျမ်းမာချမ်းသာကြပါစေလိမ်ပြောခဲ့ရင်ကျွန်တော်အသေဆိုးနဲ့သေပါစေ နားလည်နိုင်ကြပါစေ” လို့ ယနေ့ညပိုင်းလောက်က တင်ထားခဲ့တာဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့သူ့ရဲ့လှူတန်းခဲ့တဲ့ငွေတွေဟာဖြူစင်တဲ့အကြောင်းကိုကျိန်ဆိုပြီးတော့မှပရိသတ်တွေကိုပြောပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အလှူအတန်းတွေအမြဲပြုလုပ်နေတဲ့ ဒိန်းဒေါင်ကိုလည်း အထင်မလွဲကြပါနဲ့နော်။