ရခိုင္ယူႏိုက္တက္အသင္းသည္လာမည့္၂ဝ၁၉ေဘာလုံးရာသီတြက္ျပင္ဆင္မႈေတြကိုျပဳလုပ္ေနၿပီးအသင္းရဲ႕ဒုဥကၠဌအျဖစ္သ႐ုပ္ေဆာင္ေနထက္လင္းကိုခန႔္အပ္လိုက္ပါတယ္။အသင္း၏ပရိသတ္မ်ားတိုးပြားလာေစရန္ႏွင့္အသင္း၌ရွယ္ယာရွင္မ်ားတိုးပြားလာေစရန္ရည္႐ြယ္၍သ႐ုပ္ေဆာင္ေနထက္လင္းကဒုဥကၠဌတာဝန္ကိုရယူေစျခင္းျဖစ္ပါတယ္။ေနထက္လင္းကေတာ့ရခိုင္ယူႏိုက္တက္အသင္းကို တိုးတက္လာေစရန္ ကူညီေစာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္။

ေနထက္လင္းကေတာ့”ကြၽန္ေတာ္ရခိုင္တိုင္းရင္းသားတစ္ေယာက္အေနနဲ႔ကြၽန္ေတာ္တို႔ျပည္နယ္ကိုကိုယ္စားျပဳဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ေဘာလုံးအသင္းတိုးတက္ေအာင္ကူညီေပးသြားမယ္။ပရိသတ္ေတြတိုးလာေအာင္၊အသင္းမွာရွယ္ယာရွင္ေတြမ်ားလာေအာင္ စည္း႐ုံးေပးသြားမယ္။ရခိုင္ျပည္နယ္တစ္ခုလုံးမွာ ရွိတဲ့ လူငယ္ေတြကို ေဘာလုံးကစားနည္းမွာစိတ္ဝင္စားလာၿပီး ပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားေတြျဖစ္ၿပီး ႏိုင္ငံလက္ေ႐ြးစင္ ကစားသမားေတြ ျဖစ္ေအာင္ ကူညီခ်င္တဲ့အတြက္ ဒုဥကၠဌ ရာထူးကိုလက္ခံခဲ့တာပါ”ဟုသ႐ုပ္ေဆာင္ေနထက္လင္းကေျပာသည္။ရခိုင္ယူႏိုက္တက္အသင္းသည္လာမည့္၂ဝ၁၉ေဘာလုံးရာသီတြင္ေအာင္ျမင္မႈရရွိရန္ျပည္ပကစားသမားသုံးဦးေခၚယူထားၿပီးနည္းျပခ်ဳပ္အျဖစ္လက္ေ႐ြးစင္ကစားသမားေဟာင္းဦးသန္းေဝက တာဝန္ယူမည္ ျဖစ္သည္။

ရခိုင္ယူႏိုက္တက္အသင္းသည္၂ဝ၁၉ေဘာလုံးရာသီတြင္ပထမအေက်ာ့ပြဲစဥ္(၁၁)ပြဲစလုံးကိုစစ္ေတြၿမိဳ႕ရွိေဝသာလီကြင္း၌ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။လာမယ့္ေဘာလုံးရာသီကိုစတင္ေတာ့မွာျဖစ္တာေၾကာင့္အသင္းတိုင္းကလည္းအေကာင္းဆုံးျပင္ဆင္မႈေတြလုပ္ကိုင္ေနၾကတာပါ။ရခိုင္ေဘာလုံးဝါသနာရွင္မ်ား လည္းရခိုင္ယူႏိုက္တက္အသင္း ယွဥ္ၿပိဳင္မည့္ေဘာလုံးပြဲစဥ္မ်ားကို တဝႀကီး ၾကည့္ရႈခံစားရေတာ့မွာျဖစ္ပါတယ္။

Source:Rakhine United

CRD-myanmarload

UNICODE

ရခိုင်ယူနိုက်တက်အသင်းသည်လာမည့်၂ဝ၁၉ဘောလုံးရာသီတွက်ပြင်ဆင်မှုတွေကိုပြုလုပ်နေပြီးအသင်းရဲ့ဒုဥက္ကဌအဖြစ်သရုပ်ဆောင်နေထက်လင်းကိုခန့်အပ်လိုက်ပါတယ်။အသင်း၏ပရိသတ်များတိုးပွားလာစေရန်နှင့်အသင်း၌ရှယ်ယာရှင်များတိုးပွားလာစေရန်ရည်ရွယ်၍သရုပ်ဆောင်နေထက်လင်းကဒုဥက္ကဌတာဝန်ကိုရယူစေခြင်းဖြစ်ပါတယ်။နေထက်လင်းကတော့ရခိုင်ယူနိုက်တက်အသင်းကို တိုးတက်လာစေရန် ကူညီစောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

နေထက်လင်းကတော့”ကျွန်တော်ရခိုင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ကျွန်တော်တို့ပြည်နယ်ကိုကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ဘောလုံးအသင်းတိုးတက်အောင်ကူညီပေးသွားမယ်။ပရိသတ်တွေတိုးလာအောင်၊အသင်းမှာရှယ်ယာရှင်တွေများလာအောင်စည်းရုံးပေးသွားမယ်။ရခိုင်ပြည်နယ်တစ်ခုလုံးမှာရှိတဲ့လူငယ်တွေကိုဘောလုံးကစားနည်းမှာစိတ်ဝင်စားလာပြီးပရော်ဖက်ရှင်နယ်ဘောလုံးသမားတွေဖြစ်ပြီးနိုင်ငံလက်ရွေးစင်ကစားသမားတွေဖြစ်အောင်ကူညီချင်တဲ့အတွက်ဒုဥက္ကဌရာထူးကိုလက်ခံခဲ့တာပါ”ဟုသရုပ်ဆောင်နေထက်လင်းကပြောသည်။ရခိုင်ယူနိုက်တက်အသင်းသည်လာမည့်၂ဝ၁၉ဘောလုံးရာသီတွင်အောင်မြင်မှုရရှိရန်ပြည်ပကစားသမားသုံးဦးခေါ်ယူထားပြီးနည်းပြချုပ်အဖြစ်လက်ရွေးစင်ကစားသမားဟောင်းဦးသန်းဝေက တာဝန်ယူမည် ဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်းသည်၂ဝ၁၉ဘောလုံးရာသီတွင်ပထမအကျော့ပွဲစဉ်(၁၁)ပွဲစလုံးကိုစစ်တွေမြို့ရှိဝေသာလီကွင်း၌ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။လာမယ့်ဘောလုံးရာသီကိုစတင်တော့မှာဖြစ်တာကြောင့်အသင်းတိုင်းကလည်းအကောင်းဆုံးပြင်ဆင်မှုတွေလုပ်ကိုင်နေကြတာပါ။ရခိုင်ဘောလုံးဝါသနာရှင်များလည်းရခိုင်ယူနိုက်တက်အသင်းယှဉ်ပြိုင်မည့်ဘောလုံးပွဲစဉ်များကို တဝကြီး ကြည့်ရှုခံစားရတော့မှာဖြစ်ပါတယ်။