ကခ်င္တိုင္းရင္းသူေလး ေအာန္ဆိုင္းကေတာ့ ေမာ္ဒယ္ေလာကမွာ နာမည္တစ္လုံးနဲ႔ ရပ္တည္ေအာင္ျမင္ေနတဲ့ ဒိတ္ဒိတ္ႀကဲ ေမာ္ဒယ္တစ္ဦးျဖစ္ပါတယ္။အမိုက္စားခႏၶာကိုယ္ေလးနဲ႔ႏိုင္ငံျခားသူေလးတစ္ေယာက္လိုအထင္မွားရေလာက္တဲ့ေအာန္ဆိုင္းကဖက္ရွင္ရႈိးပြဲေပါင္းမ်ားစြာမွာပါဝင္ေလွ်ာက္လွမ္းေနရသူျဖစ္ပါတယ္။အခုေတာ့ေအာန္ဆိုင္းကမင္းသမီးေခ်ာအိျႏၵာေက်ာ္ဇင္ဆီကေန (၁၅) သိန္းေက်ာ္ တန္ဖိုးရွိတဲ့ အီတလီအမွတ္တံဆိပ္ လက္ကိုင္အိတ္တစ္လုံးကို လက္ေဆာင္အျဖစ္ရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဒီဇင္ဘာလ၁၃ရက္ေန႔ကNovotelဟိုတယ္မွာမင္းသမီးအူဝဲကိုယ္တိုင္တာဝန္ယူက်င္းပျပဳလုပ္ခဲ့တဲ့အီတလီႏိုင္ငံထုတ္ ” The Bridge ” လက္ကိုင္အိတ္ကို မိတ္ဆက္တဲ့ ရႈိးပြဲႀကီးမွာ ေအာန္ဆိုင္းက ေမာ္ဒယ္တစ္ဦးအျဖစ္ ပါဝင္ခဲ့ပါတယ္။ ဒီပြဲေလးမွာေအာန္ဆိုင္းက”GAUCHOBAG”အမည္ရွိတဲ့LEATHERလက္ကိုင္အိတ္နဲ႔စင္ျမင့္ထက္မွာအမိုက္စားေလွ်ာက္လွမ္းခဲ့တာ ျဖစ္ပါတယ္။ ဒီအိတ္ရဲ႕တန္ဖိုးကေတာ့ Us ေဒၚလာ 987 ( ျမန္မာေငြ ၁၅သိန္း ၃ေသာင္းေက်ာ္ခန႔္ ) အထိ တန္ေၾကးရွိတာ ျဖစ္ပါတယ္။

အခုလိုတန္ဖိုးႀကီးတဲ့”GAUCHOMEDIUM”လက္ကိုင္အိတ္ေလးကိုေအာန္ဆိုင္းကမင္းသမီးအူဝဲဆီကေနလက္ေဆာင္အျဖစ္ ရရွိလိုက္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ေအာန္ဆိုင္းက ” Off to where I can see wildlife . Thank you MaEainDraKyawZin”ဆိုၿပီးေက်းဇူးတင္စကားဆိုထားပါတယ္။ကဲခ်စ္ပရိသတ္ေတြအတြက္အမိုက္စားလက္ကိုင္အိတ္ေလးနဲ႔ ျမင္ေတြ႕ရတဲ့ အူဝဲနဲ႔ ေအာန္ဆိုင္းတို႔ရဲ႕ ပုံေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source:Awn Seng

CRD-myanmarload

UNICODE

ကချင်တိုင်းရင်းသူလေးအောန်ဆိုင်းကတော့မော်ဒယ်လောကမှာနာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတဲ့ဒိတ်ဒိတ်ကြဲမော်ဒယ်တစ်ဦးဖြစ်ပါတယ်။အမိုက်စားခန္ဓာကိုယ်လေးနဲ့နိုင်ငံခြားသူလေးတစ်ယောက်လိုအထင်မှားရလောက်တဲ့အောန်ဆိုင်းကဖက်ရှင်ရှိုးပွဲပေါင်းများစွာမှာပါဝင်လျှောက်လှမ်းနေရသူဖြစ်ပါတယ်။အခုတော့အောန်ဆိုင်းကမင်းသမီးချောအိန္ဒြာကျော်ဇင်ဆီကနေ (၁၅) သိန်းကျော် တန်ဖိုးရှိတဲ့ အီတလီအမှတ်တံဆိပ် လက်ကိုင်အိတ်တစ်လုံးကို လက်ဆောင်အဖြစ်ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာလ၁၃ရက်နေ့ကNovotelဟိုတယ်မှာမင်းသမီးအူဝဲကိုယ်တိုင်တာဝန်ယူကျင်းပပြုလုပ်ခဲ့တဲ့အီတလီနိုင်ငံထုတ်”TheBridge”လက်ကိုင်အိတ်ကိုမိတ်ဆက်တဲ့ရှိုးပွဲကြီးမှာအောန်ဆိုင်းကမော်ဒယ်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။ဒီပွဲလေးမှာအောန်ဆိုင်းက”GAUCHOBAG”အမည်ရှိတဲ့LEATHERလက်ကိုင်အိတ်နဲ့စင်မြင့်ထက်မှာအမိုက်စားလျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီအိတ်ရဲ့တန်ဖိုးကတော့ Us ဒေါ်လာ 987 ( မြန်မာငွေ ၁၅သိန်း ၃သောင်းကျော်ခန့် ) အထိ တန်ကြေးရှိတာ ဖြစ်ပါတယ်။

အခုလိုတန်ဖိုးကြီးတဲ့”GAUCHOMEDIUM”လက်ကိုင်အိတ်လေးကိုအောန်ဆိုင်းကမင်းသမီးအူဝဲဆီကနေလက်ဆောင်အဖြစ် ရရှိလိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် အောန်ဆိုင်းက ” Off to where I can see wildlife . Thank you MaEainDraKyawZin”ဆိုပြီးကျေးဇူးတင်စကားဆိုထားပါတယ်။ကဲချစ်ပရိသတ်တွေအတွက်အမိုက်စားလက်ကိုင်အိတ်လေးနဲ့ မြင်တွေ့ရတဲ့ အူဝဲနဲ့ အောန်ဆိုင်းတို့ရဲ့ ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။