


CRD-myanmarload

UNICODE

သရုပ်ဆောင်လည်းကောင်းပြီးပရိသတ်တွေအပေါ်မှာခင်ခင်မင်မင်ဖော်ဖော်ရွေရွေနဲ့ဆက်ဆံတတ်တဲ့မင်းသမီးချောခိုင်သင်းကြည်ကိုတော့အားလုံးကချစ်ခင်နေရတာဖြစ်ပါတယ်။ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့မခိုင်လေးကအချိန်အတော်ကြာအောင် အနုပညာလောကမှာလျှောက်လှမ်းအောင်မြင်နေတာယနေ့ထိတိုင်ဖြစ်ပါတယ်။မခိုင်လေးကအနုပညာဘက်မှာထူးချွန်သလိုမိသားစုအတွက်လည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်ပါတယ် ။

လတ်တလောမှာတော့မခိုင်လေးတစ်ယောက်ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေရပြီးအခုလည်းဒါရိုက်တာကိုဇော်(အရုဏ်ဦး)ရိုက်ကူးနေတဲ့”ပုရိသ”ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ထားပါတယ်။ဒီဇာတ်ကားကြီးရဲ့ဇာတ်ဝင်ခန်းတစ်ခုကိုတော့ဒီဇင်ဘာလ၂၄ရက်နေ့ကတော်ဝင်ဂါးဒင်းဟိုတယ်မှာရိုက်ကူးရေးပြုလုပ်ခဲ့ပါတယ်။နေတိုး၊ခင်လှိုင်၊ရဲအောင်၊ကျော်ရဲအောင်၊နေခြည်ဦးတို့ ပါဝင်ခဲ့တဲ့ မခိုင်လေးတို့ ရိုက်ကွင်းလေးကတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးစီးခဲ့ပါတယ်။

အခုလည်းမခိုင်လေးကမတူညီတဲ့ဝတ်စုံသုံးစုံနဲ့တစ်နေ့တည်းမှာဓာတ်ဖမ်းခဲ့တဲ့သူမရဲ့ရိုက်ကွင်းကပုံရိပ်လေးတွေကိုတင်လိုက်ပါတယ်။မခိုင်လေးက”MerryChristmastoyouall.Christmasနေ့မှာChristmasသစ်ပင်လေးနဲ့ရိုက်ထားတဲ့ပုံလေးတွေတင်လိုက်တယ်နော်။မနေ့ကတော်ဝင်ဂါးဒင်းဟော်တယ်မှာရိုက်တုံးကပုံလေးတွေပါရှင့်”ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ကဲချစ်ပရိသတ်တွေအတွက်မခိုင်လေးရဲ့နုပျိုလန်းဆန်းနေတဲ့အလှပုံလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။