“ေအာင့္တယ္…ေအာင့္တယ္”ဟူ၍ေအာ္ေနေသာေမာင္ေက်ာ္မိုး၏ေအာ္ေနေသာအသံသည္စူးနစ္စြာထြက္ေပၚလာ၏ေမာင္ေက်ာ္မိုး၏ဖခင္ႏွင့္အကိုျဖစ္သူတို႔မွာေျခမကိုင္မိလက္မကိုင္မိျဖစ္ေနၾကသည္။ေမာင္ေက်ာ္မိုး၏ေအာ္သံမွာလည္းပို၍က်ယ္လာၿပီး ေအာ္သံစိပ္လာသျဖင့္ အိမ္နီးခ်င္းမ်ားမွအားလုံးဝိုင္းအုံလာၾကသျဖင့္ ဘသူတို႔အိမ္တြင္လူမ်ားျပည့္က်ပ္သြားသည္။

တစ္ေယာက္ကေျပးေခၚသျဖင့္ဗိေႏၷာေဆးဆရာႀကီးဦးျဖဴသီးေရာက္လာၿပီးတိုင္းရင္းေဆးမ်ားတိုက္ေႂကြးေသာ္လည္းအေအာင့္ကမေပ်ာက္သျဖင့္ၿမိဳ႕ေဆး႐ုံသို႔ပို႔ရန္အႀကံေပးၾကေလသည္။ထိုအခ်ိန္မွာပင္႐ြာဦးေက်ာင္းဆရာေတာ္ဦးသုတဆြမ္းခံႂကြလာ၏ အိမ္ထဲသို႔ဝင္လိုက္သည္ႏွင့္ေမာင္ေက်ာ္မိုးမခ်ိမဆန႔္ေအာ္လိုက္ေသာအသံမ်ားကဆီးႀကိဳလ်က္ရွိသည္။

ထို႔ေၾကာင့္သပိတ္ခ်ၿပီးလူနာထံႂကြသြား၏အသင့္ခင္းထားေသာေနရာေပၚထိုင္ၿပီးသည္ႏွင့္အက်ိဳးအေၾကာင္းေမးေလ၏“ေမာင္ေက်ာ္မိုးဘာေရာဂါျဖစ္တာလည္း”ဟုေမးေလသည္မည္သူမွဦးေဆာင္၍ေျဖသူမရွိေမာင္ေက်ာ္မိုး၏ဖခင္မွဗိုက္ေအာင့္တာပါဘုရားဟုေျဖးေျဖးေလးျပန္ေလွ်ာက္၏ဆရာေတာ္မွ“ေရာဂါေၾကာင့္လားမတည့္စာစားမိလို႔လား”ထိုအေမးကိုမည္သူမွေျဖသံမၾကား သူတို႔မ်က္ႏွာမ်ားမွာဘေၾကာက္လန႔္ေနသည့္လဏၡာေတြ႕ရသည္

ထိုအခ်ိန္မွာပင္ေမာင္ေက်ာ္မိုး၏အကိုျဖစ္သူမွရဲဝံ့စြာ“ေဝဒနာေၾကာင့္ပါဘုရားေဝဒနာမွ႐ိုး႐ိုးေဝဒနာမဟုတ္ပါဘုရား”“ဒါဆိုရင္ဘယ္လိုေဝဒနာမ်ိဳးလည္းကြဲ႕”“ေအာက္လမ္းဆရာလုပ္ထားတာပါဘုရား”“ဒါကိုဘယ္လိုသိရတာလည္းကြဲ႕”“တင္ပါ့ခုမနက္ပိုင္းေမာင္ေက်ာ္မိုးဦးသာဒင္ရဲ႕အိမ္ေရွ႕ကအျဖတ္ဦးသာဒင္ေမြးထားတဲ့ေခြးကညေမာင္ေက်ာ္မိုးကိုလိုက္ၿပီးဆြဲပါတယ္အဲ့ဒီမွာေမာင္ေက်ာ္မိုးက အုတ္ခဲပိုင္းနဲ႔ပစ္လိုက္တာ ေခြးႏွာႏု႐ိုးကိုထိၿပီးေအာ္ေျပးပါတယ္။

ဦးသာဒင္ကသူ႔ေခြးေအာ္သံၾကားေတာ့ၿခံအျပင္ထြက္လာၿပီးေမာင္ေက်ာ္မိုးေနာက္ေက်ာကိုလက္ညႇိဳးနဲ႔ထိုးၿပီးေျမႀကီးကိုသူ႔ဖေနာင့္နဲ႔ေပါက္လိုက္တာတဖက္ကလာေနတဲ့တပည့္ေတာ္ကိုယ္တိုင္ေတြ႕လိုက္ရပါတယ္ဘုရား”“အဲ့ဒါနဲ႔ေမာင္ေက်ာ္မိုးအိမ္ေရာက္ၿပီးအခုလိုေအာင့္ၿပီလူးလိမ့္ေနတာပါပဲဘုရား”ဟုေလွ်ာက္ေလသည္။“ဆရာေတာ္ကအနည္းငယ္စဥ္းစားၿပီး”“ဒါဆိုျဖစ္ႏိုင္တယ္ ဦးသာဒင္အရင္လူေတြကိုေရာအခုလိုလုပ္ဖူးလား”

“လုပ္ဖူးပါတယ္ဘုရားေမာင္ေက်ာ္မိုးနဲ႔ဆိုလူမနည္းေတာ့ပါဖူးအဲ့ဒီလိုျဖစ္ၿပီဆိုဘယ္ေဆးဆရာနဲ႔မွကုလို႔မရပါဘူးဦးသာဒင္ကုေပးမွေပ်ာက္ပါတယ္ခုတပည့္ေတာ္တို႔သူ႔ဆီေဆးမကုခ်င္လို႔တျခားဆရာနဲ႔ကုေနတာပါဘုရား”“ဆရာေတာ္ဦးသုတရိပ္မိသြား၏ေအာက္လမ္းဆရာဆိုတာရက္စက္သည့္ေနရာမွာႏွစ္ေယာက္မရွိသူတစ္ပါးကိုဒုကၡမ်ားမ်ားေပးႏိုင္ေလသူတို႔ပညာတတ္ေလျဖစ္၏”

“ယၡဳလက္ေတြ႕အသုံးခ်ရေတာ့မည္ထို႔ေၾကာင့္လည္းထယ္သြားတြင္ကပ္ေနေသာေျမကိုယူခိုင္းၿပီးလွ်င္”“အ႒ာနေမတံပါဋိေတာ္ကိုငါးေခါက္ဘုရားဂုဏ္ေတာ္ကိုးပါးကိုငါးေခါက္မန္းၿပီးေမာင္ေက်ာ္မိုးအားတိုက္လိုက္ေလသည္”“ဘုရာဂုဏ္ေတာ္အစြမ္း အံ့မခန္းပါတကား”ေမာင္ေက်ာ္မိုးတစ္ေယာက္ထည္သြားေျမႀကီးေရစိမ္ကိုေသာက္ၿပီးဗိုက္ေအာင့္ေရာဂါခ်က္ျခင္းေပ်ာက္သြား၏လူအမ်ား ဘုရားရွင္၏ဂုဏ္ေတာ္ကို ပိုမိုယုံၾကည္လာၾကသည္။

ေမာင္ေက်ာ္မိုး၏ဖခင္မွ“အရွင္ဘုရားဒီလူရွိေနသေ႐ြ႕တပည့္ေတာ္တို႔စိတ္ဆင္းရဲေနရမွာပါပဲဘုရား”“အဲ့ဒါဆို႐ြာထဲကႏွင္ထုတ္ၾကပါလား”“ႏွင္မရလို႔ခက္ေနတာပါဘုရား”“ဒါဆိုသူ႔ဘာသာထြက္သြားေအာင္လုပ္ရမယ္”ဟုဆရာေတာ္မွမိန႔္ၿပီးေက်ာင္းျပန္ႂကြသည္။ေနာက္တစ္ေန႔ညေနခင္းတြင္႐ြားေက်ာင္းဆရာေတာ္တစ္ပါးထဲဦးသာဒင္အိမ္သို႔မည္သူမွအသိမေပးပဲႂကြသြားသည္၊

အိမ္ေပၚသို႔အေရာက္တြင္မ်က္လုံးျပဴးုျပဴးအသားမည္းမည္းမုတ္ဆိတ္ေမြးရွည္ရွည္ႏွင့္ဦးသာဒင္ကဖ်ာတခ်ပ္ခင္းေပးသည္သို႔ေသာ္ဦးေတာ့မခ်“အရွင္ဘုရားဘာကိစၥရွိလို႔ႂကြလာတာလည္း”“ဦးပၪၨင္းကစကားကိုသြယ္ဝိုက္မေျပာတတ္ဖူးဒကာႀကီးကေအာက္လမ္းပညာတတ္တယ္ဆိုတာဟုတ္လား?”ဦးသာဒင္ျငင္း၍မရမည့္အတူတူဝန္ခံလိုက္၏။“ဒကာႀကီးပညာလက္ေတြ႕ျမင္ဖူးခ်င္တယ္ျပလို႔ရမလား”

“အရွင္ဘုရားကဘယ္လိုျပေစခ်င္တာလည္းဘုရား”“ဦးပၪၨင္းလက္ညႇိဳးထိုးတဲ့အပင္ကိုေသေအာင္လုပ္ေပးႏိုင္မလား”“ဒါေလာက္ကမခက္ပါဖူး႐ိုး႐ိုးေသေအာင္ထက္အပင္ကိုမီးေလာင္ၿပီးေသေအာင္လုပ္ျပႏိုင္ပါတယ္ဘုရား’“ကဲ့ဒါဆိုအျပင္ထြက္ၾကဆို႔ဒကာႀကီးအိမ္ေရွ႕လမ္းမေဘးမွာဝါး႐ုံပင္ေတြရွိေနတာပဲ”သူတို႔ႏွစ္ေယာက္အျပင္ထြက္ၾကၿပီးဦးသာဒင္ကိုလမ္းေဘမွာေနေစၿပီးဦးပၪၨင္းကဝါး႐ုံပင္နားရပ္ေနေလသည္ဝါး႐ုံပင္ႏွင့္ဦးသာဒင္ေပငါးဆယ္ခန႔္ကြာေလသည္။႐ြာမွလူအမ်ားေရာက္လာၿပီး မ်က္ေတာင္မခတ္ပဲၾကည့္ေနၾကေလသည္။

ထို႔ေနာက္ဦးပၪၨင္းမွ ဝါး႐ုံတစ္႐ုံအားလက္ညႇိဳးထိုးျပၿပီး“ဒီအပင္ပဲဒကာႀကီး”ဟုလွမ္းေအာ္ေျပာလိုက္သည္ႏွင့္“ဦးသာဒင္သည္ ဝါးပင္ကိုစိုက္ၾကည့္လွ်က္လက္ညႇိဳးထိုး၍တစ္စုံတစ္ခုကို႐ြတ္ဆိုေန၏ႏွစ္မိနစ္ခန႔္အၾကာဝါးပင္မွာစိမ္းစိုေနရာမွတျဖည္းျဖည္းေျခာက္ေသြ႕ၿပီးမီးေလာင္၍သြားေလသည္”႐ြာသားမ်ားဦးသာဒင္ကိုပိုေၾကာက္လာၾကသည္”“ဦးပၪၨင္းဒုတိယဝါးပင္ကိုၫႊန္ျပရာ ပထမဝါးပင္ကဲ့သို႔မီးေလာင္သြားေလသည္”

“ဤတြင္ဦးသာဒင္မွရင္ေကာ့၍သာဒင္ကိုဘာထင္သလဲဟူေသာမ်က္လုံးျဖင့္ေျမႇာက္ကြၽကြၽျဖစ္ေနသည္”“အရွင္ဘုရားတပည့္ေတာ္ဝါးတစ္႐ုံလုံးမီးေလာင္ေအာင္လုပ္ႏိုင္ပါတယ္”႐ြာသားမ်ား႐ြာဦးေက်ာင္းဆရာေတာ္အားစိတ္ပူပင္ေနၾကသည္။ထိုအခါ႐ြာဦးေက်ာင္းဆရာေတာ္မွ“ဒကာႀကီးပညာကိုဒကာႀကီးကယုံၾကည္တယ္ဆိုရင္ေပါ့အေလာင္းအစားတစ္ခုလုပ္ၾကမယ္ဘယ္ႏွယ့္လဲ”“ဒီတတိယဝါးပင္ကိုမီးေလာင္ေအာင္လုပ္ျပႏိုင္ခဲ့ရင္ဦးပၪၨင္းဒီ႐ြာကထြက္သြားမယ္၊လုပ္မျပႏိုင္လို႔ရွိရင္ေတာ့ဒကာႀကီးဒီ႐ြာကထြက္သြားေပးပါ”

“စိမ္လိုက္ေလသေဘာတူပါတယ္ဘုရား”“ဦးပၪၨင္းမွကဲ့ဒီစကားအားလုံးၾကားတယ္ေနာ္မွတ္ထားၾကဒါဆိုဒီဝါးပင္ကိုဘမီးေလာင္ေအာင္လုပ္ျပပါဟုတတိယဝါးပင္ကိုလက္ညႇိဳးထိုးျပေလသည္”“ဦးသာဒင္လည္းအရင္ပုံစံအတိုင္းလက္ညႇိဳးထိုးလွ်က္ဝါးပင္းအားစိုက္ၾကည့္ၿပီးတစ္စုံတစ္ခု႐ြတ္ေန၏”“ဝါးပင္မွာဘာမွမျဖစ္ေသာအခါသူေခြၽးျပန္လာ၏ထို႔အခါေနာက္ဆုံးပညာကုန္သုံးၿပီး ဖေနာင့္ေပါက္လိုက္သည္ဝါးပင္မွာဘာမွမျဖစ္”

“ဦးသာဒင္သာေနာက္သို႔ေလးေပခန႔္လြင့္သြားၿပီးေျမႀကီးေပၚလူးလိမ့္ေနေလသည္အေတာ္ၾကာမွသူ႔မယားႏွင့္သူသားတြဲေခၚသြားရေလသည္”“႐ြားသားမ်ားမွ႐ြာေက်ာင္းဆရာေတာ္ႏိုင္ၿပီဦးသာဒင္ႀကီးရႈံးၿပီဟုအားရဝမ္းသာေအာ္ၾကေလသည္”“ဝမ္းသာအားရေအာ္ဟစ္ဆူညံေနသျဖင့္တတိယဝါးပင္ကိုဦးသာဒင္မီးေလာင္ေအာင္မလုပ္ႏိုင္သည္ကိုမည္သူမွ်မစူးစမ္းမေလ့လာမိၾက”

“တတိယေျမႇာက္ဝါးပင္၏ေနာက္ေက်ာဖက္ကိုေသျခာၾကည့္လွ်င္စကၠဴျဖင့္ေရးကပ္ထားေသာစာလုံးသုံးလုံးကိုေတြ႕ရမည္ျဖစ္သည္ထိုစာလုံးကား”အရဟံ၊ေမတၱာရွင္ေ႐ႊျပည္သာ၏ဇာတ္လမ္းကိုအတိုခ်ဳံး၍ျပန္လည္မွ်ေဝပါသည္။အားလုံးကိုအထူးေက်းဇူးတင္လွ်က္စိုင္းမင္းသန႔္

Credit:အေထြေထြဗဟုသုတ
UNICODE:

“အောင့်တယ်အောင့်တယ်”ဟူ၍အော်နေသောမောင်ကျော်မိုး၏အော်နေသောအသံသည်စူးနစ်စွာထွက်ပေါ်လာ၏မောင်ကျော်မိုး၏ဖခင်နှင့်အကိုဖြစ်သူတို့မှာခြေမကိုင်မိလက်မကိုင်မိဖြစ်နေကြသည်။မောင်ကျော်မိုး၏အော်သံမှာလည်းပို၍ကျယ်လာပြီးအော်သံစိပ်လာသဖြင့်အိမ်နီးချင်းများမှအားလုံးဝိုင်းအုံလာကြသဖြင့်ဘသူတို့အိမ်တွင်လူများပြည့်ကျပ်သွားသည်။

တစ်ယောက်ကပြေးခေါ်သဖြင့်ဗိန္နောဆေးဆရာကြီးဦးဖြူသီးရောက်လာပြီးတိုင်းရင်းဆေးများတိုက်ကြွေးသော်လည်းအအောင့်ကမပျောက်သဖြင့်မြို့ဆေးရုံသို့ပို့ရန်အကြံပေးကြလေသည်။ထိုအချိန်မှာပင်ရွာဦးကျောင်းဆရာတော်ဦးသုတဆွမ်းခံကြွလာ၏ အိမ်ထဲသို့ဝင်လိုက်သည်နှင့်မောင်ကျော်မိုးမချိမဆန့်အော်လိုက်သောအသံများကဆီးကြိုလျက်ရှိသည်။

ထို့ကြောင့်သပိတ်ချပြီးလူနာထံကြွသွား၏အသင့်ခင်းထားသောနေရာပေါ်ထိုင်ပြီးသည်နှင့်အကျိုးအကြောင်းမေးလေ၏“မောင်ကျော်မိုးဘာရောဂါဖြစ်တာလည်း”ဟုမေးလေသည်မည်သူမှဦးဆောင်၍ဖြေသူမရှိမောင်ကျော်မိုး၏ဖခင်မှဗိုက်အောင့်တာပါဘုရားဟုဖြေးဖြေးလေးပြန်လျှောက်၏ဆရာတော်မှ“ရောဂါကြောင့်လားမတည့်စာစားမိလို့လား”ထိုအမေးကိုမည်သူမှဖြေသံမကြား သူတို့မျက်နှာများမှာဘကြောက်လန့်နေသည့်လဏ္ခာတွေ့ရသည်

ထိုအချိန်မှာပင်မောင်ကျော်မိုး၏အကိုဖြစ်သူမှရဲဝံ့စွာ“ဝေဒနာကြောင့်ပါဘုရားဝေဒနာမှရိုးရိုးဝေဒနာမဟုတ်ပါဘုရား”“ဒါဆိုရင်ဘယ်လိုဝေဒနာမျိုးလည်းကွဲ့”“အောက်လမ်းဆရာလုပ်ထားတာပါဘုရား”“ဒါကိုဘယ်လိုသိရတာလည်းကွဲ့”“တင်ပါ့ခုမနက်ပိုင်းမောင်ကျော်မိုးဦးသာဒင်ရဲ့အိမ်ရှေ့ကအဖြတ်ဦးသာဒင်မွေးထားတဲ့ခွေးကညမောင်ကျော်မိုးကိုလိုက်ပြီးဆွဲပါတယ်အဲ့ဒီမှာမောင်ကျော်မိုးက အုတ်ခဲပိုင်းနဲ့ပစ်လိုက်တာ ခွေးနှာနုရိုးကိုထိပြီးအော်ပြေးပါတယ်။

ဦးသာဒင်ကသူ့ခွေးအော်သံကြားတော့ခြံအပြင်ထွက်လာပြီးမောင်ကျော်မိုးနောက်ကျောကိုလက်ညှိုးနဲ့ထိုးပြီးမြေကြီးကိုသူ့ဖနောင့်နဲ့ပေါက်လိုက်တာတဖက်ကလာနေတဲ့တပည့်တော်ကိုယ်တိုင်တွေ့လိုက်ရပါတယ်ဘုရား”“အဲ့ဒါနဲ့မောင်ကျော်မိုးအိမ်ရောက်ပြီးအခုလိုအောင့်ပြီလူးလိမ့်နေတာပါပဲဘုရား”ဟုလျှောက်လေသည်။“ဆရာတော်ကအနည်းငယ်စဉ်းစားပြီး”“ဒါဆိုဖြစ်နိုင်တယ် ဦးသာဒင်အရင်လူတွေကိုရောအခုလိုလုပ်ဖူးလား”

“လုပ်ဖူးပါတယ်ဘုရားမောင်ကျော်မိုးနဲ့ဆိုလူမနည်းတော့ပါဖူးအဲ့ဒီလိုဖြစ်ပြီဆိုဘယ်ဆေးဆရာနဲ့မှကုလို့မရပါဘူးဦးသာဒင်ကုပေးမှပျောက်ပါတယ်ခုတပည့်တော်တို့သူ့ဆီဆေးမကုချင်လို့တခြားဆရာနဲ့ကုနေတာပါဘုရား”“ဆရာတော်ဦးသုတရိပ်မိသွား၏အောက်လမ်းဆရာဆိုတာရက်စက်သည့်နေရာမှာနှစ်ယောက်မရှိသူတစ်ပါးကိုဒုက္ခများများပေးနိုင်လေသူတို့ပညာတတ်လေဖြစ်၏”

“ယ္ခုလက်တွေ့အသုံးချရတော့မည်ထို့ကြောင့်လည်းထယ်သွားတွင်ကပ်နေသောမြေကိုယူခိုင်းပြီးလျှင်”“အဋ္ဌာနမေတံပါဋိတော်ကိုငါးခေါက်ဘုရားဂုဏ်တော်ကိုးပါးကိုငါးခေါက်မန်းပြီးမောင်ကျော်မိုးအားတိုက်လိုက်လေသည်”“ဘုရာဂုဏ်တော်အစွမ်းအံ့မခန်းပါတကား”မောင်ကျော်မိုးတစ်ယောက်ထည်သွားမြေကြီးရေစိမ်ကိုသောက်ပြီးဗိုက်အောင့်ရောဂါချက်ခြင်းပျောက်သွား၏လူအများ ဘုရားရှင်၏ဂုဏ်တော်ကို ပိုမိုယုံကြည်လာကြသည်။

မောင်ကျော်မိုး၏ဖခင်မှ“အရှင်ဘုရားဒီလူရှိနေသရွေ့တပည့်တော်တို့စိတ်ဆင်းရဲနေရမှာပါပဲဘုရား”“အဲ့ဒါဆိုရွာထဲကနှင်ထုတ်ကြပါလား”“နှင်မရလို့ခက်နေတာပါဘုရား”“ဒါဆိုသူ့ဘာသာထွက်သွားအောင်လုပ်ရမယ်”ဟုဆရာတော်မှမိန့်ပြီးကျောင်းပြန်ကြွသည်။နောက်တစ်နေ့ညနေခင်းတွင်ရွားကျောင်းဆရာတော်တစ်ပါးထဲဦးသာဒင်အိမ်သို့မည်သူမှအသိမပေးပဲကြွသွားသည်၊

အိမ်ပေါ်သို့အရောက်တွင်မျက်လုံးပြူးုပြူးအသားမည်းမည်းမုတ်ဆိတ်မွေးရှည်ရှည်နှင့်ဦးသာဒင်ကဖျာတချပ်ခင်းပေးသည်သို့သော်ဦးတော့မချ“အရှင်ဘုရားဘာကိစ္စရှိလို့ကြွလာတာလည်း”“ဦးပဉ္ဇင်းကစကားကိုသွယ်ဝိုက်မပြောတတ်ဖူးဒကာကြီးကအောက်လမ်းပညာတတ်တယ်ဆိုတာဟုတ်လား?”ဦးသာဒင်ငြင်း၍မရမည့်အတူတူဝန်ခံလိုက်၏။“ဒကာကြီးပညာလက်တွေ့မြင်ဖူးချင်တယ်ပြလို့ရမလား”

“အရှင်ဘုရားကဘယ်လိုပြစေချင်တာလည်းဘုရား”“ဦးပဉ္ဇင်းလက်ညှိုးထိုးတဲ့အပင်ကိုသေအောင်လုပ်ပေးနိုင်မလား”“ဒါလောက်ကမခက်ပါဖူးရိုးရိုးသေအောင်ထက်အပင်ကိုမီးလောင်ပြီးသေအောင်လုပ်ပြနိုင်ပါတယ်ဘုရား’“ကဲ့ဒါဆိုအပြင်ထွက်ကြဆို့ဒကာကြီးအိမ်ရှေ့လမ်းမဘေးမှာဝါးရုံပင်တွေရှိနေတာပဲ”သူတို့နှစ်ယောက်အပြင်ထွက်ကြပြီးဦးသာဒင်ကိုလမ်းဘေမှာနေစေပြီးဦးပဉ္ဇင်းကဝါးရုံပင်နားရပ်နေလေသည်ဝါးရုံပင်နှင့်ဦးသာဒင်ပေငါးဆယ်ခန့်ကွာလေသည်။ရွာမှလူအများရောက်လာပြီး မျက်တောင်မခတ်ပဲကြည့်နေကြလေသည်။

ထို့နောက်ဦးပဉ္ဇင်းမှဝါးရုံတစ်ရုံအားလက်ညှိုးထိုးပြပြီး“ဒီအပင်ပဲဒကာကြီး”ဟုလှမ်းအော်ပြောလိုက်သည်နှင့်“ဦးသာဒင်သည်ဝါးပင်ကိုစိုက်ကြည့်လျှက်လက်ညှိုးထိုး၍တစ်စုံတစ်ခုကိုရွတ်ဆိုနေ၏နှစ်မိနစ်ခန့်အကြာဝါးပင်မှာစိမ်းစိုနေရာမှတဖြည်းဖြည်းခြောက်သွေ့ပြီးမီးလောင်၍သွားလေသည်”ရွာသားများဦးသာဒင်ကိုပိုကြောက်လာကြသည်”“ဦးပဉ္ဇင်းဒုတိယဝါးပင်ကိုညွှန်ပြရာ ပထမဝါးပင်ကဲ့သို့မီးလောင်သွားလေသည်”

“ဤတွင်ဦးသာဒင်မှရင်ကော့၍သာဒင်ကိုဘာထင်သလဲဟူသောမျက်လုံးဖြင့်မြှောက်ကျွကျွဖြစ်နေသည်”“အရှင်ဘုရားတပည့်တော်ဝါးတစ်ရုံလုံးမီးလောင်အောင်လုပ်နိုင်ပါတယ်”ရွာသားများရွာဦးကျောင်းဆရာတော်အားစိတ်ပူပင်နေကြသည်။ထိုအခါရွာဦးကျောင်းဆရာတော်မှ“ဒကာကြီးပညာကိုဒကာကြီးကယုံကြည်တယ်ဆိုရင်ပေါ့အလောင်းအစားတစ်ခုလုပ်ကြမယ်ဘယ်နှယ့်လဲ”“ဒီတတိယဝါးပင်ကိုမီးလောင်အောင်လုပ်ပြနိုင်ခဲ့ရင်ဦးပဉ္ဇင်းဒီရွာကထွက်သွားမယ်၊လုပ်မပြနိုင်လို့ရှိရင်တော့ဒကာကြီးဒီရွာကထွက်သွားပေးပါ”

“စိမ်လိုက်လေသဘောတူပါတယ်ဘုရား”“ဦးပဉ္ဇင်းမှကဲ့ဒီစကားအားလုံးကြားတယ်နော်မှတ်ထားကြဒါဆိုဒီဝါးပင်ကိုဘမီးလောင်အောင်လုပ်ပြပါဟုတတိယဝါးပင်ကိုလက်ညှိုးထိုးပြလေသည်”“ဦးသာဒင်လည်းအရင်ပုံစံအတိုင်းလက်ညှိုးထိုးလျှက်ဝါးပင်းအားစိုက်ကြည့်ပြီးတစ်စုံတစ်ခုရွတ်နေ၏”“ဝါးပင်မှာဘာမှမဖြစ်သောအခါသူချွေးပြန်လာ၏ထို့အခါနောက်ဆုံးပညာကုန်သုံးပြီး ဖနောင့်ပေါက်လိုက်သည်ဝါးပင်မှာဘာမှမဖြစ်”

“ဦးသာဒင်သာနောက်သို့လေးပေခန့်လွင့်သွားပြီးမြေကြီးပေါ်လူးလိမ့်နေလေသည်အတော်ကြာမှသူ့မယားနှင့်သူသားတွဲခေါ်သွားရလေသည်”“ရွားသားများမှရွာကျောင်းဆရာတော်နိုင်ပြီဦးသာဒင်ကြီးရှုံးပြီဟုအားရဝမ်းသာအော်ကြလေသည်”“ဝမ်းသာအားရအော်ဟစ်ဆူညံနေသဖြင့်တတိယဝါးပင်ကိုဦးသာဒင်မီးလောင်အောင်မလုပ်နိုင်သည်ကိုမည်သူမျှမစူးစမ်းမလေ့လာမိကြ”

“တတိယမြှောက်ဝါးပင်၏နောက်ကျောဖက်ကိုသေခြာကြည့်လျှင်စက္ကူဖြင့်ရေးကပ်ထားသောစာလုံးသုံးလုံးကိုတွေ့ရမည်ဖြစ်သည်ထိုစာလုံးကား”အရဟံ၊မေတ္တာရှင်ရွှေပြည်သာ၏ဇာတ်လမ်းကိုအတိုချုံး၍ပြန်လည်မျှဝေပါသည်။အားလုံးကိုအထူးကျေးဇူးတင်လျှက်စိုင်းမင်းသန့်

Credit:အထွေထွေဗဟုသုတ