မင္းသမီးေလးယြန္းဝတီလြင္မိုးကေတာ့နာမည္ေက်ာ္သ႐ုပ္ေဆာင္မင္းသားႀကီးလြင္မိုးနဲ႔မိခင္ေမသူတို႔ရဲ႕သမီးေခ်ာေလးတစ္ေယာက္ ျဖစ္ပါတယ္ ။သမီးႏွစ္ေယာက္နဲ႔အတူေပ်ာ္႐ႊင္စရာေကာင္းတဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ထားတဲ့လြင္မိုးကအခုဆိုရင္ ေျမးေခ်ာေလးတစ္ေယာက္ကိုေတာင္ ပိုင္ဆိုင္ေနရၿပီ ျဖစ္ပါတယ္။ ယြန္းရဲ႕သားေလးကိုေတာ့ဘိုးဘိုး၊ဘြားဘြားတို႔အားလုံးက လက္ကမခ်ႏိုင္ေအာင္ ခ်စ္ၾကတာလည္း ျဖစ္ပါတယ္ ။

ဘြားဘြားျဖစ္တဲ့ေမသူကလည္းသမီးေလးကိုအိမ္ေထာင္က်တဲ့အခ်ိန္အထိအစစအရာရာဂ႐ုစိုက္တဲ့အျပင္အခုေျမးေလးကိုလည္းကိုယ္တိုင္ျပဳစုေပးေနတာလည္းျဖစ္ပါတယ္။မၾကာခင္မွာလည္းယြန္းတို႔ဇနီးေမာင္ႏွံကၾသစေတးလ်မွာေက်ာင္းျပန္တက္ေတာ့မွာျဖစ္ၿပီး ဘြားဘြားတို႔ကသာ ေျမးေလးကိုေစာင့္ေရွာက္ၾကရမွာျဖစ္ပါတယ္။အခုလည္းယြန္းကသူမရဲ႕ခ်စ္ေမေမအတြက္ အမွတ္တရလက္ေဆာင္ေလးတစ္ခုကို ကိုယ္တိုင္ျပဳလုပ္ေပးထားတာ ေတြ႕ရပါတယ္။

ယြန္းက သူမရဲ႕မိခင္ ေမသူအတြက္ ကိုယ္တိုင္ေရးဆြဲထားတဲ့ ပုံတူပန္းခ်ီကားေလးတစ္ခ်ပ္ကို လက္ေဆာင္ေပးလိုက္တာ ျဖစ္ပါတယ္ ။ အန္တီေမသူကေတာ့ သမီးေလးရဲ႕ လက္ေဆာင္ကို ” ေခးေခးရဲ႕လက္ရာ ” ဆိုၿပီး ေက်နပ္ပီတိျဖစ္ေနတာ ေတြ႕ရပါတယ္။ကဲခ်စ္ပရိသတ္ေတြအတြက္ယြန္းဝတီလြင္မိုးတို႔သားအမိရဲ႕ခ်စ္စရာပုံရိပ္ေလးေတြကိုတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

CRD-myanmarload

UNICODE

မင်းသမီးလေးယွန်းဝတီလွင်မိုးကတော့နာမည်ကျော်သရုပ်ဆောင်မင်းသားကြီးလွင်မိုးနဲ့မိခင်မေသူတို့ရဲ့သမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။သမီးနှစ်ယောက်နဲ့အတူပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့လွင်မိုးကအခုဆိုရင်မြေးချောလေးတစ်ယောက်ကိုတောင်ပိုင်ဆိုင်နေရပြီဖြစ်ပါတယ်။ယွန်းရဲ့သားလေးကိုတော့ဘိုးဘိုး၊ဘွားဘွားတို့အားလုံးက လက်ကမချနိုင်အောင် ချစ်ကြတာလည်း ဖြစ်ပါတယ် ။

ဘွားဘွားဖြစ်တဲ့မေသူကလည်းသမီးလေးကိုအိမ်ထောင်ကျတဲ့အချိန်အထိအစစအရာရာဂရုစိုက်တဲ့အပြင်အခုမြေးလေးကိုလည်းကိုယ်တိုင်ပြုစုပေးနေတာလည်းဖြစ်ပါတယ်။မကြာခင်မှာလည်းယွန်းတို့ဇနီးမောင်နှံကသြစတေးလျမှာကျောင်းပြန်တက်တော့မှာဖြစ်ပြီးဘွားဘွားတို့ကသာမြေးလေးကိုစောင့်ရှောက်ကြရမှာဖြစ်ပါတယ်။အခုလည်းယွန်းကသူမရဲ့ချစ်မေမေအတွက် အမှတ်တရလက်ဆောင်လေးတစ်ခုကို ကိုယ်တိုင်ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။

ယွန်းက သူမရဲ့မိခင် မေသူအတွက် ကိုယ်တိုင်ရေးဆွဲထားတဲ့ ပုံတူပန်းချီကားလေးတစ်ချပ်ကို လက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ် ။ အန်တီမေသူကတော့ သမီးလေးရဲ့ လက်ဆောင်ကို ” ခေးခေးရဲ့လက်ရာ ” ဆိုပြီး ကျေနပ်ပီတိဖြစ်နေတာ တွေ့ရပါတယ်။ကဲချစ်ပရိသတ်တွေအတွက်ယွန်းဝတီလွင်မိုးတို့သားအမိရဲ့ချစ်စရာပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။