ဗာရာနသီျပည္ဆင္းရဲမိသားစုမွေမြးဖြားလာေသာဆင္းရဲသူမေလးတစ္ေယာက္သည္တစ္ေန႔ပြဲသဘင္ေန႔မွာခ်မ္းသာႂကြယ္ဝေသာအမ်ိဳးသမီးေတြဝတ္ဆင္တဲ့ဝတ္ပန္းျဖင့္ဆိုးအပ္ေသာအဝတ္ကိုဝတ္ဆင္သည္ကိုျမင္ေသာအခါသူဆင္းရဲမေလးလည္းသူရဲ႕မိဘ မ်ားကို ထို အဝတ္ မ်ိဳး ဝတ္ခ်င္ေၾကာင္းကို မိဘ တို႔အားေျပာေသာအခါမိဘေတြက”သမီးအေမတို႔အေဖတို႔ကဆင္းရဲ ပါတယ္ကြယ္ဒီလို တန္ဖိုးႀကီးတဲ့ အဝတ္ ေတြကို ဘယ္လိုလုပ္ၿပီးဝယ္ေပးႏႈိင္ပါ့မလဲကြယ္ ” လို႔ေျပာလိုက္တယ္။

ဆင္းရဲသူမေလးက”ဒီလိုဆိုရင္သမီးကိုခ်မ္းသာတဲ့အိမ္ကိုပို႔ေပးပါအလုပ္လုပ္ပါရေစသမီးကိုခြင့္ျပဳပါေပးပါ”လို႔ခြင့္တာင္းတဲ့အခါမိဘေတြကခြင့္ျပဳေပးလိုက္တယ္မိဘေတြခြင့္ျပဳလိုက္ေတာ့ခ်မ္းသာတဲ့သူႂကြယ္အိမ္တစ္အိမ္ကိုသြားၿပီးအလုပ္ေတာင္းတယ္လုပ္ခကိုေတာ့သူလိုခ်င္တဲ့ဝတ္ပန္းျဖင့္ဆိုးအပ္တဲ့အဝတ္ေပးဖိုးေတာင္းတဲ့အခါအိမ္ရွင္သူေဌးက”သုံးႏွစ္တိတိငါတို႔အိမ္မွာ အလုပ္လုပ္မယ္ဆိုရင္ေတာ့သင္လိုခ်င္တဲ့အဝတ္ကိုေပးပါ့မယ္ဘယ္လိုလဲလုပ္ႏႈိင္ပါ့မလား”လို႔ေမးတဲ့အခါဆင္ရဲသူမေလးကေကာင္းပါၿပီး ကြၽန္မလုပ္ပါ့မယ္လို႔ေျပာလိုက္တယ္။

အလုပ္ကိုႀကိဳးစား႐ိုးသားစြာနဲ႔တာဝန္ေက်ေအာင္လုပ္တဲ့အခါအိမ္ရွင္သူေဌးႀကီးကသုံးႏွစ္မျပည့္ခင္သူအရမ္းလိုခ်င္တ္ခ်င္ေနတဲ့အဝတ္ထည္နဲ႔အျခားအဝတ္ေတြကိုေပးၿပီးသူေဌးႀကီးက”သူငယ္မသင့္ရဲ႕သူငယ္ခ်င္းအေဖာ္ေတြနဲ႔အတူေရခ်ိဳးၿပီးဝတ္ဆင္ေလေလာ”လို႔ေျပာၿပီးထိုအမ်ိဳးသမီးေလးကိုလႊတ္လိုက္တယိုဆင္းရဲသူမေလးလဲအေဖာ္ေတြကိုေခၚသြားၿပီးနီေသာအဝတ္ပုဆိုးကိုျမစ္ကမ္းနားမွာ ထားၿပီး ေရခ်ိဳးေနစဥ္မွာပဲကႆပဘုရားရွင္၏ တပည့္ျဖစ္ေသာရဟန္းတစ္ပါးႂကြလာတယ္။

”ငါဟာေရွ႕ဘဝကမလႉခဲ့တဲ့အတြက္ေၾကာင့္ဒီဘဝမွာအဝတ္ကိုသူေဌးအိမ္မွာပင္ပန္းႀကီးစြာနဲ႔ခဲခဲယဥ္းယဥ္းရခဲ့တယ္”လို႔ေတြးမိၿပီးငါ့ အဝတ္ ကို ႏွစ္ပိုင္းျဖတ္ၿပီး တစ္ပိုင္းကို အရွင္ေကာင္းအားလႉမယ္လို႔ ႀကံေတြးၿပီး ကမ္းေပၚတက္လာၿပီး

အဝတ္ဝတ္ၿပီ,,အရွင္ဘုရားရပ္ေတာ္မူပါအုံးဘုရား,,လို႔ေလ်ာက္ရင္းရဟန္းကိုရွိခိုးလိုက္တယ္ဝတ္ပန္းဆိုးအဝတ္ကိုအလယ္ကေနႏွစ္ပိုင္းပိုင္းၿပီး ထိုရဟန္းကို တပိုင္း လႉလိုက္တယ္ရဟန္းလဲ သင့္တင့္ေလွ်ာက္ပတ္တဲ့ မျမင္တဲ့ေနရာအရပ္ကိုသြားၿပီး ခႏၶာကိုယ္မွာပတ္ထားတဲ့သစ္႐ြက္သစ္ခက္တို႔ကိုစြန႔္ပစ္ၿပီးတစ္ပိုင္းေသာဝတ္ပုဆိုးသကၤန္း၏အစြန္းတဖက္ကိုဝတ္၍တစြန္းကို႐ုံၿပီးထြက္လာခဲ့တဲ့အခါရဟန္းေတာ္ရဲ႕ဝတ္ပန္းပုဆိုးထည္သကၤန္းအေရာင္ဟာကိုယ္ခႏၶာတစ္ခုလုံးထြက္သစ္စေနဗိမာန္အေရာင္လိုတင့္တယ္ေနတာကိုျမင္လိုက္ရေတာ့ဆင္းရဲသူမေလးဟာ,,ငါ့ရဲ႕အရွင္ေကာင္းဟာအစကတင့္တယ္ေတာ္မမႈယခုအခါထြက္သစ္စေနမင္းႀကီးလိုတင့္တယ္ေတာ္မူလိုက္တာဒီဝတ္ပန္းထည္တပိုင္းကိုလဲထိုရွင္ျမတ္အားသာလွ်င္လႉအံ့”အႀကံေပၚလာၿပီး က်န္တဲ့ တပိုင္းကိုလူၿပီးဆုေတာင္းလိုက္တယ္။

,,အရွင္ဘုရားတပည့္ေတာ္သည္ျဖစ္ေလရာျဖစ္ေလရာဘဝတိုင္း၌က်င္လည္သည္ရွိေသာ္ျမတ္ေသာအဆင္းကိုဆာင္ႏိုင္သည္ျဖစ္ရပါလို၏ ကြၽႏုပ္ကို ျမင္၍ တစ္စုံတစ္ေယာက္ေသာေယာက်္ားသည္မိမိသေဘာအားျဖင့္ ေကာင္းစြာတည္ျခင္းငွါ မစြမ္းႏိုင္ပါေစတပါးေသားမိန္းမသည္အကြၽႏုပ္ထက္လြန္ကဲ၍လွသည္မည္သူမွမျဖစ္ေစသတည္း”ဟုဆုေတာင္းလိုက္တယ္။

မေထရ္ျမတ္သည္လည္းဝမ္းေျမႇာက္ျခင္းအႏုေမာဒနာကိုျပဳ၍ႂကြေတာ္မူၿပီအျခားကိုႂကြသြားတယ္ဆင္းရဲသူမေလးလည္းကံအားေလ်ာ္စြာဒီဘဝမွာေသလြန္၍နတ္ျပည္၌က်င္လည္ၿပီးအရိ႒ပုရျပည္၌ကုေဋ၈၀ခ်မ္းသာေသာတိရိဋိဝစၦမည္ရွိေသာသူေဌးႀကီး၏သမီးျမင္သူတိုင္း႐ူးမေလာက္ခံစားရတဲ့အလွဘုရင္ဥမၼာဒႏၲီျဖစ္လာခဲ့ေလးသည္;;;ကဲဥမၼာဒႏၲီလိုလွခ်င္ရင္ေတာ့ဥမၼာဒႏၲီလိုလႉၿပီး ဆုေတာင္းေပါ့

Credit: xyznews.com
UNICODE:

ဗာရာနသီပြည်ဆင်းရဲမိသားစုမှမွေးဖွားလာသောဆင်းရဲသူမလေးတစ်ယောက်သည်တစ်နေ့ပွဲသဘင်နေ့မှာချမ်းသာကြွယ်ဝသောအမျိုးသမီးတွေဝတ်ဆင်တဲ့ဝတ်ပန်းဖြင့်ဆိုးအပ်သောအဝတ်ကိုဝတ်ဆင်သည်ကိုမြင်သောအခါသူဆင်းရဲမလေးလည်းသူရဲ့မိဘ များကိုထိုအဝတ်မျိုးဝတ်ချင်ကြောင်းကိုမိဘတို့အားပြောသောအခါမိဘတွေက”သမီးအမေတို့အဖေတို့ကဆင်းရဲ ပါတယ်ကွယ်ဒီလို တန်ဖိုးကြီးတဲ့ အဝတ် တွေကို ဘယ်လိုလုပ်ပြီးဝယ်ပေးနှိုင်ပါ့မလဲကွယ် ” လို့ပြောလိုက်တယ်။

ဆင်းရဲသူမလေးက”ဒီလိုဆိုရင်သမီးကိုချမ်းသာတဲ့အိမ်ကိုပို့ပေးပါအလုပ်လုပ်ပါရစေသမီးကိုခွင့်ပြုပါပေးပါ”လို့ခွင့်တာင်းတဲ့အခါမိဘတွေကခွင့်ပြုပေးလိုက်တယ်မိဘတွေခွင့်ပြုလိုက်တော့ချမ်းသာတဲ့သူကြွယ်အိမ်တစ်အိမ်ကိုသွားပြီးအလုပ်တောင်းတယ်လုပ်ခကိုတော့သူလိုချင်တဲ့ဝတ်ပန်းဖြင့်ဆိုးအပ်တဲ့အဝတ်ပေးဖိုးတောင်းတဲ့အခါအိမ်ရှင်သူဌေးက”သုံးနှစ်တိတိငါတို့အိမ်မှာအလုပ်လုပ်မယ်ဆိုရင်တော့သင်လိုချင်တဲ့အဝတ်ကိုပေးပါ့မယ်ဘယ်လိုလဲလုပ်နှိုင်ပါ့မလား”လို့မေးတဲ့အခါဆင်ရဲသူမလေးကကောင်းပါပြီး ကျွန်မလုပ်ပါ့မယ်လို့ပြောလိုက်တယ်။

အလုပ်ကိုကြိုးစားရိုးသားစွာနဲ့တာဝန်ကျေအောင်လုပ်တဲ့အခါအိမ်ရှင်သူဌေးကြီးကသုံးနှစ်မပြည့်ခင်သူအရမ်းလိုချင်တ်ချင်နေတဲ့အဝတ်ထည်နဲ့အခြားအဝတ်တွေကိုပေးပြီးသူဌေးကြီးက”သူငယ်မသင့်ရဲ့သူငယ်ချင်းအဖော်တွေနဲ့အတူရေချိုးပြီးဝတ်ဆင်လေလော”လို့ပြောပြီးထိုအမျိုးသမီးလေးကိုလွှတ်လိုက်တယိုဆင်းရဲသူမလေးလဲအဖော်တွေကိုခေါ်သွားပြီးနီသောအဝတ်ပုဆိုးကိုမြစ်ကမ်းနားမှာ ထားပြီး ရေချိုးနေစဉ်မှာပဲကဿပဘုရားရှင်၏ တပည့်ဖြစ်သောရဟန်းတစ်ပါးကြွလာတယ်။

”ငါဟာရှေ့ဘဝကမလှူခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာအဝတ်ကိုသူဌေးအိမ်မှာပင်ပန်းကြီးစွာနဲ့ခဲခဲယဉ်းယဉ်းရခဲ့တယ်”လို့တွေးမိပြီးငါ့ အဝတ် ကို နှစ်ပိုင်းဖြတ်ပြီး တစ်ပိုင်းကို အရှင်ကောင်းအားလှူမယ်လို့ ကြံတွေးပြီး ကမ်းပေါ်တက်လာပြီး

အဝတ်ဝတ်ပြီ,,အရှင်ဘုရားရပ်တော်မူပါအုံးဘုရား,,လို့လျောက်ရင်းရဟန်းကိုရှိခိုးလိုက်တယ်ဝတ်ပန်းဆိုးအဝတ်ကိုအလယ်ကနေနှစ်ပိုင်းပိုင်းပြီးထိုရဟန်းကိုတပိုင်းလှူလိုက်တယ်ရဟန်းလဲသင့်တင့်လျှောက်ပတ်တဲ့မမြင်တဲ့နေရာအရပ်ကိုသွားပြီးခန္ဓာကိုယ်မှာပတ်ထားတဲ့သစ်ရွက်သစ်ခက်တို့ကိုစွန့်ပစ်ပြီးတစ်ပိုင်းသောဝတ်ပုဆိုးသင်္ကန်း၏အစွန်းတဖက်ကိုဝတ်၍တစွန်းကိုရုံပြီးထွက်လာခဲ့တဲ့အခါရဟန်းတော်ရဲ့ဝတ်ပန်းပုဆိုးထည်သင်္ကန်းအရောင်ဟာကိုယ်ခန္ဓာတစ်ခုလုံးထွက်သစ်စနေဗိမာန်အရောင်လိုတင့်တယ်နေတာကိုမြင်လိုက်ရတော့ဆင်းရဲသူမလေးဟာ,,ငါ့ရဲ့အရှင်ကောင်းဟာအစကတင့်တယ်တော်မမှုယခုအခါထွက်သစ်စနေမင်းကြီးလိုတင့်တယ်တော်မူလိုက်တာဒီဝတ်ပန်းထည်တပိုင်းကိုလဲထိုရှင်မြတ်အားသာလျှင်လှူအံ့”အကြံပေါ်လာပြီး ကျန်တဲ့ တပိုင်းကိုလူပြီးဆုတောင်းလိုက်တယ်။

,,အရှင်ဘုရားတပည့်တော်သည်ဖြစ်လေရာဖြစ်လေရာဘဝတိုင်း၌ကျင်လည်သည်ရှိသော်မြတ်သောအဆင်းကိုဆာင်နိုင်သည်ဖြစ်ရပါလို၏ ကျွနုပ်ကို မြင်၍ တစ်စုံတစ်ယောက်သောယောကျ်ားသည်မိမိသဘောအားဖြင့် ကောင်းစွာတည်ခြင်းငှါ မစွမ်းနိုင်ပါစေတပါးသေားမိန်းမသည်အကျွနုပ်ထက်လွန်ကဲ၍လှသည်မည်သူမှမဖြစ်စေသတည်း”ဟုဆုတောင်းလိုက်တယ်။

မထေရ်မြတ်သည်လည်းဝမ်းမြှောက်ခြင်းအနုမောဒနာကိုပြု၍ကြွတော်မူပြီအခြားကိုကြွသွားတယ်ဆင်းရဲသူမလေးလည်းကံအားလျော်စွာဒီဘဝမှာသေလွန်၍နတ်ပြည်၌ကျင်လည်ပြီးအရိဋ္ဌပုရပြည်၌ကုဋေ၈၀ချမ်းသာသောတိရိဋိဝစ္ဆမည်ရှိသောသူဌေးကြီး၏သမီးမြင်သူတိုင်းရူးမလောက်ခံစားရတဲ့အလှဘုရင်ဥမ္မာဒန္တီဖြစ်လာခဲ့လေးသည်;;;ကဲဥမ္မာဒန္တီလိုလှချင်ရင်တော့ဥမ္မာဒန္တီလိုလှူပြီး ဆုတောင်းပေါ့

Credit: xyznews.com