



CRD-momolay

UNICODE

သူမရဲ့ကောက်ကြောင်းအလှကြောင့်လူသိများလာတဲ့သရုပ်ဆောင်ဘေဘီမောင်ဟာဆိုရင်ပရိသတ်တွေချစ်ခင်အားပေးရတဲ့နိုင်ငံကျော်အနုပညာရှင်တစ်ဦပါ။ဘေဘီမောင်ပါဝင်သရုပ်ဆောင်ရိုက်ကူးထားတဲ့ဇာတ်ကားများစွာရှိတာကြောင့်သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်အခိုင်အမာရရှိထားသူလေးပဲဖြစ်ပါတယ်။အနုပညာလောကကိုခက်ခဲကြမ်းတမ်းတဲ့ဘဝနဲ့ဝင်ရောက်လာပြီးခုဆိုရင်သူမကြိုးစားအားထုတ်မှုကြောင့်အောင်မြင်မှုအတိုင်းအတာတစ်ခုကိုရရှိနေပြီပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ချစ်ပရိသတ်တွေအတွက်ဘေဘီမောင်ကသူ့ရဲ့ချစ်သူနဲ့အတူပုဂံမှာကြည်နူးရင်းရိုက်ထားတဲ့ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

ဘေဘီမောင်က”ပုဂံရောက်တုန်းလေးအမှတ်တရဆေးပန်းချီဆွဲနေတာပုဂံရောက်ရင်ဒီကောင်လေးဆီမှာဆေးပန်းချီဆွဲလို့ရပါတယ်ရှင့်😊၁၅၀၀ပဲကျတယ်တန်တယ်နော်😍” ဆိုပြီးပြောထားပါတယ်။

ဘေဘီမောင်ကချစ်သူနဲ့အတူခရီးသွားခဲ့တာဖြစ်ပြီး၊ပုဂံမှာချစ်သူကသူမကိုဆေးပန်းချီခြယ်ပေးတဲ့ပုံရိပ်ကလေးတွေကိုဘေဘီမောင်ကသူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာမှာကြည်နူးစရာအရေးအသားလေးတွေနဲ့တင်ထားတာပဲဖြစ်ပါတယ်။ဘေဘီမောင်ရဲ့ ချစ်သူ က အဆိုတော် သားဂန်းဖြစ်ပြီးသူမထက်အသက်ငယ်တယ်လို့ပြောထားပါတယ်။သားဂန်းက သူမထက်ငယ်ပေမယ့် သူမအပေါ်အရမ်းချစ်ပြီး ဂရုစိုက်တယ်လို့လည်းပြောထားပါတယ်။

သရုပ်ဆောင်ဘေဘီမောင်နဲ့အဆိုတော်သားဂန်းတို့ရဲ့ပုံရိပ်ကလေးတွေကိုပရိသတ်တွေသဘောကျကြမှာပါ။ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။