Loading...






Credit: The News Today
UNICODE:

အသက်(36)နှစ်အရွယ်ရှိပြီဖြစ်တဲ့StewartArmsဟာကိုယ်လက်မအီမသာဖြစ်ခဲ့ပါတယ်ဗျာစီးပွားရေးသမားဖြစ်တာကြောင့်ခရီးပန်းတာပဲလို့ယူဆပြီးပေါ့ပေါ့ဆဆနေခဲ့ပေမယ့်နှစ်ပတ်ကြာတဲ့အထိဒဏ်ရာကမသက်သာလို့သူ့မှာအဖျားရောဂါရှိနေပြီထင်ကာဆေးခန်းကိုသွားပြခဲ့ပါတယ်။ဒေါက်တာရဲ့စစ်ဆေးမှုမှာလည်းတစ်ခြားထူးခြားမှုကိုမတွေ့ရလို့အဖျားကျဆေးကို ပေးပြီးပြန်လွှတ်ခဲ့ပါတယ်

သွေးအဖြေကလည်းဘာမှထူးထူးခြားခြားမရှိခဲ့ပါ။ဒါပေမယ့်နောက်တစ်ရက်အကြာမှာပဲStewartဟာချောင်းဆိုးတဲ့အခါမှာသွေးခဲတွေပါလာတာကိုတွေ့ခဲ့ရပါတယ်။အဲဒီအခါမှာတော့ရောဂါကိုသေသေချာချာစစ်ဆေးမှုတွေလုပ်ခဲ့ရပြီးရောဂါရဲ့အဖြေကတော့ “အဆုတ်ကို မှိုစွဲ”တဲ့ ရောဂါ ဖြစ် တယ်လို့အဖြေထွက်ခဲ့ပါတယ်

အဆိုပါမှိုဟာဘယ်နေရာကနေလူကိုကူးစက်ခဲ့သလဲဆိုတာကိုထပ်မံစမ်းသပ်လိုက်တဲ့အခါမှာတော့ကျွန်တော်တို့နဲ့အနီးဆုံးပတ်ဝန်းကျင်မှာရှိနိုင်ပြီးအထူးသဖြင့်ကျွန်တော်တို့အိပ်တဲ့အခါအုံးတဲ့ခေါင်းအုံးမှာပိုလို့ရှိနိုင်ပါတယ်အဲဒီမှိုတွေဟာအသက်ရှုလမ်းကြောင်းကနေတစ်ဆင့်အဆုတ်ဆီကိုဝင်ရောက်နိုင်ဖို့အရမ်းလွယ်ကူပြီး၊နေမကောင်းသူအုံးထားတဲ့ခေါင်းအုံးကိုအသုံးပြုမိပါကလည်း အဖျား ဗိုင်းရပ်စ်နဲ့ အခြား ကူးစက်ရောဂါတွေ ကူးစက်နိုင်ချေပိုရှိတယ်လို့သိရပါတယ်ဗျာ

သို့အတွက်ကြောင့်မိမိတစ်ကိုယ်ရေအုံးနေတဲ့ခေါင်းအုံးတွေကိုတစ်ပတ်လျှင်အနည်းဆုံးတစ်ကြိမ်လောက်လျှော်ဖွပ်သန့်စင်ပေးသင့်ပြီးနေ့စဉ်နေရောင်ကောင်းကောင်းရဲ့အောက်မှာလှန်းပေးသင့်ပါတယ်။နေရောင်ဟာမှိုနဲ့အခြားပိုးမွှားများကိုနှိမ်နင်းနိုင်ပြီး ဗိုင်းရပ်စ်ကိုလည်း သေစေနိုင်တဲ့အစွမ်း ရှိပါတယ်

ဒါကြောင့်သက်ရှည်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ဖို့ကျွန်တော်တို့ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့အသုံးအဆောင်ပစ္စည်းတွေသန့်ရှင်းမှု အရေးကြီးတယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။

Credit: The News Today