စိတ္ဖိစီးမႈေတြ မ်ားေနတဲ့ ဒီေန႔ေခတ္ႀကီးမွာ မွတ္ဉာဏ္ျပႆနာေတြ အမ်ားဆုံးႀကဳံေတြ႕ရပါတယ္။ ဒီလို အေျခအေနေတြကို ေျဖေလ်ာ့ႏိုင္ေအာင္လုပ္ႏိုင္မယ့္နည္းလမ္းေတြလည္းရွိေနျပန္ပါတယ္။ေန႔စဥ္လုပ္ေနက်အျပဳအမူေတြကိုအနည္းငယ္ေျပာင္းလဲလိုက္႐ုံနဲ႔ သတိေမ့တာမ်ိဳးေတြ ေလ်ာ့နည္းသြားၿပီး အရင္လို ဉာဏ္ရည္ ျပန္သြက္လာပါလိမ့္မယ္။

ေျပာင္းျပန္လႈပ္ရွားမႈေတြကသင့္ဦးေႏွာက္အတြက္အေကာင္းဆုံးေလ့က်င့္ခန္းတခုပါ။ပုံမွန္သြားတိုက္ေနက်ညဘက္လက္အစားဘယ္ဘက္ေျပာင္းတိုက္တာမ်ိဳး၊သြားတိုက္ေဆးညႇစ္တာကအစကိုယ္မသန္တဲ့ဘက္ကိုသုံးေပးတဲ့အခါဦးေႏွာက္ဆဲလ္ေတြကို ႏိုးၾကားေစပါတယ္။

ေရခ်ိဳးတဲ့အခါ မ်က္စိမွိတ္ၿပီး လက္နဲ႔ပဲ ထိေတြ႕ လႈပ္ရွားၿပီး ခ်ိဳးၾကည့္ပါ။ အျမင္အာ႐ုံထက္ အထိအေတြ႕အပိုင္းနဲ႔ ျမင္ေအာင္ လုပ္ႏိုင္တာကလည္း သင့္ဦးေႏွာက္ကို အာ႐ုံစူးစိုက္ႏိုင္ေအာင္ ေလ့က်င့္ေပးရာေရာက္ပါတယ္။ မ်က္စိမွိတ္ၿပီး ေရခ်ိဳးသလိုပဲ ေခါင္းေလွ်ာ္တာ၊ မုတ္ဆိတ္ရိတ္ေတြမွာလည္း မ်က္စိမွိတ္ထားၿပီး မ်က္လုံးထဲေပၚ ေအာင္ ပုံေဖာ္ရင္းလုပ္ၾကည့္ပါ။

မနက္ႏိုးတာနဲ႔ ေန႔စဥ္လုပ္ၿမဲအလုပ္ေတြက သင့္ဦးေႏွာက္အတြက္ ဘာမွ မထူးျခားေစပါဘူး။ ေန႔စဥ္လုပ္ေနက်မို႔ ေခါင္းကေန စဥ္းစားစရာေတာင္ မလိုဘဲ အလိုလို လုပ္မိရက္သားျဖစ္ေနတတ္လို႔ပါ။ ဒါေၾကာင့္ မနက္တိုင္းလုပ္ေနက် အလုပ္ေတြကေန အေျပာင္းအလဲနည္းနည္းလုပ္ၾကည့္ပါ။

ဧည့္ခန္းနဲ႔ အိမ္ထဲမွာ အလွခ်ိတ္ထားတဲ့ ဓာတ္ပုံ၊ ပန္းခ်ီကားေတြကို ပုံမွန္အတည့္အတိုင္းၾကည့္တာထက္ ေျပာင္းျပန္ထားၿပီး ပုံေဖာ္ၾကည့္ပါ။သင့္ဦးေႏွာက္ကအတည့္ပုံေတြထက္ေျပာင္းျပန္ေတြၾကည့္တဲ့အခါပိုအာ႐ုံစိုက္ၿပီးအလုပ္လုပ္ရပါတယ္။အိမ္တအိမ္မွာထမင္းစားပြဲမွာျဖစ္ျဖစ္၊ဧည့္ခန္းမွာျဖစ္ျဖစ္အိမ္သားတေယာက္စီထိုင္ေနၾကေနရာဆိုတာရွိပါတယ္။

အၿမဲတမ္းထိုင္ေနက်ေနရာကေနၾကည့္ေနက်အျမင္ေတြကလည္းတူတူပဲမို႔ၾကာလာရင္ဦးေႏွာက္အလုပ္မလုပ္ေတာ့ဘဲဆိုင္းသြားတတ္ပါတယ္။ဒါေၾကာင့္အေျပာင္းအလဲျဖစ္ေအာင္ခုံေနရာေ႐ြ႕ထိုင္ၾကည့္ပါ။ဒီလိုပဲထမင္းစားပြဲေပၚကဆားဘူး၊င႐ုပ္ေကာင္းဘူးေတြကိုလည္း ထားေနၾကေနရာ အေျပာင္းအလဲလုပ္ပါ။

အနံ႔ေတြကလည္း သင့္ဦးေႏွာက္မွတ္ဉာဏ္ကိုအေထာက္အပံ့ေပးပါတယ္။ဒါေၾကာင့္မနက္မိုးလင္းတာနဲ႔ေကာ္ဖီနံ႔တမ်ိဳးတည္း ရေနတာထက္ျဖစ္ႏိုင္ရင္တျခားအနံ႔ေတြပါရေအာင္လုပ္ပါ။ဗယ္နီလာ၊ဗီတာမင္စီ၊ပူစီနံလိုအနံ႔မ်ိဳးကိုလည္းအနံ႔ခံၾကည့္ပါ။သင္အႀကိဳက္ဆုံးအနံ႔တမ်ိဳးကိုအိပ္ရာေဘးမွာထားအိပ္တာလည္းဦးေႏွာက္ကိုၾကည္လင္လန္းဆန္းေစပါတယ္။

မနက္ဘက္ ႐ုံးသြားတဲ့လမ္းမွာ ပတ္ဝန္းက်င္က အသံေတြ၊ အနံ႔ေတြကိုအာ႐ုံစိုက္ႏိုင္ေအာင္ကားတံခါးကိုဖြင့္စီးသြားၾကည့္ပါ။ မွန္ပိတ္ၿပီးအ႐ုပ္ပဲျမင္ေနရတာထက္အသံနဲ႔အနံကိုပါတေပါင္းတည္းျမင္ရ၊ၾကားရတာကဦးေႏွာက္အာ႐ုံခံလိုင္းေတြကိုပိုအလုပ္လုပ္ေစႏိုင္ပါတယ္။

စူပါးမားကတ္မွာေဈးဝယ္တဲ့အခါကိုယ္ဝယ္ခ်င္တခုပဲေ႐ြးမဝယ္ခဲ့ပါနဲ႔။အခ်ိန္ရရင္စင္ေပၚကတျခားပစၥည္းအစုံကိုလိုက္ၾကည့္ပါ။တခါမွကိုယ္မသိလိုက္တဲ့ပစၥည္းေတြ၊ကိုယ္မျမင္ခဲ့တဲ့ပစၥည္းေတြကိုေတြ႕လာပါလိမ့္မယ္။ဒါဟာဦးေႏွာက္ကိုအသစ္အသစ္ေသာ ပစၥည္းအမ်ိဳးအစားေတြနဲ႔ မိတ္ဆက္လိုက္တာပါ။

အားလပ္ရက္မွာ အိမ္မွာ အနားယူတာထက္ သင္ယူခ်င္တဲ့ ပညာအသစ္ေတြကိုအေပါင္းအသင္းေတြနဲ႔အတူစုေပါင္းေလ့လာ သင္ယူၾကည့္ပါ။ဒါ့အျပင္သူငယ္ခ်င္းေတြနဲ႔ဆိုရွယ္မီဒီယာမွာထက္အျပင္မွာေတြ႕ဆုံၾကပါ။ကိုယ္စားေလ့မရွိတဲ့အစားအေသာက္ အသစ္ေတြကိုလည္း မၾကာခဏ ျမည္းစမ္းၾကည့္သင့္ပါတယ္။

Credit: The Irrawaddy Lifestyle
UNICODE:

စိတ်ဖိစီးမှုတွေများနေတဲ့ဒီနေ့ခေတ်ကြီးမှာမှတ်ဉာဏ်ပြဿနာတွေအများဆုံးကြုံတွေ့ရပါတယ်။ဒီလိုအခြေအနေတွေကိုဖြေလျော့နိုင်အောင်လုပ်နိုင်မယ့်နည်းလမ်းတွေလည်းရှိနေပြန်ပါတယ်။နေ့စဉ်လုပ်နေကျအပြုအမူတွေကိုအနည်းငယ်ပြောင်းလဲလိုက်ရုံနဲ့ သတိမေ့တာမျိုးတွေ လျော့နည်းသွားပြီး အရင်လို ဉာဏ်ရည် ပြန်သွက်လာပါလိမ့်မယ်။

ပြောင်းပြန်လှုပ်ရှားမှုတွေကသင့်ဦးနှောက်အတွက်အကောင်းဆုံးလေ့ကျင့်ခန်းတခုပါ။ပုံမှန်သွားတိုက်နေကျညဘက်လက်အစားဘယ်ဘက်ပြောင်းတိုက်တာမျိုး၊သွားတိုက်ဆေးညှစ်တာကအစကိုယ်မသန်တဲ့ဘက်ကိုသုံးပေးတဲ့အခါဦးနှောက်ဆဲလ်တွေကို နိုးကြားစေပါတယ်။

ရေချိုးတဲ့အခါ မျက်စိမှိတ်ပြီး လက်နဲ့ပဲ ထိတွေ့ လှုပ်ရှားပြီးချိုးကြည့်ပါ။အမြင်အာရုံထက်အထိအတွေ့အပိုင်းနဲ့မြင်အောင် လုပ်နိုင်တာကလည်းသင့်ဦးနှောက်ကိုအာရုံစူးစိုက်နိုင်အောင်လေ့ကျင့်ပေးရာရောက်ပါတယ်မျက်စိမှိတ်ပြီးရေချိုးသလိုပဲခေါင်းလျှော်တာ၊မုတ်ဆိတ်ရိတ်တွေမှာလည်းမျက်စိမှိတ်ထားပြီးမျက်လုံးထဲပေါ်အောင်ပုံဖော်ရင်းလုပ်ကြည့်ပါ။

မနက်နိုးတာနဲ့ နေ့စဉ်လုပ်မြဲအလုပ်တွေကသင့်ဦးနှောက်အတွက်ဘာမှမထူးခြားစေပါဘူး။နေ့စဉ်လုပ်နေကျမို့ခေါင်းကနေ စဉ်းစားစရာတောင် မလိုဘဲ အလိုလို လုပ်မိရက်သားဖြစ်နေတတ်လို့ပါ။ ဒါကြောင့် မနက်တိုင်းလုပ်နေကျ အလုပ်တွေကနေ အပြောင်းအလဲနည်းနည်းလုပ်ကြည့်ပါ။

ဧည့်ခန်းနဲ့အိမ်ထဲမှာအလှချိတ်ထားတဲ့ဓာတ်ပုံ၊ပန်းချီကားတွေကိုပုံမှန်အတည့်အတိုင်းကြည့်တာထက်ပြောင်းပြန်ထားပြီးပုံဖော်ကြည့်ပါ။သင့်ဦးနှောက်ကအတည့်ပုံတွေထက်ပြောင်းပြန်တွေကြည့်တဲ့အခါပိုအာရုံစိုက်ပြီးအလုပ်လုပ်ရပါတယ်။အိမ်တအိမ်မှာထမင်းစားပွဲမှာဖြစ်ဖြစ်၊ဧည့်ခန်းမှာဖြစ်ဖြစ်အိမ်သားတယောက်စီထိုင်နေကြနေရာဆိုတာရှိပါတယ်။

အမြဲတမ်းထိုင်နေကျနေရာကနေကြည့်နေကျအမြင်တွေကလည်းတူတူပဲမို့ကြာလာရင်ဦးနှောက်အလုပ်မလုပ်တော့ဘဲဆိုင်းသွားတတ်ပါတယ်။ဒါကြောင့်အပြောင်းအလဲဖြစ်အောင်ခုံနေရာရွေ့ထိုင်ကြည့်ပါ။ဒီလိုပဲထမင်းစားပွဲပေါ်ကဆားဘူး၊ငရုပ်ကောင်းဘူးတွေကိုလည်း ထားနေကြနေရာ အပြောင်းအလဲလုပ်ပါ။

အနံ့တွေကလည်းသင့်ဦးနှောက်မှတ်ဉာဏ်ကိုအထောက်အပံ့ပေးပါတယ်။ဒါကြောင့်မနက်မိုးလင်းတာနဲ့ကော်ဖီနံ့တမျိုးတည်းရနေတာထက်ဖြစ်နိုင်ရင်တခြားအနံ့တွေပါရအောင်လုပ်ပါ။ဗယ်နီလာ၊ဗီတာမင်စီ၊ပူစီနံလိုအနံ့မျိုးကိုလည်းအနံ့ခံကြည့်ပါ။သင်အကြိုက်ဆုံးအနံ့တမျိုးကိုအိပ်ရာဘေးမှာထားအိပ်တာလည်းဦးနှောက်ကိုကြည်လင်လန်းဆန်းစေပါတယ်။

မနက်ဘက်ရုံးသွားတဲ့လမ်းမှာပတ်ဝန်းကျင်ကအသံတွေ၊အနံ့တွေကိုအာရုံစိုက်နိုင်အောင်ကားတံခါးကိုဖွင့်စီးသွားကြည့်ပါ။မှန်ပိတ်ပြီးအရုပ်ပဲမြင်နေရတာထက်အသံနဲ့အနံကိုပါတပေါင်းတည်းမြင်ရ၊ကြားရတာကဦးနှောက်အာရုံခံလိုင်းတွေကိုပိုအလုပ်လုပ်စေနိုင်ပါတယ်။

စူပါးမားကတ်မှာဈေးဝယ်တဲ့အခါကိုယ်ဝယ်ချင်တခုပဲရွေးမဝယ်ခဲ့ပါနဲ့။အချိန်ရရင်စင်ပေါ်ကတခြားပစ္စည်းအစုံကိုလိုက်ကြည့်ပါ။တခါမှကိုယ်မသိလိုက်တဲ့ပစ္စည်းတွေ၊ကိုယ်မမြင်ခဲ့တဲ့ပစ္စည်းတွေကိုတွေ့လာပါလိမ့်မယ်။ဒါဟာဦးနှောက်ကိုအသစ်အသစ်သော ပစ္စည်းအမျိုးအစားတွေနဲ့ မိတ်ဆက်လိုက်တာပါ။

အားလပ်ရက်မှာအိမ်မှာအနားယူတာထက်သင်ယူချင်တဲ့ပညာအသစ်တွေကိုအပေါင်းအသင်းတွေနဲ့အတူစုပေါင်းလေ့လာသင်ယူကြည့်ပါ။ဒါ့အပြင်သူငယ်ချင်းတွေနဲ့ဆိုရှယ်မီဒီယာမှာထက်အပြင်မှာတွေ့ဆုံကြပါ။ကိုယ်စားလေ့မရှိတဲ့အစားအသောက် အသစ်တွေကိုလည်း မကြာခဏမြည်းစမ်းကြည့်သင့်ပါတယ်။

Credit: The Irrawaddy Lifestyle