





Credit: အထွေထွေဗဟုသုတ
UNICODE:

လက်ရှိ ကမ္ဘာ့ အမြန်ဆုံး လေယာဉ် ဖြစ်သော အမေရိကန် လေတပ် ၏ စစ်လေယာဉ် ကို အမည်မသိ ယာဉ် တစ်စင်း မှ ကျော်တက်မှု့

ပင်လယ် ရေပြင် မှ အမြင့်ပေ 20,000 တွင် အသံထက် သုံးဆ မြန်သော အလျှင်ဖြင့် ပျံသန်းနေ သော အမေရိကန် စစ် လေယာဉ် တစ်စီး ကို ၎င်း ထက် မြန်သော အရှိန်ဖြင့် ပျံသန်း လာသော ယာဉ် တစ်စီး ကအံ့သြဖွယ်ကျော်တက်မှု တစ်ခု ပစိဖိတ် သမုဒ္ဒရာ ရေပြင်ထက် ၌ ဖြစ်ပွား ခဲ့သည်။ ကမ္ဘာ့ လေကြောင်း ကျွမ်းကျင် သူများ နှင့် အမေရိကန် နာဆာမှပညာရှင်များ က ၎င်း ဖြစ်ရပ် အတွက် အဖြေရှာ မရ ဖြစ်နေ ကြ ပါတယ်။

အမေရိကန် နာဆာ အင်္ဂါဂြိုဟ် စူးစမ်း လေ့လာရေး ဌာန မှ ပါမောက္ခ ဖြစ်သူ မစ္စတာ ဂျောင်ကင်း က …ရိုက် ညီနောင် တို့စတင်ခဲ့တဲ့လေကြောင်းသမိုင်းဟာဒီနေ့မှာစာမျက်နှာသစ်ဖွင့်လိုက်ပါပြီ။မယုံကြည်နိုင်လောက်အောင်မြန်လွန်းလှတဲ့အဆိုပါယာဉ်ကြောင့်လေကြောင်းနဲ့အာကာသပညာရပ်နယ်ပယ်မှာကျုပ်တို့သင်ယူစရာတွေအများကြီးရှိသေးတယ်ဆိုတာ ကို ဒီ ဖြစ်ရပ် က သက်သေပြ နေပါတယ် လို့ ပြောကြားလိုက် ပါတယ်။

အမေရိကန် စစ်ဘက် မှ ဆက်လက် စုံစမ်းရာ အဆိုပါယာဉ်သည်မြန်မာနိုင်ငံမှပျံသန်းလာသောလေယာဉ်ဟုသိရှိရပြီး ဂေါ်ဖီထုပ်နှင့်ကန်စွန်းရွက်များအပြည့်တင်ဆောင်ပျံသန်းလာခြင်းဖြစ်သည်။အဆိုပါလေယာဉ်၏လေယာဉ်မှုးဖြစ်သူက၎င်းတို့လေယာဉ်သည်ကုန်စိမ်းလေယာဉ်ဖြစ်သည့်အတွက်မနက်ခင်းဈေးအမှီအမြန်ပျံသန်းလာရခြင်းဖြစ်ပြီးအခြားရည်ရွယ်ချက် မရှိကြောင်း၊

မြန်မာနိုင်ငံ ရဲ့ စီးပွားရေး မူဝါဒ အရ မြန်နိုင်သမျှ မြန်အောင် အသော့ နှင်ခဲ့ ရခြင်းဖြစ်ပါတယ်လို့မီဒီယာတွေရဲ့မေးမြန်းမှု ကို ဖြေကြား ခဲ့ကြောင်း NWH သတင်းဌာန မှ တင်ပြခဲ့ ပါသည်။

( ကြက် ၊ ပဲ ၊ ဂျင်း များလည်း ပါကြောင်း အတွင်း သတင်း အရ သိရှိ ရပါတယ် )? ?

Credit: အထွေထွေဗဟုသုတ