


CRD-myanmarload

UNICODE

အဆိုတော်၊သရုပ်ဆောင်မင်းသွေးတစ်ယောက်ဆုံးပါးသွားခဲ့တာဟာနှစ်လကျော်ခန့်ရှိခဲ့ပေမယ့်လည်းသူရဲ့မိတ်ဆွေတွေနဲ့ပရိသတ်တွေရဲ့ရင်ထဲမှာတောမေ့မရနိုင်အောင်ရှိနေဆဲဖြစ်ပါတယ်။ဘောလုံးကစားရတာဝါသနာပါတဲ့မင်းသွေးဟာသူငယ်ချင်းတွေနဲ့အမြဲလိုလိုဘောလုံးစုကန်လေ့ရှိပြီးသေဆုံးချိန်မှာလည်းသူချစ်တဲ့ဘောလုံးကစားရင်းနဲ့ပဲရုတ်တရက်ဆိုသလိုအားလုံးကို နှုတ်မဆက်ဘဲ လူ့လောကကြီးက ထွက်ခွာသွားခဲ့ရတာ ဖြစ်ပါတယ်။

အခုလည်း မင်းသွေးရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ သရုပ်ဆောင်ဇာနည်ကမင်းသွေးနဲ့ပတ်သက်ပြီးစိတ်ဆိုးစရာကိစ္စတစ်ခု ပြုလုပ်မိကြောင်းဝမ်းနည်းစွာဖွင့်ဟလာခဲ့ပါတယ်။အခုဆိုရင်မင်းသွေးပါဝင်သရုပ်ဆောင်ထားတဲ့”သတ်ကွင်း”ဇာတ်ကားကြီးကလာမယ့်ဒီဇင်ဘာလ၁၄ရက်နေ့မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ဒါကြောင့်ဇာနည်က”ညကတရေးနိုးတော့ထူးထူးခြားခြားသူ့ကိုသတိရမိနေတယ် မနက်ကမှတ်မှတ်ရရ မိန်းမကိုပြန်ပြောဖြစ်လိုက်သေးသည်”ဆိုပြီးမင်းသွေးကိုသတိရကြောင်း ပြောပြခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ဇာနည်က”အခုနေ့ခင်းကြတော့သတ်ကွင်းသွားကြည့်ဖို့တဲ့…ငါ့ကိုတစ်ယောက်ပြီးတစ်ယောက်ဖုန်းဆက်ခေါ်နေကြတယ်..နောက်မှကြည့်တော့မယ်လို့…အဝေးရောက်နေလို့ပါ…သတ်ကွင်းအထူးပွဲတုန်းကလည်း…ငါမအားလို့ပါလို့ဆိုတဲ့အကြောင်းပြချက်နဲ့ငါမကြည့်ခဲ့ဘူး…မင်းသာအနားရှိရင်ငါ့ကိုဘယ်လိုပြောပြီး…ဘယ်လိုတွေစိတ်ဆိုးနေမယ်ဆိုတာကို…ငါသိနေပါတယ်ညီလေး….အခုလည်းမင်းစိတ်ဆိုးမနေနဲ့ဦးနော်..ပိတ်ကားပေါ်မှာမင်းရဲ့ပုံပေါ်လာတဲ့အချိန်ကြရင်…!!!!ငါသူတို့နဲ့အတူတူမကြည့်ချင်လို့ပါကွာ…အကိုတစ်ယောက်ထဲပဲတိတ်တိတ်လေးသွားကြည့်မယ်နော်…သာချို…သတ်ကွင်း”ဆိုပြီးမင်းသွေးနဲ့အမှတ်တရတွေကိုထုတ်ပြရင်းကြေကွဲစွာရင်ဖွင့်ပြောပြထားတာတွေ့ရပါတယ်။”ကျွန်တော်တစ်ယောက်ထဲသွားကြည့်မှာပါ”ဆိုတဲ့ဇာနည်ရဲ့စကားတွေကတော့ပရိသတ်တွေကိုတောင်မျက်ရည်ဝဲစေလောက်ပါတယ်နော်။