မေလးရွားႏိုင္ငံေရာက္ရင္ 99 Speedmart မီနီမတ္ဆိုင္ေတြကို ေနရာတိုင္းလိုလိုျမင္မိၾကပါလိမ့္မယ္။မီနီမတ္ဆိုင္ေတြကို တည္ေထာင္သူကေတာ့လီသမ္၀ါဆိုသူအမ်ိဳးသားတစ္ဦးျဖစ္ပါတယ္။လီသမ္၀ါကို(၁၉၅၄)ခုႏွစ္မွာေမြးဖြားခဲ့ၿပီးသူ႔ကိုမီနီမတ္ဆိုင္ေတြရဲ႕ဘုရင္လို႔သိၾကပါတယ္။လီဟာပင္ပင္ပန္းပန္းနဲ႔သူရွာေဖြစုေဆာင္းလို႔ရတဲ့ေငြအရင္းအႏွီးေတြနဲ႔မီနီမတ္အင္ပါယာၾကီးကိုအစဥ္တိုးခ်ဲ႔ေနသူလည္းျဖစ္ပါတယ္။မသန္စြမ္းေပမယ့္သူေဌးၾကီးတစ္ဦးျဖစ္လာတဲ့အထိစြမ္းေဆာင္ရည္ၾကီးမားလွတဲ့ လီရဲ႕ အေၾကာင္းနဲ႔ ပတ္သက္လို႔ေတာ့ အရမ္းစိတ္၀င္စားစရာ ေကာင္းပါတယ္။

လီဟာ(၈)လသားအရြယ္ကတည္းကပိုလီယိုေရာဂါေ၀ဒနာကိုခံစားခဲ့ရပါတယ္။ေရာဂါေၾကာင့္ဘ၀တစ္ေလွ်ာက္လံုးလမ္းမေလွ်ာက္ႏိုင္ေတာ့ပဲ၀ွီးခ်ဲလ္ေပၚမွာအခ်ိန္ကုန္ရပါတယ္။ငယ္ငယ္တုန္းကဆင္းရဲတာေၾကာင့္၀ွီးခ်ဲလ္နဲ႔လည္းေက်ာင္းသြားဖို႔အဆင္မေျပတာေၾကာင့္အတန္းပညာ(၆)တန္းထိသာစာသင္ခဲ့ရပါတယ္။လီရဲ႕ဖခင္ကေတာ့ေဆာက္လုပ္ေရးအလုပ္သမားပါ။မိခင္ကေတာ့ေစ်းေရာင္းပါတယ္။ေမြးခ်င္းကလည္း(၁၀)ေယာက္ေလာက္ရွိတာေၾကာင့္မိဘေတြကအလုပ္သြားတဲ့အခါလီနဲ႔ေမြးခ်င္းေတြကိုအဖြားျဖစ္သူကေစာင့္ေရွာက္ေပးရပါတယ္။

လီကိုအင္တာဗ်ဴးတဲ့အခါမွာေတာ့အဖြားျဖစ္သူနဲ႔ပတ္သက္လို႔သူကအခုလိုေျပာျပပါတယ္။ငယ္ငယ္တုန္းကေမြးခ်င္းေမာင္ႏွမေတြသာမန္အတိုင္းလႈပ္ရွားက်င္လည္ေနခ်ိန္မွာသူကထိုင္ၿပီးၾကည့္ေနခဲ့ရေပမယ့္အခုအခ်ိန္မွာအဖြားျဖစ္သူကိုေတာ္ေတာ္ေလးေက်းဇူးတင္မိတယ္လို႔ဆိုပါတယ္။“အဖြားကကြ်န္ေတာ္ဟာရုပ္ပိုင္းဆိုင္ရာအေနနဲ႔ပဲမသန္စြမ္းတာ၊စိတ္ပိုင္းဆိုင္ရာမဟုတ္ဘူး။ကြ်န္ေတာ္ဟာဥာဏ္ေကာင္းတယ္၊လက္ႏွစ္ဖက္သံုးၿပီးလည္းဘာမဆိုလုပ္ႏိုင္တယ္လို႔ေျပာတယ္။ကြ်န္ေတာ့္အေနနဲ႔အမွီခိုကင္းဖို႔လိုၿပီးကိုယ့္ထူးကိုယ္ခြ်န္ရမယ္။ႏို႔မို႔ဆိုသူမ်ားေနာက္က်န္ခဲ့လိမ့္မယ္လို႔အဖြားကေျပာေလ့ရွိတယ္။”

အဖြားျဖစ္သူရဲ႕စိတ္အားတက္ေစမယ့္ဂရုဏာစကားေတြေၾကာင့္လားေတာ့မသိပါ။လီဟာကနဦးမွာသူတို႔အိမ္ေအာက္မွာပဲမုန္႔ပဲသြားေရစာေလးေတြကိုေရာင္းၿပီးစီးပြားေရးေလးတစ္ခုစလုပ္ခဲ့ပါတယ္။ဒီကေနေရာင္းလို႔ရတဲ့ေငြကိုစု၊အလုပ္ၾကိဳးစားရာကေနအသက္(၂၃)ႏွစ္မွာေတာ့PasarRayaHiapHoeအမည္ရတဲ့ပထမဆံုးစတုိးဆိုင္ေလးကိုဖြင့္လွစ္ႏိုင္ခဲ့ပါတယ္။ဆိုင္ေလးက၀န္ေဆာင္မႈေကာင္းတယ္၊ေစ်းခ်ိဳတယ္၊အမယ္စံုတယ္စသျဖင့္လူသိမ်ားလာရာကေနလီရဲ႕စီးပြားေရးဟာတစ္ရွိန္ထိုးတိုးတက္လာပါေတာ့တယ္။

စတိုးဆိုင္ကို (၅) ႏွစ္တာဖြင့္ကာ ပိုက္ဆံစုခဲ့ၿပီးေနာက္လီဟာပိုၿပီးစြန္႔စားခ်င္တာေၾကာင့္သူ႔ဆိုင္ေလးကိုအမ်ိဳးတစ္ေယာက္ဆီ ေရာင္းခ်ခဲ့ပါတယ္။ရလာတဲ့ေငြေတြနဲ႔သူ႔ရဲ႕မီနီမတ္အင္ပါယာၾကီးရဲ႕အစျဖစ္လာမယ့္ပထမဆံုးမီနီမတ္ဆိုင္ေလးကိုဖြင့္လွစ္ခဲ့ပါတယ္။ စစဖြင့္ခ်င္းမွာ အေျခခံလူတန္းစား ေဖာက္သည္ေတြကိုပစ္မွတ္ထားခဲ့ၿပီးေနာက္ပိုင္းမွာေတာ့တစ္စစနဲ႔သူ႔စီးပြားေရးကို ခ်ဲ႔ထြင္လာခဲ့ပါတယ္။

(၂၀၀၀) ခုႏွစ္မွာေတာ့ လီဟာ သူ႔ရဲ႕ မီနီမတ္ဆိုင္ေတြအကုန္လံုးကို 99 Speedmart ဆိုၿပီး အမည္ေျပာင္းလဲခဲ့ပါတယ္။ အခုဆိုရင္ေတာ့လီရဲ႕99Speedmartဆိုင္ခြဲေတြဟာမေလးရွားမွာဆိုင္ခြဲေပါင္း(၁,၀၀၀)နီးနီးရွိေနၿပီျဖစ္ၿပီးတစ္ႏွစ္ကိုအသားတင္အျမတ္ေငြမေလးရွားရင္းဂစ္(၂.၁)ဘီလ်ံေလာက္ရွိေၾကာင္းလည္းသိရပါတယ္။ရုပ္ပိုင္းဆိုင္ရာအားနည္းခ်က္ေၾကာင့္ အားငယ္မေနပဲကိုယ္ပိုင္အစြမ္းအစေတြကိုလူအမ်ားအားက်ရေအာင္ထုတ္သံုးျပခဲ့တဲ့လီကေတာ့စံနမူနာယူေလးစားထိုက္သူတစ္ဦးပဲ ျဖစ္ပါေတာ့တယ္။

Credit: Shwemom
UNICODE:

မလေးရှားနိုင်ငံရောက်ရင်99Speedmartမီနီမတ်ဆိုင်တွေကိုနေရာတိုင်းလိုလိုမြင်မိကြပါလိမ့်မယ်။မီနီမတ်ဆိုင်တွေကိုတည်ထောင်သူကတော့လီသမ်ဝါဆိုသူအမျိုးသားတစ်ဦးဖြစ်ပါတယ်။လီသမ်ဝါကို(၁၉၅၄)ခုနှစ်မှာမွေးဖွားခဲ့ပြီးသူ့ကိုမီနီမတ်ဆိုင်တွေရဲ့ဘုရင်လို့သိကြပါတယ်။လီဟာပင်ပင်ပန်းပန်းနဲ့သူရှာဖွေစုဆောင်းလို့ရတဲ့ငွေအရင်းအနှီးတွေနဲ့မီနီမတ်အင်ပါယာကြီးကိုအစဉ်တိုးချဲ့နေသူလည်းဖြစ်ပါတယ်။မသန်စွမ်းပေမယ့်သူဌေးကြီးတစ်ဦးဖြစ်လာတဲ့အထိစွမ်းဆောင်ရည်ကြီးမားလှတဲ့ လီရဲ့ အကြောင်းနဲ့ ပတ်သက်လို့တော့ အရမ်းစိတ်ဝင်စားစရာ ကောင်းပါတယ်။

လီဟာ(၈)လသားအရွယ်ကတည်းကပိုလီယိုရောဂါဝေဒနာကိုခံစားခဲ့ရပါတယ်။ရောဂါကြောင့်ဘဝတစ်လျှောက်လုံးလမ်းမလျှောက်နိုင်တော့ပဲဝှီးချဲလ်ပေါ်မှာအချိန်ကုန်ရပါတယ်။ငယ်ငယ်တုန်းကဆင်းရဲတာကြောင့်ဝှီးချဲလ်နဲ့လည်းကျောင်းသွားဖို့အဆင်မပြေတာကြောင့်အတန်းပညာ(၆)တန်းထိသာစာသင်ခဲ့ရပါတယ်။လီရဲ့ဖခင်ကတော့ဆောက်လုပ်ရေးအလုပ်သမားပါ။မိခင်ကတော့ဈေးရောင်းပါတယ်။မွေးချင်းကလည်း(၁၀)ယောက်လောက်ရှိတာကြောင့်မိဘတွေကအလုပ်သွားတဲ့အခါလီနဲ့မွေးချင်းတွေကိုအဖွားဖြစ်သူကစောင့်ရှောက်ပေးရပါတယ်။

လီကိုအင်တာဗျူးတဲ့အခါမှာတော့အဖွားဖြစ်သူနဲ့ပတ်သက်လို့သူကအခုလိုပြောပြပါတယ်။ငယ်ငယ်တုန်းကမွေးချင်းမောင်နှမတွေသာမန်အတိုင်းလှုပ်ရှားကျင်လည်နေချိန်မှာသူကထိုင်ပြီးကြည့်နေခဲ့ရပေမယ့်အခုအချိန်မှာအဖွားဖြစ်သူကိုတော်တော်လေးကျေးဇူးတင်မိတယ်လို့ဆိုပါတယ်။“အဖွားကကျွန်တော်ဟာရုပ်ပိုင်းဆိုင်ရာအနေနဲ့ပဲမသန်စွမ်းတာ၊စိတ်ပိုင်းဆိုင်ရာမဟုတ်ဘူး။ကျွန်တော်ဟာဉာဏ်ကောင်းတယ်၊လက်နှစ်ဖက်သုံးပြီးလည်းဘာမဆိုလုပ်နိုင်တယ်လို့ပြောတယ်။ကျွန်တော့်အနေနဲ့အမှီခိုကင်းဖို့လိုပြီးကိုယ့်ထူးကိုယ်ချွန်ရမယ်။နို့မို့ဆိုသူများနောက်ကျန်ခဲ့လိမ့်မယ်လို့အဖွားကပြောလေ့ရှိတယ်။”

အဖွားဖြစ်သူရဲ့စိတ်အားတက်စေမယ့်ဂရုဏာစကားတွေကြောင့်လားတော့မသိပါ။လီဟာကနဦးမှာသူတို့အိမ်အောက်မှာပဲမုန့်ပဲသွားရေစာလေးတွေကိုရောင်းပြီးစီးပွားရေးလေးတစ်ခုစလုပ်ခဲ့ပါတယ်။ဒီကနေရောင်းလို့ရတဲ့ငွေကိုစု၊အလုပ်ကြိုးစားရာကနေအသက်(၂၃)နှစ်မှာတော့PasarRayaHiapHoeအမည်ရတဲ့ပထမဆုံးစတိုးဆိုင်လေးကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။ဆိုင်လေးကဝန်ဆောင်မှုကောင်းတယ်၊ဈေးချိုတယ်၊အမယ်စုံတယ်စသဖြင့်လူသိများလာရာကနေလီရဲ့စီးပွားရေးဟာတစ်ရှိန်ထိုးတိုးတက်လာပါတော့တယ်။

စတိုးဆိုင်ကို(၅)နှစ်တာဖွင့်ကာပိုက်ဆံစုခဲ့ပြီးနောက်လီဟာပိုပြီးစွန့်စားချင်တာကြောင့်သူ့ဆိုင်လေးကိုအမျိုးတစ်ယောက်ဆီရောင်းချခဲ့ပါတယ်။ရလာတဲ့ငွေတွေနဲ့သူ့ရဲ့မီနီမတ်အင်ပါယာကြီးရဲ့အစဖြစ်လာမယ့်ပထမဆုံးမီနီမတ်ဆိုင်လေးကိုဖွင့်လှစ်ခဲ့ပါတယ်။စစဖွင့်ချင်းမှာအခြေခံလူတန်းစားဖောက်သည်တွေကိုပစ်မှတ်ထားခဲ့ပြီးနောက်ပိုင်းမှာတော့တစ်စစနဲ့သူ့စီးပွားရေးကိုချဲ့ထွင်လာခဲ့ပါတယ်။

(၂၀၀၀)ခုနှစ်မှာတော့လီဟာသူ့ရဲ့မီနီမတ်ဆိုင်တွေအကုန်လုံးကို99Speedmartဆိုပြီးအမည်ပြောင်းလဲခဲ့ပါတယ်။အခုဆိုရင်တော့လီရဲ့99Speedmartဆိုင်ခွဲတွေဟာမလေးရှားမှာဆိုင်ခွဲပေါင်း(၁,၀၀၀)နီးနီးရှိနေပြီဖြစ်ပြီးတစ်နှစ်ကိုအသားတင်အမြတ်ငွေမလေးရှားရင်းဂစ်(၂.၁)ဘီလျံလောက်ရှိကြောင်းလည်းသိရပါတယ်။ရုပ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့်အားငယ်မနေပဲကိုယ်ပိုင်အစွမ်းအစတွေကိုလူအများအားကျရအောင်ထုတ်သုံးပြခဲ့တဲ့လီကတော့စံနမူနာယူလေးစားထိုက်သူတစ်ဦးပဲ ဖြစ်ပါတော့တယ်။

Credit: Shwemom