ျမန္မာအလွမယ္ ေ႐ႊအိမ္စည္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ “MissSupranational”ၿပိဳင္ပြဲကီးကေတာ့ဒီဇင္ဘာလ၇ရက္ေန႔မွာပဲ က်င္းပၿပီးစီးခဲ့ၿပီ ျဖစ္ပါတယ္ ။ ဒီၿပိဳင္ပြဲႀကီးမွာ ေ႐ႊအိမ္စည္က အေကာင္းဆုံး ႀကိဳးစားယွဥ္ၿပိဳင္ခဲ့ေပမယ့္လည္း Top 25နဲ႔သာ ေက်နပ္ခဲ့ရပါတယ္။ပရိသတ္ေတြအားလုံးကအမ်ားႀကီးေမွ်ာ္လင့္ထားခဲ့ေပမယ့္လည္းရလဒ္အတြက္အိမ္စည္ကိုေတာ့အျပစ္မတင္ဘဲ အားေပးခ်စ္ခင္ေနၾကဆဲ ျဖစ္ပါတယ္ ။

ဒါေပမယ့္ျပဳင္ပြဲဝင္အလွမယ္ေတြၾကားမွာအိမ္စည္ကပရိသတ္အားေပးမႈအမ်ားဆုံးရရွိခဲ့တာေၾကာင့္ႏိုင္ငံတကာမွာထင္ေပၚေက်ာ္ၾကားခဲ့ပါတယ္။ အခုဆိုရင္ေတာ့ အိမ္စည္က ၿပိဳင္ပြဲၿပီးဆုံးၿပီျဖစ္တာေၾကာင့္ ပိုလန္ႏိုင္ငံကေန ျမန္မာျပည္ကို ဒီဇင္ဘာ ၉ ရက္ညမွာျပန္လာေတာ့မွာျဖစ္ပါတယ္။ဒါေၾကာင့္အိမ္စည္ကသူမရဲ႕အိမ္အျပန္ခရီးမွာမိသားစုနဲ႔ပရိသတ္ေတြကိုေတြ႕ခ်င္ေၾကာင္း အမွာစကားတစ္ခ်ိဳ႕နဲ႔အတူ ကိုယ္တိုင္ဖိတ္ေခၚလိုက္ပါတယ္။

အိမ္စည္က ”အိမ္စည့္ကို ေလဆိပ္ မွာ ႀကိဳခ်င္ၾက တဲ့ we love fans…family andfriendေတြအတြက္မနက္ျဖန္ညေန ၇ နာရီ ခြဲ မွာ သုဝဏၰဘူမိေလဆိပ္ကေန ျမန္မာ ႏိုင္ငံသို႔ျပန္လည္ ေရာက္ရွိပါမယ္ ေနာ္ ..အိမ္စည္ရဲ႕ အိမ္အျပန္ ခရီးစဥ္ ေလးကိုလည္းအိမ္စည္ကိုခ်စ္ေသာသူမ်ားအားလုံးကိုလာေရာက္ေပးဖို႔ဖိတ္ေခၚပါတယ္…အားလုံးေပ်ာ္႐ြင္စြာေတြ႕ၾကမယ္ေနာ္Seeyoutomorrow!Withloveအိမ္စည္”ဆိုၿပီးဖိတ္ေခၚထားတာျဖစ္ပါတယ္။အိမ္စည္ကိုအမာခံအားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြလည္း သြားေရာက္ႀကိဳဆိုေပးႏိုင္ဖို႔ တိုက္တြန္းေပးလိုက္ပါတယ္ေနာ္။

Source: Shwe Eain Si

CRD-myanmarload

UNICODE

မြန်မာအလှမယ်ရွှေအိမ်စည်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့”MissSupranational”ပြိုင်ပွဲကီးကတော့ဒီဇင်ဘာလ၇ရက်နေ့မှာပဲ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ် ။ ဒီပြိုင်ပွဲကြီးမှာ ရွှေအိမ်စည်က အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပေမယ့်လည်း Top25နဲ့သာကျေနပ်ခဲ့ရပါတယ်။ပရိသတ်တွေအားလုံးကအများကြီးမျှော်လင့်ထားခဲ့ပေမယ့်လည်းရလဒ်အတွက်အိမ်စည်ကိုတော့အပြစ်မတင်ဘဲ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ် ။

ဒါပေမယ့်ပြုင်ပွဲဝင်အလှမယ်တွေကြားမှာအိမ်စည်ကပရိသတ်အားပေးမှုအများဆုံးရရှိခဲ့တာကြောင့်နိုင်ငံတကာမှာထင်ပေါ်ကျော်ကြားခဲ့ပါတယ်။ အခုဆိုရင်တော့ အိမ်စည်က ပြိုင်ပွဲပြီးဆုံးပြီဖြစ်တာကြောင့် ပိုလန်နိုင်ငံကနေ မြန်မာပြည်ကို ဒီဇင်ဘာ၉ရက်ညမှာပြန်လာတော့မှာဖြစ်ပါတယ်။ဒါကြောင့်အိမ်စည်ကသူမရဲ့အိမ်အပြန်ခရီးမှာမိသားစုနဲ့ပရိသတ်တွေကိုတွေ့ချင်ကြောင်း အမှာစကားတစ်ချို့နဲ့အတူ ကိုယ်တိုင်ဖိတ်ခေါ်လိုက်ပါတယ်။

အိမ်စည်က ”အိမ်စည့်ကို လေဆိပ် မှာ ကြိုချင်ကြ တဲ့ we love fans…familyandfriendတွေအတွက်မနက်ဖြန်ညနေ ၇ နာရီ ခွဲ မှာ သုဝဏ္ဏဘူမိလေဆိပ်ကနေ မြန်မာ နိုင်ငံသို့ပြန်လည် ရောက်ရှိပါမယ် နော် ..အိမ်စည်ရဲ့ အိမ်အပြန် ခရီးစဉ်လေးကိုလည်းအိမ်စည်ကိုချစ်သောသူများအားလုံးကိုလာရောက်ပေးဖို့ဖိတ်ခေါ်ပါတယ်…အားလုံးပျော်ရွင်စွာတွေ့ကြမယ်နော်Seeyoutomorrow!Withloveအိမ်စည်”ဆိုပြီးဖိတ်ခေါ်ထားတာဖြစ်ပါတယ်။အိမ်စည်ကိုအမာခံအားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေလည်း သွားရောက်ကြိုဆိုပေးနိုင်ဖို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။