Loading...

အမ်ိဳးသားတစ္ေယာက္ဟာ လူပ်ိဳညပါတီမွာ လူမွန္းသူမွန္း မသိေအာင္ မူးခဲ့ျပီး ႏိုးလာတဲ့အခါမွာ မ်က္ႏွာေပၚ မ်က္မွန္ပံု တက္တူးၾကီးနဲ႔ ျဖစ္ေနခဲ့ပါတယ္။ေ၀လႏိုင္ငံ ေတာင္ပိုင္းက ဒီအမ်ိဳးသားဟာျဖစ္ျပီး တကယ္ကို ကံဆိုးသြားခဲ့တာပါ။ သူ ဒီတက္တူးကို ဖ်က္ဖို႔အတြက္ အခ်ိန္ (၂) ႏွစ္ယူခဲ့ရပါတယ္။

အခု အမည္မေဖာ္လိုတဲ့ ဒီအမ်ိဳးသားက ဘလက္ပူးျမိဳ႕မွာ လူပ်ိဳညပါတီပြဲျပီးတဲ့ေနာက္ Ray-Ban မ်က္မွန္ တက္တူးနဲ႔ ႏိုးလာခဲ့ပါတယ္။ ပထမေတာ့ ဒါကို သူငယ္ခ်င္းေတြနဲ႔ မွင္ဆို ေဘာပင္နဲ႔ ဆြဲေပးခဲ့ၾကတာလို႔ ထင္ခဲ့တယ္။ ဒါေပမယ့္ မ်က္ႏွာသစ္ျပီး ဖ်က္ဖို႔လည္းေရာ၊ ဒါ ေသရာပါဆိုတာကို သေဘာေပါက္သြားခဲ့တယ္။ဒါေၾကာင့္ မ်က္ႏွာေပၚက ဒီ မ်က္မွန္အတုၾကီးကို ဖယ္ရွားဖို႔အတြက္ ေစ်းၾကီးေပးရတဲ့ ေလဆာကုထံုးနဲ႔ အခ်ိန္ (၂) ႏွစ္ေပးျပီး ဖ်က္ခဲ့တယ္။

အသက္ (၅၀) အရြယ္၀န္းက်င္ ဒီအမ်ိဳးသားက တက္တူးထိုးခဲ့တာနဲ႔ပတ္သက္လို႔ ဘာဆိုဘာမွ မမွတ္မိေၾကာင္း၊ အလြန္ မူးယစ္ေနျပီး သတိေတြ ေပ်ာက္ေနခဲ့ေၾကာင္း Daily Mail ကို ေျပာျပပါတယ္။ ဒီတက္တူးၾကီးနဲ႔ေၾကာင့္နဲ႔ မိသားစုနဲ႔ သူငယ္ခ်င္းေတြကို စိတ္မပ်က္ေစခ်င္ေၾကာင္း၊ ေနာက္ေန႔မနက္မွာ သူတို႔အတြက္ စဥ္းစားမိျပီးတဲ့ေနာက္ ဖ်က္ဖို႔ ဆံုးျဖတ္ခဲ့ေၾကာင္း ေျပာပါတယ္။

အမ်ိဳးသားဟာ ဆြမ္ဆီးျမိဳ႕မွာရွိတဲ့ 1192 Laser and Beauty Clinic ကို တက္တူးဖ်က္ဖို႔ ကိစၥအတြက္ သြားေရာက္ခဲ့တယ္။ ေဆးခန္းရဲ႕ ပိုင္ရွင္ျဖစ္သူ Donnalee Alford ရဲ႕ အေျပာအရေတာ့ ဒါ သူမ ျမင္ဖူးသမွ်ထဲမွာ အဆိုးရြားဆံုး တက္တူးပဲလို႔ ေျပာပါတယ္။

ဒါေပမယ့္ ေအာင္ေအာင္ျမင္ျမင္နဲ႔ လုပ္ႏိုင္ခဲ့တယ္။ (၆) ၾကိမ္ေလာက္ ကုသျပီးတဲ့ေနာက္ေတာ့ အမ်ိဳးသားရဲ႕ ဘယ္ဘက္ မ်က္လံုးမွာ စိမ္းျပာေရာင္ အရာလိုက္ၾကီး က်န္ခဲ့ျပီး ဖ်က္လို႔ရႏိုင္တယ္လို႔ဘဲ ယူဆရေၾကာင္းသိရတယ္။ သူလည္း စိတ္သက္သာရာေတာ္ေတာ္ရခဲ့တယ္။

အခုဆို သူကို လနဲ႔ခ်ီျပီး လာမေတြ႔တဲ့ သူငယ္ခ်င္းေတြလည္း လာေတြ႕တယ္၊ ေျခာက္ျခားေနစရာလည္း ဘာမွမရွိေတာ့ပဲ တစ္ခုခုထူးျခားေနတာကို အားလံုးသတိျပဳမိေနၾကေၾကာင္း သူကေျပာပါတယ္။ တက္တူးမရွိေတာ့ဘူးဆိုျပန္ေတာ့လည္း ကုထံုး ဘယ္ေလာက္ေကာင္းလဲဆိုတာနဲ႔ ပတ္သက္ျပီး ေရွာ့ခ္ျဖစ္ေနၾကျပန္တယ္လို႕ သူကေျပာျပခဲ့ပါတယ္။ တကယ္ကို ေငြကုန္ေၾကးက်မ်ားတဲ့ အမွားကို က်ဴးလြန္ခဲ့သူပါ။

Source: VT

UNICODE

အမျိုးသားတစ်ယောက်ဟာ လူပျိုညပါတီမှာ လူမှန်းသူမှန်း မသိအောင် မူးခဲ့ပြီး နိုးလာတဲ့အခါမှာ မျက်နှာပေါ် မျက်မှန်ပုံ တက်တူးကြီးနဲ့ ဖြစ်နေခဲ့ပါတယ်။ဝေလနိုင်ငံ တောင်ပိုင်းက ဒီအမျိုးသားဟာဖြစ်ပြီး တကယ်ကို ကံဆိုးသွားခဲ့တာပါ။ သူ ဒီတက်တူးကို ဖျက်ဖို့အတွက် အချိန် (၂) နှစ်ယူခဲ့ရပါတယ်။

အခု အမည်မဖော်လိုတဲ့ ဒီအမျိုးသားက ဘလက်ပူးမြို့မှာ လူပျိုညပါတီပွဲပြီးတဲ့နောက် Ray-Ban မျက်မှန် တက်တူးနဲ့ နိုးလာခဲ့ပါတယ်။ ပထမတော့ ဒါကို သူငယ်ချင်းတွေနဲ့ မှင်ဆို ဘောပင်နဲ့ ဆွဲပေးခဲ့ကြတာလို့ ထင်ခဲ့တယ်။ ဒါပေမယ့် မျက်နှာသစ်ပြီး ဖျက်ဖို့လည်းရော၊ ဒါ သေရာပါဆိုတာကို သဘောပေါက်သွားခဲ့တယ်။ဒါကြောင့် မျက်နှာပေါ်က ဒီ မျက်မှန်အတုကြီးကို ဖယ်ရှားဖို့အတွက် ဈေးကြီးပေးရတဲ့ လေဆာကုထုံးနဲ့ အချိန် (၂) နှစ်ပေးပြီး ဖျက်ခဲ့တယ်။

အသက် (၅၀) အရွယ်ဝန်းကျင် ဒီအမျိုးသားက တက်တူးထိုးခဲ့တာနဲ့ပတ်သက်လို့ ဘာဆိုဘာမှ မမှတ်မိကြောင်း၊ အလွန် မူးယစ်နေပြီး သတိတွေ ပျောက်နေခဲ့ကြောင်း Daily Mail ကို ပြောပြပါတယ်။ ဒီတက်တူးကြီးနဲ့ကြောင့်နဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို စိတ်မပျက်စေချင်ကြောင်း၊ နောက်နေ့မနက်မှာ သူတို့အတွက် စဉ်းစားမိပြီးတဲ့နောက် ဖျက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ပြောပါတယ်။

အမျိုးသားဟာ ဆွမ်ဆီးမြို့မှာရှိတဲ့ 1192 Laser and Beauty Clinic ကို တက်တူးဖျက်ဖို့ ကိစ္စအတွက် သွားရောက်ခဲ့တယ်။ ဆေးခန်းရဲ့ ပိုင်ရှင်ဖြစ်သူ Donnalee Alford ရဲ့ အပြောအရတော့ ဒါ သူမ မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး တက်တူးပဲလို့ ပြောပါတယ်။

ဒါပေမယ့် အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ခဲ့တယ်။ (၆) ကြိမ်လောက် ကုသပြီးတဲ့နောက်တော့ အမျိုးသားရဲ့ ဘယ်ဘက် မျက်လုံးမှာ စိမ်းပြာရောင် အရာလိုက်ကြီး ကျန်ခဲ့ပြီး ဖျက်လို့ရနိုင်တယ်လို့ဘဲ ယူဆရကြောင်းသိရတယ်။ သူလည်း စိတ်သက်သာရာတော်တော်ရခဲ့တယ်။

အခုဆို သူကို လနဲ့ချီပြီး လာမတွေ့တဲ့ သူငယ်ချင်းတွေလည်း လာတွေ့တယ်၊ ခြောက်ခြားနေစရာလည်း ဘာမှမရှိတော့ပဲ တစ်ခုခုထူးခြားနေတာကို အားလုံးသတိပြုမိနေကြကြောင်း သူကပြောပါတယ်။ တက်တူးမရှိတော့ဘူးဆိုပြန်တော့လည်း ကုထုံး ဘယ်လောက်ကောင်းလဲဆိုတာနဲ့ ပတ်သက်ပြီး ရှော့ခ်ဖြစ်နေကြပြန်တယ်လို့ သူကပြောပြခဲ့ပါတယ်။ တကယ်ကို ငွေကုန်ကြေးကျများတဲ့ အမှားကို ကျူးလွန်ခဲ့သူပါ။