တနသၤသာရီတိုင္းေဒသၾကီး ေကာ့ေသာင္းျမိဳ ့ရွိရပ္ကြက္တစ္ခုမွ အုပ္ခ်ဳပ္ေရးမွဴးတစ္ဦးက ဧရာ၀တီဘဏ္၀န္ထမ္းအမ်ိဳးးသားတစ္ဦးကို အုပ္စုဖြဲ ့၀ိုင္း၀န္းထိုးႀကိတ္သည့္ ဗီဒီယိုဖိုင္ ၂ ခုမွာ ယမန္ေန ့ ညေနပိုင္းမွစ၍ လူမွု ့ကြန္ရက္တြင္ ပ်ံ ့ႏွံ ့လာသည္။ဧရာ၀တီဘဏ္တြင္ ATM စက္တြင္ ေငြလာထုတ္ရာမွ လိုင္းက်ေနသည့္အတြက္ အုပ္ခ်ဳပ္ေရးမႉးႏွင့္ပါဝင္လာသူမ်ားက ဝန္ထမ္းကို ထိုးၾကိတ္ရိုက္ႏွက္ေနသည့္ ျဖစ္စဥ္ကို CCTVဗီဒီယိုမွတ္တမ္းႏွင့္အတူ Chit Ko အမည္ရ Facebook အသံုးျပဳသူက ပို ့စ္တင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ ျဖစ္စဥ္တြင္ ဒုတိယရဲမွူးအဆင့္ရွိသူတစ္ဦးလည္း ပါဝင္ေနသည္ဟု ကနဦးသတင္းမ်ားအရသိရသည္။ျဖစ္စဥ္ကို အတည္ျပဳႏိုင္ေရးအတြက္ တနသၤာရီတိုင္းေဒသၾကီး အစိုးရအဖြဲ ့မွ ျမိဳ ့နယ္အုပ္ခ်ဳပ္ေရးမွူးတစ္ဦးထံသို ့ The Ladies News မွ ဆက္သြယ္ခဲ့ေသာ္လည္း လတ္တေလာ ဆက္သြယ္၍ မရေသးပါ။ဒု-ရဲမႉးတစ္ဦးလည္းပါဝင္သည္ဟု ကနဦးသတင္းသိရွိရ

မူရင္းပို ့စ္တင္သူေရးသားထားမွု ့ေကာ့ေသာင္းၿမိဳ႕ အဏၰ၀ါရပ္ကြက္ကအုပ္ခ်ဳပ္ေရးမႉးျဖစ္တ့ဲ ဦးေက်ာ္ေဇာျမင့္ရဲ ့မူးရူးရိုင္းကားတ့ဲ့ လုပ္ရပ္ကို ၾကည့္ၾကပါဦး။ဧရာ၀တီဘဏ္မွာ ပိုက္ဆံလာထုတ္ခ်ိန္တြင္ATM စက္လိုင္းက်၍ ထိုင္ေစာင့္ေနစဥ္
အုပ္ခ်ဳပ္ေရးမႉးဘက္က လူအမ်ားကဘုမသိဘမသိဘဲ ေကာင္ေလး (ဧရာ၀တီဘဏ္၀န္ထမ္း)တေယာက္ကို အျပစ္မရွိဘဲ
၀ိုင္း၀န္းထိုးႀကိတ္အႏိုင္က်င့္ၿခိမ္းေျခာက္ၾကပါတယ္။

အဲဒီထဲမွာမွ ဒုရဲမႉး ဦးဟန္ဘိုဘိုထြန္းလဲပါ၀င္ပါတယ္။မ်က္ျမင္သက္ေသ CCTV လဲ ပါ၀င္ပါတယ္။သက္ေသ လူ(၇)ဦး လဲ ရွိပါတယ္တ့ဲ။အျပစ္မရွိဘဲ ဘလို္င္းႀကီး ၀င္ရိုက္သြား။အဏၰ၀ါအုပ္ခ်ဳပ္ေရးရဲ ့စရိုက္ကိုCCTV မွာ ၾကည့္ၾကပါလားခင္ဗ်ား။
ခံုက်ိဳးေအာင္လဲ ရိုက္ပါေသးတယ္။အ့ဲဒီေနရာမွာသူသာဆိုရင္စိတ္န႔ဲခံစားၾကည့္ၾကည့္ပါလားဟာ။က်န္တ့ဲလူေတြကိုလဲ ၿခိမ္းေျခာက္ထားေတာ့ဘာမွမလုပ္ရဲၾကဘူးျဖစ္ေနၾကတယ္။

အမႉ အျမန္ဆံုး အေရးယူႏိုင္ပါေစလို႔ဆုေတာင္းပါတယ္ေနာ္။

Video Credit – Chit Ko,Source,The Ladies News

UNICODE

တနင်္သသာရီတိုင်းဒေသကြီး ကော့သောင်းမြို့ရှိရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ဧရာဝတီဘဏ်ဝန်ထမ်းအမျိုးးသားတစ်ဦးကို အုပ်စုဖွဲ့ဝိုင်းဝန်းထိုးကြိတ်သည့် ဗီဒီယိုဖိုင် ၂ ခုမှာ ယမန်နေ့ ညနေပိုင်းမှစ၍ လူမှု့ကွန်ရက်တွင် ပျံ့နှံ့လာသည်။ဧရာဝတီဘဏ်တွင် ATM စက်တွင် ငွေလာထုတ်ရာမှ လိုင်းကျနေသည့်အတွက် အုပ်ချုပ်ရေးမှူးနှင့်ပါဝင်လာသူများက ဝန်ထမ်းကို ထိုးကြိတ်ရိုက်နှက်နေသည့် ဖြစ်စဉ်ကို CCTVဗီဒီယိုမှတ်တမ်းနှင့်အတူ Chit Ko အမည်ရ Facebook အသုံးပြုသူက ပို့စ်တင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် ဒုတိယရဲမှူးအဆင့်ရှိသူတစ်ဦးလည်း ပါဝင်နေသည်ဟု ကနဦးသတင်းများအရသိရသည်။ဖြစ်စဉ်ကို အတည်ပြုနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ဦးထံသို့ The Ladies News မှ ဆက်သွယ်ခဲ့သော်လည်း လတ်တလော ဆက်သွယ်၍ မရသေးပါ။ဒု-ရဲမှူးတစ်ဦးလည်းပါဝင်သည်ဟု ကနဦးသတင်းသိရှိရ

မူရင်းပို့စ်တင်သူရေးသားထားမှု့ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ကအုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးကျော်ဇောမြင့်ရဲ့မူးရူးရိုင်းကားတဲ့ လုပ်ရပ်ကို ကြည့်ကြပါဦး။ဧရာဝတီဘဏ်မှာ ပိုက်ဆံလာထုတ်ချိန်တွင်ATM စက်လိုင်းကျ၍ ထိုင်စောင့်နေစဉ်အုပ်ချုပ်ရေးမှူးဘက်က လူအများကဘုမသိဘမသိဘဲ ကောင်လေး (ဧရာဝတီဘဏ်ဝန်ထမ်း)တယောက်ကို အပြစ်မရှိဘဲဝိုင်းဝန်းထိုးကြိတ်အနိုင်ကျင့်ခြိမ်းခြောက်ကြပါတယ်။

အဲဒီထဲမှာမှ ဒုရဲမှူး ဦးဟန်ဘိုဘိုထွန်းလဲပါဝင်ပါတယ်။မျက်မြင်သက်သေ CCTV လဲ ပါဝင်ပါတယ်။သက်သေ လူ(၇)ဦး လဲ ရှိပါတယ်တဲ့။အပြစ်မရှိဘဲ ဘလိုင်းကြီး ဝင်ရိုက်သွား။အဏ္ဏဝါအုပ်ချုပ်ရေးရဲ့စရိုက်ကိုCCTV မှာ ကြည့်ကြပါလားခင်ဗျား။ခုံကျိုးအောင်လဲ ရိုက်ပါသေးတယ်။အဲ့ဒီနေရာမှာသူသာဆိုရင်စိတ်နဲ့ခံစားကြည့်ကြည့်ပါလားဟာ။ကျန်တဲ့လူတွေကိုလဲ ခြိမ်းခြောက်ထားတော့ဘာမှမလုပ်ရဲကြဘူးဖြစ်နေကြတယ်။

အမှူ အမြန်ဆုံး အရေးယူနိုင်ပါစေလို့ဆုတောင်းပါတယ်နော်။