ဘရုစ္လီ (BruceLee)ရဲ႕ကြန္ဖူးသိိုင္းရုပ္ရွင္ကားေတြကိုၾကည့္ဖူးၾကမွာပါ။တကယ္ေတာ့ဘရုစ္လီရဲ႕ရုပ္ရွင္ကားေတြေၾကာင့္ အေနာက္ႏိုင္ငံနဲ႔ ဥေရာပကလူေတြအေရွ႕တိုင္းသိုင္းပညာကိုသိလာျပီးစိတ္ဝင္စားခဲ့ၾကတာပါ။ဘရုစ္လီရဲ႕ဘဝျဖစ္စဥ္ေလးကို ေလ့လာၾကည့္ရေအာင္လား။

ဘရုစ္လီကို ၁၉၄၀ ျပည့္ႏွစ္ ႏိုဝင္ဘာလ ၂၇ ရက္ေန႔က အေမရိကန္ႏိုင္ငံ ဆန္ဖရန္စစၥကိုျမိဳ႕မွာေမြးဖြားခဲ့လို႔ေမြးကတည္းက အလိုအေလ်ာက္အေမရိကန္ႏိုင္ငံသားျဖစ္ခဲ့ပါတယ္။ဘရုစ္ဆိုတဲ့နာမည္ကိုေဆးရံုမွာေမြးေပးတဲ့သူနာျပဳဆရာမတစ္ေယာက္က ေပးခဲ့တာပါ။ အမည္ရင္းက “LeeJunFan”ပါ။သူ႔အေဖကတရုတ္ရိုးရာကပြဲမွာသီခ်င္းဆိုသူတစ္ေယာက္ပါ။ဘရုစ္လီဟာ ေမြးခ်င္း ၃ ေယာက္ထဲက အလတ္ပါ။

ဘရုစ္လီကိုအေမရိကန္မွာေမြးျပီးမၾကာခင္မွာသူ႔မိဘေတြဟာေဟာင္ေကာင္ကၽြန္းကေကာင္လြန္ျမိဳ႕ကိုေျပာင္းေရႊ႕သြားၾကတယ္။အဲဒီအခ်ိန္ကေဟာင္ေကာင္ကၽြန္းဟာျဗိိတိသွ်ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာရွိိပါတယ္။ဘရုစ္လီဟာအသက္၅ႏွစ္အရြယ္မွာပဲေဟာင္ေကာင္ကရုပ္ရွင္ကား၂၀ေလာက္မွာကေလးသရုပ္ေဆာင္အျဖစ္ပါဝင္ခဲ့ျပီးျပီ။သူအသက္၁၈အရြယ္မွာLaSalleCollegeတက္ပါတယ္။ေက်ာင္းသားဘဝမွာေဟာင္ေကာင္လမ္းသူရဲေတြရဲ႕ထိုးၾကိတ္ရိုက္ႏွက္တာခံလိုက္ရတယ္။ဘရုစ္လီဟာတရုတ္သိုင္းဆရာၾကီး“SifuYipMan”ဆီမွာသိုင္းပညာသင္ယူတယ္။YipManရဲ႕ဝင္ခၽြန္းသိုင္းပညာကိုဆရာဆီမွာသင္တာအဲဒီတစ္ခါဘဲရွိပါတယ္။စိ္တ္ဆတ္ျပီးသိုင္းေတာ္တဲ့ဘရုစ္လီဟာေဟာင္ေကာင္ရဲေတြရယ္၊ေဟာင္ေကာင္မွာရွိတဲ့အဂၤလိပ္ေက်ာင္းသားေတြနဲ႔မၾကာခဏရန္ျဖစ္ျပႆနာတက္ျပီးလမ္းသူရဲအဖြဲ႔ဝင္တစ္ေယာက္လဲျဖစ္လာခဲ့တယ္။သူ႔ေနာင္ေရးကိုစိုးရိမ္တဲ့ဘရုစ္လီရဲ႕အေဖက သူ႔ကိုအေမရိကန္ႏိုင္ငံကို ပို႔လိုက္တယ္။ အဲဒီအခ်ိန္က၁၉၅၉ ခုႏွစ္သူအသက္ ၁၉ ႏွစ္သားေပါ့။

အေမရိကန္ႏိုင္ငံေရာက္ေတာ့ဘရုစ္လီဟာဆန္ဖရန္စၥကိုျမိဳ႕ရဲ႕ခ်ိဳင္းနားေတာင္းကအသိတစ္ေယာက္ရဲ႕စားေသာက္ဆိုင္တစ္ခုမွာ အလုပ္ဝင္္လုပ္တယ္။ မၾကာခင္ ဝါရွင္တန္ျမိဳ႕က တကၠသိုလ္တစ္ခုမွာ သြားတက္တယ္။ဒႆနိကဘာသာရပ္ယူပါတယ္။ ေက်ာင္းဆင္းလို႔ညေနေရာက္တဲ့အခါကြန္ဖူးသိုင္းကိုတစ္ေယာက္ထဲအျပင္းအထန္ေလ့က်င့္တယ္။အဲဒီမွာသူ႔ကိုယ္ပိုင္သိုင္းပညာတစ္မ်ိဳးထြင္လိုက္ျပီးJeetKungDo(ဂ်စ္ကြန္းဒို)လို႔နာမည္ေပးထားတယ္။၁၉၆၃ခုႏွစ္ေရာက္ေတာ့တကၠသိုလ္တဝွမ္းမွာသူ႔ရဲ႕ဂ်စ္ကြန္ဒိုသိုင္းကိုလူသိမ်ားလာတာေၾကာင့္တကၠသိုလ္နဲ႔မလွမ္းမကမ္းမွာသူ႔ရဲ႕ကြန္ဖူးသင္တန္းေက်ာင္းတစ္ခုဖြင့္လိုက္တယ္။ကရာေတး၊ဂ်ဴဒိုျပိဳင္ပြဲေတြမွာဘရုစ္လီဟာသူ႔ရဲ႕ဂ်စ္ကြန္ဒိုသိုင္းစြမ္းရည္ကိုျပေလ့ရွိတယ္။ေနာက္တစ္ႏွစ္မွာသူ႔သင္တန္းလာတက္တဲ့လင္ဒါအင္မာရီနဲ႔လက္ထပ္လိုက္တယ္။

သိုင္းျပိဳင္ပြဲတစ္ခုမွာ လာၾကည့္သူေတြထဲက ေဟာလီးဝုဒ္ ရုပ္ရွင္ေလာကမွာ နာမည္ၾကီး ဆံပင္အလွျပဳျပင္သူတစ္ေယာက္နဲ႔ မိတ္ေဆြျဖစ္သြားတယ္။အဲဒီမိတ္ေဆြရဲ႕မိတ္ဆက္ေပးမႈေၾကာင့္တီဗြီရုပ္သံလႊင့္ကုမၸဏီတစ္ခုကထုတ္လုပ္သူနဲ႔သိသြားတယ္။အဲဒီတီဗြီရုပ္ရွင္အဖြဲ႔ကဘရုစ္လီကိုနာမည္ၾကီးဇာတ္လမ္းတြဲျဖစ္တဲ့“TheGreenHornet”အစီအစဥ္မွာအဓိကဇာတ္ေဆာင္မင္းသားရဲ႕ကိုယ္ရံေတာ္အျဖစ္သရုပ္ေဆာင္ခိုင္းတယ္။အဲဒီအခ်ိန္မွာပဲသူဟာဒုတိယေျမာက္ကြန္ဖူးသင္တန္းေက်ာင္းကိုေဟာလီးဝုဒ္နဲ႔နီးတဲ့အုတ္ကလင္းျမိဳ႕ေလးမွာဖြင့္လိုက္ပါတယ္။

“TheGreenHornet”ရုပ္သံအစီအစဥ္ဟာတစ္ႏွစ္ၾကာအပိုင္း၂၆ပိုင္းျပသျပီးရပ္နားလိုက္ပါတယ္။အဲဒီအခါမွာဘရုစ္လီရဲ႕ကြန္ဖူးစြမ္းရည္ကိုအေမရိကန္ကလူေတာ္ေတာ္မ်ားမ်ားသိသြားၾကျပီ။ဘရုစ္လီရဲ႕သင္တန္းေက်ာင္းကိုေဟာလီးဝုဒ္မွာနာမည္ၾကီးေနၾကတဲ့အက္ရွင္မင္းသားေတြလဲလာတက္ၾကတယ္။ဘရုစ္လီဟာေနာက္ထပ္တီဗြီအစီအစဥ္တခ်ိဳ႕မွာလဲသရုပ္ေဆာင္ခဲ့ပါတယ္။ဘရုစ္လီရဲ႕ဘဝကိုရုတ္တရက္ေျပာင္းလဲသြားေစခဲ့တာက၁၉၇၁ခုႏွစ္မွာပါ။သူဟာသူ႔မိဘေတြရွိတဲ့ေဟာင္ေကာင္ကၽြန္းကိုအလည္ျပန္လာခဲ့တယ္။ေဟာင္ေကာင္ရုပ္ရွင္ေလာက,ကနာမည္ၾကီးရုပ္ရွင္ထုတ္လုပ္သူေရမြန္ေခ်ာင္ကဘရုစ္လီကိုေခါင္းေဆာင္မင္းသားအျဖစ္တင္ရိုက္ဖို႔ကမ္းလွမ္းတယ္။ဘရုစ္လီကလက္ခံလိုက္ျပီး“TheBigBoss”ဆိုတဲ့ကြန္ဖူးသိုင္းရုပ္ရွင္ကားကိုေငြေၾကးမ်ားမ်ားမသံုးဘဲရိုက္ျဖစ္တယ္။အဲဒီရုပ္ရွင္ကားကိုေဟာင္ေကာင္မွာရံုတင္တင္ခ်င္းၾကည့္သူေတြအရမ္းမ်ားျပီးဝင္ေငြေကာင္းတဲ့ရုပ္ရွင္ကားတစ္ခုျဖစ္ခဲ့တယ္။ဘရုစ္လီတစ္ေယာက္လဲသူ႔သိုင္းစြမ္းရည္ေၾကာင့္ေန႔တြင္းခ်င္းနာမည္ၾကီးေဟာင္ေကာင္မင္းသား ျဖစ္သြားခဲ့တယ္။

ဒါေၾကာင့္ေရမြန္ေခ်ာင္ကဘရုစ္လီနဲ႔“TheFistofFury”ဆိုတဲ့ရုပ္ရွင္ေနာက္တစ္ကားထပ္ရိုက္တယ္။ဒီကားကိုေငြေၾကးအေတာ္အကုန္အက်ခံရိုက္လိုက္တယ္။အဲဒီကားလဲအရမ္းေအာင္ျမင္သြားျပန္လို႔ဘရုစ္လီလဲနာမည္ပိုၾကီးလာခဲ့တယ္။ေနာက္တစ္ကားျဖစ္တဲ့“WayoftheDragon”ရုပ္ရွင္ကားကို၁၉၇၂ခုႏွစ္မွာရိုက္ျပီးေဟာင္ေကာင္မွာသာမကအေမရိကန္ႏိုင္ငံကရုပ္ရွင္ေတြမွာျပခဲ့တယ္။ရုပ္ရွင္ကားေကာင္းသလိုဘရုစ္လီရဲ႕သိုင္းစြမ္းရည္ကိုအေနာက္ႏိုင္ငံကသိလာခဲ့ၾကတယ္။

ေနာက္ဆံုးေတာ့ ေဟာလီးဝုဒ္က ရုပ္ရွင္ကုမၸဏီၾကီးေတြက ဘရုစ္လီကို ရုပ္ရွင္ရိုက္ဖို႔ ကမ္းလွမ္းလာခဲ့ၾကတယ္။ “Enter theDragon”စတဲ့သိုင္းကားကိုေဟာလီးဝုဒ္ကေဒၚလာတစ္သန္းအကုန္ခံရိုက္ခဲ့တာဝင္ေငြေဒၚလာသန္း(၂၀၀)ရသြားခဲ့တယ္။ဘရုစ္လီတစ္ေယာက္အရမ္းနာမည္ၾကီးတက္လာခ်ိန္မွာပဲေရတိမ္နစ္သြားခဲ့ရတယ္။၁၉၇၃ခုႏွစ္ဇူလိုင္လ၂၀ရက္ေန႔မွာေဟာင္ေကာင္မွာရုပ္ရွင္တစ္ကားလာရိုက္ရင္းေဟာင္ေကာင္ရုပ္ရွင္မင္းသမီးတစ္ေယာက္ရဲ႕အိမ္မွာေခါင္းကိုက္လို႔အကိုက္အခဲေပ်ာက္ေဆးေသာက္ျပီးသတိလစ္သြားတယ္။ေဆးရံုကိုအျမန္ပို႔ေပမဲ့လဲဘရုစ္လီတစ္ေယာက္ကြယ္လြန္ဆံုးပါးသြားခဲ့တယ္။

သူရဲ႕စ်ာပနကိုခ်စ္ခင္ၾကတဲ့ေဟာင္ေကာင္ပရိသတ္(၃)ေသာင္းေက်ာ္တက္ေရာက္ၾကျပီးသူ႔ရုပ္ကလပ္ကိုလိုက္ပါပို႔ေဆာင္ခဲ့ၾကတယ္။ အေမရိကန္မွာရွိတဲ့ ေဟာလီးဝုဒ္ ရုပ္ရွင္ေလာက,က လူေတြကလဲ သူ႔အတြက္ ဝမ္းနည္းျခင္း အထိမ္းအမွတ္ေတြ လုပ္ခဲ့ၾကတယ္။ဘရုစ္လီကြယ္လြန္ခ်ိန္မွာအသက္၃၃ႏွစ္သာရွိပါေသးတယ္။သူ႔ရဲ႕ဇနီးလင္ဒါရယ္၊သားတစ္ေယာက္၊သမီးတစ္ေယာက္က်န္ခဲ့တယ္။သူ႔သားဘရင္ဒန္လီဟာလဲကြန္ဖူးသိုင္းရုပ္ရွင္မွာသရုပ္ေဆာင္ရင္းရိုက္ကြင္းမွာေသနတ္က်ည္ဆံမေတာ္တဆထိမွန္ျပီးကြယ္လြန္သြားခဲ့ျပန္တယ္။ဘရုစ္လီေၾကာင့္အေရွ႕တိုင္းသိုင္းပညာကိုကမာၻကသိလာခဲ့တာပါ။သူ႔ရုပ္ရွင္ကားေတြၾကည့္ဖူးျပီးသူ႔ကိုခ်စ္တဲ့လူေတြဟာသူ႔ကိုယေန႔တိုင္လြမ္းဆြတ္ေနၾကဆဲပါ။

ေအာက္ကအခ်က္ေတြကေတာ့ ဘရုစ္လီရဲ႕ ထူးျခာခ်က္တခ်ဳိ႕ျဖစ္ပါတယ္။

ဘရုစ္လီရဲ႕ နာမည္အရင္းကLiJunFanျဖစ္ၿပီး၁၉၄၀ခုႏွစ္၊ႏုိ၀င္ဘာ၂၇ရက္ေန႔မွာအေမရိကန္ကယ္လီဖုိးနီးယားမွာေမြးဖြားၿပီး ၁၉၇၃ခုႏွစ္ဇူလုိင္၂၀၊ေဟာင္ေကာင္မွာေသဆုံးခဲ့ပါတယ္။ဘရုစလီရဲ႕ေမြးခ်ိန္နဲ႔ေမြးႏွစ္ဟာနဂါးႏွစ္ျဖစ္ၿပီးဒါဟာအလြန္ထူးခြ်န္သူတစ္ေယာက္ျဖစ္လာတဲ့ နိမိတ္လုိ႔ယူဆၾကပါတယ္။

ဘရုစ္လီဟာငယ္စဥ္ကေဟာင္ေကာင္မွာႀကီးျပင္းခဲ့ၿပီးအေမရိကကိုသူ႔ရဲ႕မိဘေတြပို႔ခဲ့ရတဲ့အေၾကာင္းကေတာ့လမ္းေပၚမွာရန္ခဏျဖစ္ခဲ့လုိ႔ပါပဲ။သူဟာကေလးဘ၀ကကေလးဂုိဏ္းတစ္ခုျဖစ္တဲ့လမ္းဆုံကက်ားရုိင္းမ်ားဂုိဏ္းရဲ႕ေခါင္းေဆာင္တစ္ဦးျဖစ္ခဲ့ပါတယ္။ဓါးနဲ႔ခ်ိန္းႀကဳိးေတြေဆာင္ေလ့ရွိသလုိ၊အျခားလူမုိက္ေတြကိုစိန္ေခၚကာရန္ပြဲေတြမၾကာခဏျဖစ္ေလ့ရွိသူလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ ဒါကုိရပ္တန္႔ဖုိ႔အတြက္ မိဘေတြဟာဘရုစလီကုိအေမရိကကုိ ပုိ႔ခဲ့ျခင္းျဖစ္ပါတယ္။ဘရုစ္လီဟာ သုိင္းသမား ရုပ္ရွင္မင္းသားအျဖစ္လူသိမ်ားေပမယ့္သူဟာအကကြ်မ္းက်င္သူတစ္ေယာက္လည္းျဖစ္ပါတယ္။ခ်ားခ်ားအကကိုအလြန္ကြ်မ္းက်င္ၿပီး ၁၉၅၉ခုႏွစ္ ေဟာင္ေကာင္ရဲ႕ ခ်န္ပီယံျဖစ္ခဲ့သူပါ။

ဘရုစလီကုိ၁၃ႏွစ္သားတည္းကသိုင္းပညာကုိသင္ၾကားခဲ့ၿပီးသရုပ္ေဆာင္ျဖစ္ေနတာကိုလူသိမ်ားေပမယ့္ဘရုစ္လီဟာငယ္စဥ္ကတည္းကသရုပ္ေဆာင္ျဖစ္ခဲ့တာကိုလူသိနည္းပါတယ္။ဘရုစ္လီဟာ၃လအရြယ္ကစလုိ႔၅ႏွစ္အရြယ္အတြင္းေဟာင္ေကာင္ ရုပ္ရွင္ကားေပါင္း ၂၀မွာ ကေလးသရုပ္ေဆာင္အျဖစ္ ပါ၀င္ခဲ့သူျဖစ္ပါတယ္။ဘရုစ္လီဟာ က်န္းမာႀကံခုိင္ ျမန္ဆန္သူအျဖစ္ အားလုံးသိၾကေပမယ့္သူဟာအျမင္အာရုံျပႆနာရွိသူျဖစ္ပါတယ္။ပါ၀ါမ်ားတဲ့မ်က္မွန္ကုိတပ္ဆင္ခဲ့ရၿပီးအေစာပုိင္းမ်က္ကပ္မွန္တပ္သူထဲက တစ္ဦးလည္းျဖစ္ပါတယ္။

ဘရုစ္လီဟာကမာၻေက်ာ္သရုပ္ေဆာင္တစ္ေယာက္ျဖစ္လာခဲ့ေပမယ့္သူအရမ္းအျဖစ္ခ်င္ဆုံးအရာကေတာ့ကိုယ္ပုိင္သုိင္းသင္တန္းေက်ာင္းဆရာျဖစ္ပါတယ္။အေမရိကန္ကေနရာအႏွံ႔မွာဘရုစ္လီသုိင္းသင္တန္းေက်ာင္းေတြဖြင့္လွစ္ဖုိ႔အိပ္မက္မက္ခဲ့သူပါ။ သူဟာ သူ႔ရဲ႕အိပ္မက္ကိုၿပီးေျမာက္ေအာင္အေကာင္အထည္မေဖာ္ႏုိင္ခင္မွာကြယ္လြန္သြားခဲ့ရပါတယ္။

၁၉၆၃ခုႏွစ္ေႏြရာသီမွာဘရုစ္လီဟာLindaEmeryဆုိတဲ့မိန္းကေလးကိုGungFuသင္ေပးရာကေနစိတ္၀င္စားခဲ့ပါတယ္။အဲဒီေနာက္ေတာ့သူတုိ႔ႏွစ္ေယာက္ဟာခ်စ္ႀကဳိက္သြားၾကၿပီးဘ၀အေျခအေနကြာျခားခ်က္ႀကီးလြန္းလုိ႔မိဘေတြသေဘာမတူတဲ့ၾကားထဲကေနာက္တစ္ႏွစ္မွာပဲလက္ထပ္လုိက္ၾကပါတယ္။

ဘရုစ္လီဟာလမ္းရုိးနည္းစနစ္ေတြကိုမႀကဳိက္ပဲအလြန္ဆန္းသစ္တီထြင္သူလုိ႔ဆုိႏုိင္ပါတယ္။အခ်ိန္ရွိသေရြ႕မူရင္းရွိၿပီးသားသုိင္းပညာေတြကုိထပ္မံဆန္းသစ္ရင္းသူရဲ႕ကုိယ္ပုိင္တီထြင္ထားတဲ့သုိင္းပညာေတြထည့္သြင္းဖုိ႔ႀကဳိးစားေနတတ္သူျဖစ္ပါတယ္။မူရင္းပုံစံေတြကကြဲထြက္ေနတဲ့ေလ့က်င့္မႈပုံစံအသစ္ေတြကိုတီထြင္ျပဳလုပ္ခဲ့သူလည္းျဖစ္သလုိJeetKuneDoဆုိတဲ့ပညာရပ္တစ္ခုကို ခ်န္ထားခဲ့သူလည္းျဖစ္ပါတယ္။

လီကိုသုိင္းပညာရွင္သရုပ္ေဆာင္တစ္ေယာက္အျဖစ္လူသိမ်ားေပမယ့္တကယ္ေတာ့သူဟာအျခားပညာရပ္ေတြမွာလည္းထူးခြ်န္လြန္းသူျဖစ္ပါတယ္။အက္ဒီဆင္နည္းပညာေက်ာင္းဆင္းျဖစ္ၿပီးထူးခြ်န္ၿပီးဇြဲလုံ႔လေကာင္းလြန္းသူျဖစ္ပါတယ္။သူ႔အျခားထူးခြ်န္တဲ့ပညာရပ္ေတြကေတာ့အေတြးအေခၚပညာ၊ကဗ်ာေရးျခင္း၊လက္ေ၀ွ႔၊ဓားသုိင္း၊အစာအဟာရကြ်မ္းက်င္ျခင္းစတာေတြျဖစ္ပါတယ္။စာအလြန္ဖတ္သူျဖစ္ၿပီးေန႔စဥ္ေန႔တုိင္းမွာသင္ယူမႈတစ္ခုမဟုတ္တစ္ခုလုပ္ေနတတ္သူလည္းျဖစ္ပါတယ္။

သူ႔ရဲ႕နာမည္ႀကီးကားတစ္ကားျဖစ္တဲ့EntertheDragonကားမွာသူဟာအဲဒီတုန္းကလူၾကမ္းသရုပ္ေဆာင္ျဖစ္တဲ့ဂ်က္ကီခ်မ္းနဲ႔ဆုံခဲ့ဖူးပါတယ္။အဲဒီကားမွာလီရဲ႕လႈပ္ရွားမႈေတြဟာမထင္မွတ္ေအာင္ျမန္ဆန္လြန္းတဲ့အတြက္ကားရုိက္ၿပီးတဲ့အခ်ိန္မွာ ပုံမွန္ speed ကိုေလွ်ာ့ခ်ခဲ့ရပါတယ္။ ဒါမွသာ လူေတြက အတုလုိ႔ မထင္မွာျဖစ္ပါတယ္။

ေန႔စဥ္လက္သီးခ်က္ေရ၅၀၀၀ခန္႔ထုိးေလ့ရွိသူျဖစ္ၿပီးဒီေလ့က်င့္မႈဟာသူ႔လက္သီးျပင္းထန္ျခင္းရဲ႕အေၾကာင္းတစ္ရပ္လို႔ဆုိပါတယ္။လက္ေခ်ာင္းေတြအလြန္သန္သူျဖစ္ၿပီးသူ႔ရဲ႕လက္ေခ်ာင္းေတြနဲ႔စည္သြပ္ဗူးေတြကိုအေပါက္မ်ားျဖစ္ေအာင္ေဖာက္ႏုိင္ပါတယ္။သူဟာေလေပၚေျမွာက္ပစ္လုိက္တဲ့ထမင္းေစ့ကိုတူနဲ႔မက်ေအာင္ဖမ္းႏုိင္တဲ့အထိေတာ္သူလည္းျဖစ္ပါတယ္။တုိင္းမ္မဂၢဇင္းရဲ႕ ၂၀ရာစု ကမာၻကုိအလႊမ္းမုိးခဲ့ဆုံးသူ ၁၀၀ ထဲက တစ္ဦးအျဖစ္ေဖာ္ျပျခင္း ခံရသူလည္း ျဖစ္ပါတယ္။

Credit: သုတဇုန္
UNICODE:

ဘရုစ်လီ(BruceLee)ရဲ့ကွန်ဖူးသိုင်းရုပ်ရှင်ကားတွေကိုကြည့်ဖူးကြမှာပါ။တကယ်တော့ဘရုစ်လီရဲ့ရုပ်ရှင်ကားတွေကြောင့်အနောက်နိုင်ငံနဲ့ဥရောပကလူတွေအရှေ့တိုင်းသိုင်းပညာကိုသိလာပြီးစိတ်ဝင်စားခဲ့ကြတာပါ။ဘရုစ်လီရဲ့ဘဝဖြစ်စဉ်လေးကိုလေ့လာကြည့်ရအောင်လား။

ဘရုစ်လီကို၁၉၄၀ပြည့်နှစ်နိုဝင်ဘာလ၂၇ရက်နေ့ကအမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုမြို့မှာမွေးဖွားခဲ့လို့မွေးကတည်းကအလိုအလျောက်အမေရိကန်နိုင်ငံသားဖြစ်ခဲ့ပါတယ်။ဘရုစ်ဆိုတဲ့နာမည်ကိုဆေးရုံမှာမွေးပေးတဲ့သူနာပြုဆရာမတစ်ယောက်ကပေးခဲ့တာပါ။အမည်ရင်းက“LeeJunFan”ပါ။သူ့အဖေကတရုတ်ရိုးရာကပွဲမှာသီချင်းဆိုသူတစ်ယောက်ပါ။ဘရုစ်လီဟာ မွေးချင်း ၃ ယောက်ထဲက အလတ်ပါ။

ဘရုစ်လီကိုအမေရိကန်မှာမွေးပြီးမကြာခင်မှာသူ့မိဘတွေဟာဟောင်ကောင်ကျွန်းကကောင်လွန်မြို့ကိုပြောင်းရွှေ့သွားကြတယ်။အဲဒီအချိန်ကဟောင်ကောင်ကျွန်းဟာဗြိတိသျှရဲ့အုပ်ချုပ်မှုအောက်မှာရှိပါတယ်။ဘရုစ်လီဟာအသက်၅နှစ်အရွယ်မှာပဲဟောင်ကောင်ကရုပ်ရှင်ကား၂၀လောက်မှာကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီးပြီ။သူအသက်၁၈အရွယ်မှာLaSalleCollegeတက်ပါတယ်။ကျောင်းသားဘဝမှာဟောင်ကောင်လမ်းသူရဲတွေရဲ့ထိုးကြိတ်ရိုက်နှက်တာခံလိုက်ရတယ်။ဘရုစ်လီဟာတရုတ်သိုင်းဆရာကြီး“SifuYipMan”ဆီမှာသိုင်းပညာသင်ယူတယ်။YipManရဲ့ဝင်ချွန်းသိုင်းပညာကိုဆရာဆီမှာသင်တာအဲဒီတစ်ခါဘဲရှိပါတယ်။စိတ်ဆတ်ပြီးသိုင်းတော်တဲ့ဘရုစ်လီဟာဟောင်ကောင်ရဲတွေရယ်၊ဟောင်ကောင်မှာရှိတဲ့အင်္ဂလိပ်ကျောင်းသားတွေနဲ့မကြာခဏရန်ဖြစ်ပြဿနာတက်ပြီးလမ်းသူရဲအဖွဲ့ဝင်တစ်ယောက်လဲဖြစ်လာခဲ့တယ်။သူ့နောင်ရေးကိုစိုးရိမ်တဲ့ဘရုစ်လီရဲ့အဖေကသူ့ကိုအမေရိကန်နိုင်ငံကိုပို့လိုက်တယ်။အဲဒီအချိန်က၁၉၅၉ခုနှစ်သူအသက် ၁၉ နှစ်သားပေါ့။

အမေရိကန်နိုင်ငံရောက်တော့ဘရုစ်လီဟာဆန်ဖရန်စ္စကိုမြို့ရဲ့ချိုင်းနားတောင်းကအသိတစ်ယောက်ရဲ့စားသောက်ဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်တယ်။မကြာခင်ဝါရှင်တန်မြို့ကတက္ကသိုလ်တစ်ခုမှာသွားတက်တယ်။ဒဿနိကဘာသာရပ်ယူပါတယ်။ကျောင်းဆင်းလို့ညနေရောက်တဲ့အခါကွန်ဖူးသိုင်းကိုတစ်ယောက်ထဲအပြင်းအထန်လေ့ကျင့်တယ်။အဲဒီမှာသူ့ကိုယ်ပိုင်သိုင်းပညာတစ်မျိုးထွင်လိုက်ပြီးJeetKungDo(ဂျစ်ကွန်းဒို)လို့နာမည်ပေးထားတယ်။၁၉၆၃ခုနှစ်ရောက်တော့တက္ကသိုလ်တဝှမ်းမှာသူ့ရဲ့ဂျစ်ကွန်ဒိုသိုင်းကိုလူသိများလာတာကြောင့်တက္ကသိုလ်နဲ့မလှမ်းမကမ်းမှာသူ့ရဲ့ကွန်ဖူးသင်တန်းကျောင်းတစ်ခုဖွင့်လိုက်တယ်။ကရာတေး၊ဂျူဒိုပြိုင်ပွဲတွေမှာဘရုစ်လီဟာသူ့ရဲ့ဂျစ်ကွန်ဒိုသိုင်းစွမ်းရည်ကိုပြလေ့ရှိတယ်။နောက်တစ်နှစ်မှာသူ့သင်တန်းလာတက်တဲ့လင်ဒါအင်မာရီနဲ့လက်ထပ်လိုက်တယ်။

သိုင်းပြိုင်ပွဲတစ်ခုမှာလာကြည့်သူတွေထဲကဟောလီးဝုဒ်ရုပ်ရှင်လောကမှာနာမည်ကြီးဆံပင်အလှပြုပြင်သူတစ်ယောက်နဲ့မိတ်ဆွေဖြစ်သွားတယ်။အဲဒီမိတ်ဆွေရဲ့မိတ်ဆက်ပေးမှုကြောင့်တီဗွီရုပ်သံလွှင့်ကုမ္ပဏီတစ်ခုကထုတ်လုပ်သူနဲ့သိသွားတယ်။အဲဒီတီဗွီရုပ်ရှင်အဖွဲ့ကဘရုစ်လီကိုနာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့“TheGreenHornet”အစီအစဉ်မှာအဓိကဇာတ်ဆောင်မင်းသားရဲ့ကိုယ်ရံတော်အဖြစ်သရုပ်ဆောင်ခိုင်းတယ်။အဲဒီအချိန်မှာပဲသူဟာဒုတိယမြောက်ကွန်ဖူးသင်တန်းကျောင်းကိုဟောလီးဝုဒ်နဲ့နီးတဲ့အုတ်ကလင်းမြို့လေးမှာဖွင့်လိုက်ပါတယ်။

“TheGreenHornet”ရုပ်သံအစီအစဉ်ဟာတစ်နှစ်ကြာအပိုင်း၂၆ပိုင်းပြသပြီးရပ်နားလိုက်ပါတယ်။အဲဒီအခါမှာဘရုစ်လီရဲ့ကွန်ဖူးစွမ်းရည်ကိုအမေရိကန်ကလူတော်တော်များများသိသွားကြပြီ။ဘရုစ်လီရဲ့သင်တန်းကျောင်းကိုဟောလီးဝုဒ်မှာနာမည်ကြီးနေကြတဲ့အက်ရှင်မင်းသားတွေလဲလာတက်ကြတယ်။ဘရုစ်လီဟာနောက်ထပ်တီဗွီအစီအစဉ်တချို့မှာလဲသရုပ်ဆောင်ခဲ့ပါတယ်။ဘရုစ်လီရဲ့ဘဝကိုရုတ်တရက်ပြောင်းလဲသွားစေခဲ့တာက၁၉၇၁ခုနှစ်မှာပါ။သူဟာသူ့မိဘတွေရှိတဲ့ဟောင်ကောင်ကျွန်းကိုအလည်ပြန်လာခဲ့တယ်။ဟောင်ကောင်ရုပ်ရှင်လောက,ကနာမည်ကြီးရုပ်ရှင်ထုတ်လုပ်သူရေမွန်ချောင်ကဘရုစ်လီကိုခေါင်းဆောင်မင်းသားအဖြစ်တင်ရိုက်ဖို့ကမ်းလှမ်းတယ်။ဘရုစ်လီကလက်ခံလိုက်ပြီး“TheBigBoss”ဆိုတဲ့ကွန်ဖူးသိုင်းရုပ်ရှင်ကားကိုငွေကြေးများများမသုံးဘဲရိုက်ဖြစ်တယ်။အဲဒီရုပ်ရှင်ကားကိုဟောင်ကောင်မှာရုံတင်တင်ချင်းကြည့်သူတွေအရမ်းများပြီးဝင်ငွေကောင်းတဲ့ရုပ်ရှင်ကားတစ်ခုဖြစ်ခဲ့တယ်။ဘရုစ်လီတစ်ယောက်လဲသူ့သိုင်းစွမ်းရည်ကြောင့်နေ့တွင်းချင်းနာမည်ကြီးဟောင်ကောင်မင်းသား ဖြစ်သွားခဲ့တယ်။

ဒါကြောင့်ရေမွန်ချောင်ကဘရုစ်လီနဲ့“TheFistofFury”ဆိုတဲ့ရုပ်ရှင်နောက်တစ်ကားထပ်ရိုက်တယ်။ဒီကားကိုငွေကြေးအတော်အကုန်အကျခံရိုက်လိုက်တယ်။အဲဒီကားလဲအရမ်းအောင်မြင်သွားပြန်လို့ဘရုစ်လီလဲနာမည်ပိုကြီးလာခဲ့တယ်။နောက်တစ်ကားဖြစ်တဲ့“WayoftheDragon”ရုပ်ရှင်ကားကို၁၉၇၂ခုနှစ်မှာရိုက်ပြီးဟောင်ကောင်မှာသာမကအမေရိကန်နိုင်ငံကရုပ်ရှင်တွေမှာပြခဲ့တယ်။ရုပ်ရှင်ကားကောင်းသလိုဘရုစ်လီရဲ့သိုင်းစွမ်းရည်ကိုအနောက်နိုင်ငံကသိလာခဲ့ကြတယ်။

နောက်ဆုံးတော့ ဟောလီးဝုဒ်က ရုပ်ရှင်ကုမ္ပဏီကြီးတွေက ဘရုစ်လီကို ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာခဲ့ကြတယ်။ “EntertheDragon”စတဲ့သိုင်းကားကိုဟောလီးဝုဒ်ကဒေါ်လာတစ်သန်းအကုန်ခံရိုက်ခဲ့တာဝင်ငွေဒေါ်လာသန်း(၂၀၀)ရသွားခဲ့တယ်။ဘရုစ်လီတစ်ယောက်အရမ်းနာမည်ကြီးတက်လာချိန်မှာပဲရေတိမ်နစ်သွားခဲ့ရတယ်။၁၉၇၃ခုနှစ်ဇူလိုင်လ၂၀ရက်နေ့မှာဟောင်ကောင်မှာရုပ်ရှင်တစ်ကားလာရိုက်ရင်းဟောင်ကောင်ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့အိမ်မှာခေါင်းကိုက်လို့အကိုက်အခဲပျောက်ဆေးသောက်ပြီးသတိလစ်သွားတယ်။ဆေးရုံကိုအမြန်ပို့ပေမဲ့လဲဘရုစ်လီတစ်ယောက်ကွယ်လွန်ဆုံးပါးသွားခဲ့တယ်။

သူရဲ့ဈာပနကိုချစ်ခင်ကြတဲ့ဟောင်ကောင်ပရိသတ်(၃)သောင်းကျော်တက်ရောက်ကြပြီးသူ့ရုပ်ကလပ်ကိုလိုက်ပါပို့ဆောင်ခဲ့ကြတယ်။အမေရိကန်မှာရှိတဲ့ဟောလီးဝုဒ်ရုပ်ရှင်လောက,ကလူတွေကလဲသူ့အတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေလုပ်ခဲ့ကြတယ်။ဘရုစ်လီကွယ်လွန်ချိန်မှာအသက်၃၃နှစ်သာရှိပါသေးတယ်။သူ့ရဲ့ဇနီးလင်ဒါရယ်၊သားတစ်ယောက်၊သမီးတစ်ယောက်ကျန်ခဲ့တယ်။သူ့သားဘရင်ဒန်လီဟာလဲကွန်ဖူးသိုင်းရုပ်ရှင်မှာသရုပ်ဆောင်ရင်းရိုက်ကွင်းမှာသေနတ်ကျည်ဆံမတော်တဆထိမှန်ပြီးကွယ်လွန်သွားခဲ့ပြန်တယ်။ဘရုစ်လီကြောင့်အရှေ့တိုင်းသိုင်းပညာကိုကမ္ဘာကသိလာခဲ့တာပါ။သူ့ရုပ်ရှင်ကားတွေကြည့်ဖူးပြီးသူ့ကိုချစ်တဲ့လူတွေဟာသူ့ကိုယနေ့တိုင်လွမ်းဆွတ်နေကြဆဲပါ။

အောက်ကအချက်တွေကတော့ ဘရုစ်လီရဲ့ ထူးခြာချက်တချို့ဖြစ်ပါတယ်။

ဘရုစ်လီရဲ့နာမည်အရင်းကLiJunFanဖြစ်ပြီး၁၉၄၀ခုနှစ်၊နိုဝင်ဘာ၂၇ရက်နေ့မှာအမေရိကန်ကယ်လီဖိုးနီးယားမှာမွေးဖွားပြီး၁၉၇၃ခုနှစ်ဇူလိုင်၂၀၊ဟောင်ကောင်မှာသေဆုံးခဲ့ပါတယ်။ဘရုစလီရဲ့မွေးချိန်နဲ့မွေးနှစ်ဟာနဂါးနှစ်ဖြစ်ပြီးဒါဟာအလွန်ထူးချွန်သူတစ်ယောက်ဖြစ်လာတဲ့ နိမိတ်လို့ယူဆကြပါတယ်။

ဘရုစ်လီဟာငယ်စဉ်ကဟောင်ကောင်မှာကြီးပြင်းခဲ့ပြီးအမေရိကကိုသူ့ရဲ့မိဘတွေပို့ခဲ့ရတဲ့အကြောင်းကတော့လမ်းပေါ်မှာရန်ခဏဖြစ်ခဲ့လို့ပါပဲ။သူဟာကလေးဘဝကကလေးဂိုဏ်းတစ်ခုဖြစ်တဲ့လမ်းဆုံကကျားရိုင်းများဂိုဏ်းရဲ့ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပါတယ်။ဓါးနဲ့ချိန်းကြိုးတွေဆောင်လေ့ရှိသလို၊အခြားလူမိုက်တွေကိုစိန်ခေါ်ကာရန်ပွဲတွေမကြာခဏဖြစ်လေ့ရှိသူလည်းဖြစ်ပါတယ်။ဒါကြောင့်ဒါကိုရပ်တန့်ဖို့အတွက်မိဘတွေဟာဘရုစလီကိုအမေရိကကိုပို့ခဲ့ခြင်းဖြစ်ပါတယ်။ဘရုစ်လီဟာသိုင်းသမားရုပ်ရှင်မင်းသားအဖြစ်လူသိများပေမယ့်သူဟာအကကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။ချားချားအကကိုအလွန်ကျွမ်းကျင်ပြီး ၁၉၅၉ခုနှစ် ဟောင်ကောင်ရဲ့ ချန်ပီယံဖြစ်ခဲ့သူပါ။

ဘရုစလီကို၁၃နှစ်သားတည်းကသိုင်းပညာကိုသင်ကြားခဲ့ပြီးသရုပ်ဆောင်ဖြစ်နေတာကိုလူသိများပေမယ့်ဘရုစ်လီဟာငယ်စဉ်ကတည်းကသရုပ်ဆောင်ဖြစ်ခဲ့တာကိုလူသိနည်းပါတယ်။ဘရုစ်လီဟာ၃လအရွယ်ကစလို့၅နှစ်အရွယ်အတွင်းဟောင်ကောင်ရုပ်ရှင်ကားပေါင်း၂၀မှာကလေးသရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ဘရုစ်လီဟာကျန်းမာကြံခိုင်မြန်ဆန်သူအဖြစ်အားလုံးသိကြပေမယ့်သူဟာအမြင်အာရုံပြဿနာရှိသူဖြစ်ပါတယ်။ပါဝါများတဲ့မျက်မှန်ကိုတပ်ဆင်ခဲ့ရပြီးအစောပိုင်းမျက်ကပ်မှန်တပ်သူထဲက တစ်ဦးလည်းဖြစ်ပါတယ်။

ဘရုစ်လီဟာကမ္ဘာကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့ပေမယ့်သူအရမ်းအဖြစ်ချင်ဆုံးအရာကတော့ကိုယ်ပိုင်သိုင်းသင်တန်းကျောင်းဆရာဖြစ်ပါတယ်။အမေရိကန်ကနေရာအနှံ့မှာဘရုစ်လီသိုင်းသင်တန်းကျောင်းတွေဖွင့်လှစ်ဖို့အိပ်မက်မက်ခဲ့သူပါ။ သူဟာ သူ့ရဲ့အိပ်မက်ကိုပြီးမြောက်အောင်အကောင်အထည်မဖော်နိုင်ခင်မှာကွယ်လွန်သွားခဲ့ရပါတယ်။

၁၉၆၃ခုနှစ်နွေရာသီမှာဘရုစ်လီဟာLindaEmeryဆိုတဲ့မိန်းကလေးကိုGungFuသင်ပေးရာကနေစိတ်ဝင်စားခဲ့ပါတယ်။အဲဒီနောက်တော့သူတို့နှစ်ယောက်ဟာချစ်ကြိုက်သွားကြပြီးဘဝအခြေအနေကွာခြားချက်ကြီးလွန်းလို့မိဘတွေသဘောမတူတဲ့ကြားထဲကနောက်တစ်နှစ်မှာပဲလက်ထပ်လိုက်ကြပါတယ်။

ဘရုစ်လီဟာလမ်းရိုးနည်းစနစ်တွေကိုမကြိုက်ပဲအလွန်ဆန်းသစ်တီထွင်သူလို့ဆိုနိုင်ပါတယ်။အချိန်ရှိသရွေ့မူရင်းရှိပြီးသားသိုင်းပညာတွေကိုထပ်မံဆန်းသစ်ရင်းသူရဲ့ကိုယ်ပိုင်တီထွင်ထားတဲ့သိုင်းပညာတွေထည့်သွင်းဖို့ကြိုးစားနေတတ်သူဖြစ်ပါတယ်။မူရင်းပုံစံတွေကကွဲထွက်နေတဲ့လေ့ကျင့်မှုပုံစံအသစ်တွေကိုတီထွင်ပြုလုပ်ခဲ့သူလည်းဖြစ်သလိုJeetKuneDoဆိုတဲ့ပညာရပ်တစ်ခုကို ချန်ထားခဲ့သူလည်းဖြစ်ပါတယ်။

လီကိုသိုင်းပညာရှင်သရုပ်ဆောင်တစ်ယောက်အဖြစ်လူသိများပေမယ့်တကယ်တော့သူဟာအခြားပညာရပ်တွေမှာလည်းထူးချွန်လွန်းသူဖြစ်ပါတယ်။အက်ဒီဆင်နည်းပညာကျောင်းဆင်းဖြစ်ပြီးထူးချွန်ပြီးဇွဲလုံ့လကောင်းလွန်းသူဖြစ်ပါတယ်။သူ့အခြားထူးချွန်တဲ့ပညာရပ်တွေကတော့အတွေးအခေါ်ပညာ၊ကဗျာရေးခြင်း၊လက်ဝှေ့၊ဓားသိုင်း၊အစာအဟာရကျွမ်းကျင်ခြင်းစတာတွေဖြစ်ပါတယ်။စာအလွန်ဖတ်သူဖြစ်ပြီးနေ့စဉ်နေ့တိုင်းမှာသင်ယူမှုတစ်ခုမဟုတ်တစ်ခုလုပ်နေတတ်သူလည်းဖြစ်ပါတယ်။

သူ့ရဲ့နာမည်ကြီးကားတစ်ကားဖြစ်တဲ့EntertheDragonကားမှာသူဟာအဲဒီတုန်းကလူကြမ်းသရုပ်ဆောင်ဖြစ်တဲ့ဂျက်ကီချမ်းနဲ့ဆုံခဲ့ဖူးပါတယ်။အဲဒီကားမှာလီရဲ့လှုပ်ရှားမှုတွေဟာမထင်မှတ်အောင်မြန်ဆန်လွန်းတဲ့အတွက်ကားရိုက်ပြီးတဲ့အချိန်မှာ ပုံမှန် speed ကိုလျှော့ချခဲ့ရပါတယ်။ ဒါမှသာ လူတွေက အတုလို့ မထင်မှာဖြစ်ပါတယ်။

နေ့စဉ်လက်သီးချက်ရေ၅၀၀၀ခန့်ထိုးလေ့ရှိသူဖြစ်ပြီးဒီလေ့ကျင့်မှုဟာသူ့လက်သီးပြင်းထန်ခြင်းရဲ့အကြောင်းတစ်ရပ်လို့ဆိုပါတယ်။လက်ချောင်းတွေအလွန်သန်သူဖြစ်ပြီးသူ့ရဲ့လက်ချောင်းတွေနဲ့စည်သွပ်ဗူးတွေကိုအပေါက်များဖြစ်အောင်ဖောက်နိုင်ပါတယ်။သူဟာလေပေါ်မြှောက်ပစ်လိုက်တဲ့ထမင်းစေ့ကိုတူနဲ့မကျအောင်ဖမ်းနိုင်တဲ့အထိတော်သူလည်းဖြစ်ပါတယ်။တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀ရာစု ကမ္ဘာကိုအလွှမ်းမိုးခဲ့ဆုံးသူ ၁၀၀ ထဲက တစ်ဦးအဖြစ်ဖော်ပြခြင်း ခံရသူလည်း ဖြစ်ပါတယ်။

Credit: သုတဇုန်