


CRD-myanmarload

UNICODE

ဆိုင်အတွက် အလုပ်တွေရှုပ်နေတဲ့ မေမေ့ကို ကူညီပေးနေတဲ့ လဝန်းလေးနဲ့ အားချစ်လေး ရဲ့ ချစ်စရာပုံရိပ်လေးများ
ပရိတ်သတ်တွေရဲ့အချစ်တော်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့သက်မွန်ကတော့အမြဲတက်တက်ကြွကြွနဲ့ပျော်ရွှင်နေသူလေးဖြစ်ပါတယ်။သရုပ်ဆောင်ပိုင်းမှာတော့ပြောစရာမလိုလောက်အောင်ထူးချွန်တဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာသက်မွန်ကိုချစ်တဲ့ပရိတ်သတ်တွေအသိဆုံးဖြစ်ပါတယ်။ပရိတ်သတ်တွေအတွက်အကောင်းဆုံးတွေကိုဖျော်ဖြေပေးနိုင်အောင်အမြဲကြိုးစားသရုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားပြီးချစ်စရာကောင်းတဲ့သမီးလေးနဲ့သားလေးကိုပိုင်ဆိုင်ထားတာကြောင့်ချစ်သက်တစ်ယောက်ကတော့အမောတွေပြေနေရပါတယ်။အနုပညာလုပ်ငန်းသာမကစီးပွားရေးမှာပါတွေးခေါ်မှုကောင်းတဲ့ချစ်သက်ကတော့ကိုယ်ပိုင်ဆိုင်လေးကိုပိုင်ဆိုင်သူပဲဖြစ်ပါတယ်။ပစ္စည်းတန်ပြီးသားသားမီးမီးလေးတွေအတွက်အဆင်ပြေစေမယ့် ပစ္စည်းလေးတွေကို ချစ်သက်ရဲ့ ဆိုင်လေးမှာ စုံလင်စွာတွေ့ရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ချစ်သက်ရဲ့ဆိုင်လေးကတော့ယခုဆိုရင်ဖွင့်လှစ်ခဲ့တာ၂နှစ်တင်းတင်းပြည့်တော့မှာဖြစ်ပါတယ်။ဆိုင်အတွက်အလုပ်တွေရှုပ်နေရတဲ့မေမေချစ်သက်ကိုအမောပြေစေဖို့လဝန်းလေးနဲ့အားချစ်လေးကကူညီပေးနေတာဖြစ်ပါတယ်။ကစားစရာတွေအစုံနဲ့မေမေ့ဆိုင်မှာပျော်နေကြတဲ့လဝန်းနဲ့အားချစ်လေးတို့ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုလည်းပရိတ်သတ်တွေအတွက်တင်ပေးလိုက်ပါတယ်နော်။