Loading...

သရုပ္ေဆာင္ေျပတီဦးနဲ႔သရုပ္ေဆာင္အိျႏၵာေက်ာ္ဇင္တုိ႔ရဲ႕အိမ္ေထာင္ေရးအေျခအေနကုိအိျႏၵာေက်ာ္ဇင္ကမီဒီယာေတြကေနတဆင့္ ေျပာျပလာပါတယ္။ ခုိင္မာတဲ့ အိမ္ေထာင္ေရး တစ္ခုကုိ တည္ေဆာက္တဲ့ ေနရာမွာ ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံးမွာ တာဝန္ရွိတဲ့အေၾကာင္း ေျပာျပခဲ့တာျဖစ္ပါတယ္။

”ဘာမွလည္းအထူးတလည္ႀကီးေတာ့မဟုတ္ပါဘူး။အဓိကကေတာ့ဘယ္မွာမဆုိတစ္ေယာက္နဲ႔တစ္ေယာက္အျပန္အလွန္နားလည္မႈထားတာအေရးအႀကီးဆုံးပဲ။ကုိယ့္ဘက္ကခ်ည္းပဲငါျဖစ္ခ်င္တာျဖစ္ရမယ္၊ငါလုပ္ခ်င္တာလုပ္မယ္ဆုိတဲ့အရာကက်ေတာ့ဘယ္မွာမွမရဘူး။ဒီလုိအလုပ္ကလည္းအရမ္းခက္ခဲတဲ့အလုပ္ပါ။ဒါေပမယ့္ႏွစ္ေယာက္ေပါင္းဖက္လုိက္တဲ့အခါမွာေတာ့ သူလည္းေလွ်ာ့ရမယ္၊ ကုိယ္လည္း ေလွ်ာ့ရမယ္” လုိ႔ ဆုိပါတယ္။

ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစု ဘဝေလးကုိပုိင္ဆုိင္ထားတဲ့ေျပတီဦးနဲ႔အိျႏၵာေက်ာ္ဇင္တုိ႔ရဲ႕အိမ္ေထာင္ေရးကတစ္ေယာက္နဲ႔ တစ္ေယာက္နားလည္မႈအျပန္အလွန္ရွိၾကပါတယ္တဲ့။ျပႆနာႀကီးႀကီးမားမားလည္းျဖစ္ေလ့ျဖစ္ထမရွိတဲ့အေၾကာင္းႏုိဝင္ဘာလ ၁၂ ရက္ေန႔ ညက ”ၾကတ္ဂူ” ရုပ္ရွင္အထူးပြဲကုိ တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။” အစ္မတုိ႔ဆုိရင္ႏွစ္ေယာက္စလုံး နားလည္မႈအျပန္အလွန္ရွိၾကတယ္။ သူလည္း အစ္မအေပၚနားလည္တယ္၊ အစ္မလည္း သူ႔အေပၚနားလည္တယ္။ဒါေပမယ့္ အစ္မတုိ႔ဆီမွာ ႀကီးႀကီးမားမား ဘာျပႆနာမွ မရွိဘူး။ တစ္ခုခုဆုိရင္ ဘာျဖစ္ခ်င္တာလဲ ဆုိတဲ့ အေပၚမွာ ေျပလည္ေအာင္ ညွိႏႈိင္းတယ္” လို႔ သူကဆုိပါတယ္။

အိၿႏၵာေက်ာ္ဇင္ဟာ သူတုိ႔ ဇနီးေမာင္ႏွံက အႏုပညာရွင္ေတြ ျဖစ္တဲ့အတြက္သာမာန္အိမ္ေထာင္ေရးနဲ႔မတူတဲ့အားသာခ်က္ကုိ ေျပာျပလာပါတယ္။အႏုပညာအလုပ္ေတြမွာေတာ့တစ္ေယာက္နဲ႔တစ္ေယာက္ေဆြးေႏြးတုိင္ပင္ေလ့ရွိတယ္လုိ႔ဆက္လက္ေျပာျပထားပါတယ္။”သူနဲ႔ကုိယ္နဲ႔ကေတာ့အႏုပညာသမားအခ်င္းခ်င္းျဖစ္တဲ့အတြက္ေၾကာင့္မုိ႔လုိ႔အုိက္တင္ပုိင္းနဲ႔ပတ္သက္ၿပီးေတာ့ေဆြးေႏြးလုိ႔ရတယ္။အျပင္လူတစ္ေယာက္ဆုိရင္နားမလည္ဘူးေလ။ဒါေပမယ့္အစ္မရဲ႕အလုပ္ေပၚမွာထားတဲ့ဆုံးျဖတ္ခ်က္ကုိ သူက ဝင္ေရာက္စြပ္ဖက္တာမ်ဳိး မရွိသလုိ အစ္မက လည္း အဲ့ဒီလုိမလုပ္ဘူး။ ကုိယ့္ဆႏၵနဲ႔ကုိယ္ေပါ့” လုိ႔ ဆုိပါတယ္။

ေျပတီဦးနဲ႕အိျႏၵာေက်ာ္ဇင္တုိ႕ဟာ၂၀၁၁ခုႏွစ္ဇန္နဝါရီ(၁)ရက္ေန႕ကလက္ထပ္ထိမ္းျမားခဲ့တာျဖစ္ပါတယ္။သမီးႀကီးေျပသုျဒာကိုေတာ့၂၀၁၁ခုႏွစ္ေအာက္တိုဘာ(၁၄)ရက္ေန႕ကေမြးဖြားခဲ့တာျဖစ္ၿပီးသားငယ္ေလးကိုေတာ့၂၀၁၅ခုႏွစ္ၾသဂုတ္(၂၇)မွာ ေမြးဖြားခဲ့တာ ျဖစ္ပါ တယ္။ေျပတီဦးနဲ႕ အိျႏၵာေက်ာ္ဇင္တို႕ မိသားစုေလးကေတာ့ ပရိသတ္ေတြ အားက်ရတဲ့အႏုပညာရွင္ မိသားစုေလးလည္း ျဖစ္ပါတယ္။

CRD-cele yatkwat

UNICODE

ခိုင်မာတဲ့ အိမ်ထောင်ရေးအကြောင်းပြောလာတဲ့ အိန္ဒြာကျော်ဇင်
သရုပ်ဆောင်ပြေတီဦးနဲ့သရုပ်ဆောင်အိန္ဒြာကျော်ဇင်တို့ရဲ့အိမ်ထောင်ရေးအခြေအနေကိုအိန္ဒြာကျော်ဇင်ကမီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။ ခိုင်မာတဲ့ အိမ်ထောင်ရေး တစ်ခုကို တည်ဆောက်တဲ့ နေရာမှာ ဇနီးမောင်နှံနှစ်ယောက်စလုံးမှာ တာဝန်ရှိတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

”ဘာမှလည်းအထူးတလည်ကြီးတော့မဟုတ်ပါဘူး။အဓိကကတော့ဘယ်မှာမဆိုတစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည်မှုထားတာအရေးအကြီးဆုံးပဲ။ကိုယ့်ဘက်ကချည်းပဲငါဖြစ်ချင်တာဖြစ်ရမယ်၊ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့အရာကကျတော့ဘယ်မှာမှမရဘူး။ဒီလိုအလုပ်ကလည်းအရမ်းခက်ခဲတဲ့အလုပ်ပါ။ဒါပေမယ့်နှစ်ယောက်ပေါင်းဖက်လိုက်တဲ့အခါမှာတော့ သူလည်းလျှော့ရမယ်၊ ကိုယ်လည်း လျှော့ရမယ်” လို့ ဆိုပါတယ်။

ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့အိမ်ထောင်ရေးကတစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြန်အလှန်ရှိကြပါတယ်တဲ့။ပြဿနာကြီးကြီးမားမားလည်းဖြစ်လေ့ဖြစ်ထမရှိတဲ့အကြောင်းနိုဝင်ဘာလ ၁၂ ရက်နေ့ ည”ကြတ်ဂူ”ရုပ်ရှင်အထူးပွဲကိုတက်ရောက်ရင်းဖြေဆိုခဲ့တာပါ။”အစ်မတို့ဆိုရင်နှစ်ယောက်စလုံး နားလည်မှုအပြန်အလှန်ရှိကြတယ်။သူလည်းအစ်မအပေါ်နားလည်တယ်၊အစ်မလည်းသူ့အပေါ်နားလည်တယ်။ဒါပေမယ့် အစ်မတို့ဆီမှာ ကြီးကြီးမားမား ဘာပြဿနာမှ မရှိဘူး။ တစ်ခုခုဆိုရင် ဘာဖြစ်ချင်တာလဲ ဆိုတဲ့ အပေါ်မှာ ပြေလည်အောင် ညှိနှိုင်းတယ်” လို့ သူကဆိုပါတယ်။

အိန္ဒြာကျော်ဇင်ဟာသူတို့ဇနီးမောင်နှံကအနုပညာရှင်တွေဖြစ်တဲ့အတွက်သာမာန်အိမ်ထောင်ရေးနဲ့မတူတဲ့အားသာချက်ကိုပြောပြလာပါတယ်။အနုပညာအလုပ်တွေမှာတော့တစ်ယောက်နဲ့တစ်ယောက်ဆွေးနွေးတိုင်ပင်လေ့ရှိတယ်လို့ဆက်လက်ပြောပြထားပါတယ်။”သူနဲ့ကိုယ်နဲ့ကတော့အနုပညာသမားအချင်းချင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အိုက်တင်ပိုင်းနဲ့ပတ်သက်ပြီးတော့ဆွေးနွေးလို့ရတယ်။အပြင်လူတစ်ယောက်ဆိုရင်နားမလည်ဘူးလေ။ဒါပေမယ့်အစ်မရဲ့အလုပ်ပေါ်မှာထားတဲ့ဆုံးဖြတ်ချက်ကို သူက ဝင်ရောက်စွပ်ဖက်တာမျိုး မရှိသလို အစ်မက လည်း အဲ့ဒီလိုမလုပ်ဘူး။ ကိုယ့်ဆန္ဒနဲ့ကိုယ်ပေါ့” လို့ ဆိုပါတယ်။

ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ဟာ၂၀၁၁ခုနှစ်ဇန်နဝါရီ(၁)ရက်နေ့ကလက်ထပ်ထိမ်းမြားခဲ့တာဖြစ်ပါတယ်။သမီးကြီးပြေသုဒြာကိုတော့၂၀၁၁ခုနှစ်အောက်တိုဘာ(၁၄)ရက်နေ့ကမွေးဖွားခဲ့တာဖြစ်ပြီးသားငယ်လေးကိုတော့၂၀၁၅ခုနှစ်သြဂုတ်(၂၇)မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့မိသားစုလေးကတော့ပရိသတ်တွေအားကျရတဲ့အနုပညာရှင် မိသားစုလေးလည်း ဖြစ်ပါတယ်။