မိသားစုပိုင္အိမ္ဆိုတာ အျမဲတမ္းႏွလံုးသားထဲမွာ ရွိေနတဲ့ ေနရာထူးေလးတစ္ခုပါ။ မိဘဘိုးဘြားေတြ ခ်န္ရစ္ခဲ့တဲ့ ဥစၥာအေမြ၊ ယဥ္ေက်းမႈအေမြေတြကလည္း သားစဥ္ေျမးဆက္ လက္ဆင့္ကမ္း သယ္လာရမယ့္ အရာေတြပဲျဖစ္ပါတယ္။ ကိုယ့္ဘိုးဘြားေတြခ်န္ခဲ့တဲ့ ကိုယ့္အတြက္ အေမြကို ကိုယ္ပဲ ရသင့္တာ မဟုတ္ပါလား။ အေမရိကန္ႏိုင္ငံ နီဘရာစကာျပည္နယ္မွာ ေနထိုင္တဲ့ ေဒးဗစ္ဟာ ေတာင္သူလုပ္ကိုင္တဲ့ မိသားစု တစ္စုကေန ဆင္းသက္လာခဲ့သူပါ။ ႏွစ္ေပါင္းမ်ားစြာ မိဘေတြ၊ အဖိုးအဖြားေတြက ေတာင္ယာအလုပ္ကိုပဲ စြဲစြဲျမဲျမဲလုပ္ကိုင္ခဲ့ၾကတာပါ။

ဒါေၾကာင့္ အဖိုးအဖြားေတြ ကြယ္လြန္သြားၾကတဲ့အခါ ေဒးဗစ္တို႔ မိသားစုအေနနဲ႔ ဘိုးဘြားေတြခ်န္ရစ္ခဲ့တဲ့ ေျမမွာ လက္ငုတ္လက္ရင္း ေတာင္သူအလုပ္ကို ဆက္လုပ္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္ ေဒးဗစ္ရဲ႕ ေဆြမ်ိဳးသားခ်င္းတစ္ဦးဟာ မိသားစုရဲ႕ အက်ိဳးကိုပယ္ၿပီး မလုပ္သင့္တဲ့ ကိစၥကို လုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ ဘိုးစဥ္ေဘာင္ဆက္ မိသားစုပိုင္ဆိုင္လာတဲ့ ေျမေတြကို ေလလံတင္ ေရာင္းခ်ဖို႔ စီမံခဲ့တာျဖစ္ပါတယ္။

ေဒးဗစ္တို႔မိသားစုပိုင္ေျမက ဧက(၈၀)ေလာက္ရွိပါတယ္။ ေျမေတြကို ေလလံတင္ေတာ့မယ္လု႔ိ သတင္းၾကားတာေၾကာင့္ မိသားစု၀င္ေတြဟာ စိတ္မခ်မ္းမသာျဖစ္ခဲ့ရပါတယ္။ ဒီလိုနဲ႔ ေဒးဗစ္ဟာ သူ႔တို႔ေျမကို ျပန္ရေအာင္ တတ္ႏိုင္သေလာက္ ေလလံၿပိဳင္ဆြဲဖို႔ စဥ္းစားခဲ့ပါတယ္။ ေန႔ေန႔ညည ေဒးဗစ္ဟာ ေလလံဘယ္လိုႏိုင္ေအာင္ ျပန္ဆြဲရပါ့မလဲလို႔ စဥ္းစားရင္းနဲ႔ ေလလံပြဲေန႔ကို ေရာက္လာခဲ့ပါၿပီ။

ေလလံဆြဲတဲ့ေန႔မွာေတာ့ ေတာင္သူဦးေရ (၂၀၀) ေလာက္က တက္ေရာက္လာခဲ့ပါတယ္။ တျဖည္းျဖည္းနဲ႔ ေလလံဆြဲမယ့္ အခ်ိန္ကလည္း နီးကပ္လာပါၿပီ။ ေဒးဗစ္နဲ႔ သူ႔ရဲ႕ဖခင္ကေတာ့ ေလလံပြဲမွာ ေျမေတြကို ျပန္ရပါ့မလားလို႔ စိတ္ထဲ ထင့္ေနခဲ့ပါတယ္။ ေဒးဗစ္တို႔က သက္မရိႈက္ရင္း အဦးဆံုးေလလံေစ်းကို စဖြင့္ခဲ့ပါတယ္။ ဒီအခ်ိန္မွာ မထင္မွတ္တဲ့ အျဖစ္တစ္ခုျဖစ္ခဲ့ပါတယ္။ အ့ံၾသစရာေကာင္းစြာနဲ႔ တက္ေရာက္လာၾကတဲ့ ေတာင္သူလယ္သမားေတြထဲက တစ္ဦးတစ္ေလမွ ေလလံ၀င္မၿပိဳင္ခဲ့ၾကပါဘူး။ ဒီလိုနဲ႔ ေလလံတင္သူဟာ အျခားေရြးခ်ယ္စရာမရွိသလို ေဒးဗစ္တို႔ပဲ ေလလံေအာင္ၿပီး ေျမေတြကို ျပန္လည္ ပိုင္ဆိုင္ခြင့္ ရခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ (၂၀၁၁)ခုႏွစ္က ျဖစ္ပြားခဲ့တာပါ။ လက္ရွိအခ်ိန္မွာေတာ့ နီဘရာစကာ ေတာင္သူအဖြဲ႔အစည္းရဲ႕ အေရးပါ အရာေရာက္သူတစ္ဦး ျဖစ္လာခဲ့သူ ေဒးဗစ္ဟာ ေလလံပြဲက အျဖစ္အပ်က္ကို ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုဟာ ေျပာခဲ့တာပါ။ ေလလံပြဲနဲ႔ ပတ္သတ္ၿပီးေတာ့လည္း အခုလိုမ်ိဳး ဖြင့္ဟခဲ့ပါေသးတယ္

“ကၽြန္ေတာ့္ဘ၀မွာ အေပ်ာ္ရဆံုးေန႔ (၂)ေန႔ရွိပါတယ္။ ပထမေန႔ကေတာ့ ကၽြန္ေတာ့္သားကို ေမြးခဲ့တဲ့ေန႔ပါ။ ဒုတိယေန႔ကေတာ့ ေလလံပြဲက်င္းပခဲ့တဲ့ ေန႔ပါ။ ”

ေတာင္သူဦးေရ ရာနဲ႔ခ်ီၿပီး ရွိပါလ်က္နဲ႔ ဘယ္သူမွ ေလလံမ၀င္တာကိုိ ေထာက္ရင္ မတရားေျမသိမ္းခံရတဲ့ ေဒးဗစ္တို႔ မိသားစုအေပၚ ေတာင္သူေတြရဲ႕ ေလးစားစရာေကာင္းတဲ့ ဂရုဏာစိတ္ကို ျမင္ႏုိင္ပါတယ္။ ေတာင္ယာလုပ္ကိုင္သူ အခ်င္းခ်င္း ဘ၀မပ်က္ေစလိုပဲ အကူအညီလိုတဲ့အခါ တစ္ဦးနဲ႔ တစ္ဦးရုိင္းပင္းၾကတဲ့ စိတ္ဓာတ္ေကာင္းေလးဟာ အတုယူဖြယ္ျဖစ္တာေၾကာင့္ ေဖာ္ျပေပးလိုက္ရပါတယ္။
Credit- Shwemom

Unicode

မိသားစုပိုင်အိမ်ဆိုတာ အမြဲတမ်းနှလုံးသားထဲမှာ ရှိနေတဲ့ နေရာထူးလေးတစ်ခုပါ။ မိဘဘိုးဘွားတွေ ချန်ရစ်ခဲ့တဲ့ ဥစ္စာအမွေ၊ ယဉ်ကျေးမှုအမွေတွေကလည်း သားစဉ်မြေးဆက် လက်ဆင့်ကမ်း သယ်လာရမယ့် အရာတွေပဲဖြစ်ပါတယ်။ ကိုယ့်ဘိုးဘွားတွေချန်ခဲ့တဲ့ ကိုယ့်အတွက် အမွေကို ကိုယ်ပဲ ရသင့်တာ မဟုတ်ပါလား။ အမေရိကန်နိုင်ငံ နီဘရာစကာပြည်နယ်မှာ နေထိုင်တဲ့ ဒေးဗစ်ဟာ တောင်သူလုပ်ကိုင်တဲ့ မိသားစု တစ်စုကနေ ဆင်းသက်လာခဲ့သူပါ။ နှစ်ပေါင်းများစွာ မိဘတွေ၊ အဖိုးအဖွားတွေက တောင်ယာအလုပ်ကိုပဲ စွဲစွဲမြဲမြဲလုပ်ကိုင်ခဲ့ကြတာပါ။

ဒါကြောင့် အဖိုးအဖွားတွေ ကွယ်လွန်သွားကြတဲ့အခါ ဒေးဗစ်တို့ မိသားစုအနေနဲ့ ဘိုးဘွားတွေချန်ရစ်ခဲ့တဲ့ မြေမှာ လက်ငုတ်လက်ရင်း တောင်သူအလုပ်ကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေးဗစ်ရဲ့ ဆွေမျိုးသားချင်းတစ်ဦးဟာ မိသားစုရဲ့ အကျိုးကိုပယ်ပြီး မလုပ်သင့်တဲ့ ကိစ္စကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ဘိုးစဉ်ဘောင်ဆက် မိသားစုပိုင်ဆိုင်လာတဲ့ မြေတွေကို လေလံတင် ရောင်းချဖို့ စီမံခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်တို့မိသားစုပိုင်မြေက ဧက(၈၀)လောက်ရှိပါတယ်။ မြေတွေကို လေလံတင်တော့မယ်လု့ိ သတင်းကြားတာကြောင့် မိသားစုဝင်တွေဟာ စိတ်မချမ်းမသာဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ဒေးဗစ်ဟာ သူ့တို့မြေကို ပြန်ရအောင် တတ်နိုင်သလောက် လေလံပြိုင်ဆွဲဖို့ စဉ်းစားခဲ့ပါတယ်။ နေ့နေ့ညည ဒေးဗစ်ဟာ လေလံဘယ်လိုနိုင်အောင် ပြန်ဆွဲရပါ့မလဲလို့ စဉ်းစားရင်းနဲ့ လေလံပွဲနေ့ကို ရောက်လာခဲ့ပါပြီ။

လေလံဆွဲတဲ့နေ့မှာတော့ တောင်သူဦးရေ (၂၀၀) လောက်က တက်ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ လေလံဆွဲမယ့် အချိန်ကလည်း နီးကပ်လာပါပြီ။ ဒေးဗစ်နဲ့ သူ့ရဲ့ဖခင်ကတော့ လေလံပွဲမှာ မြေတွေကို ပြန်ရပါ့မလားလို့ စိတ်ထဲ ထင့်နေခဲ့ပါတယ်။ ဒေးဗစ်တို့က သက်မရှိုက်ရင်း အဦးဆုံးလေလံဈေးကို စဖွင့်ခဲ့ပါတယ်။ ဒီအချိန်မှာ မထင်မှတ်တဲ့ အဖြစ်တစ်ခုဖြစ်ခဲ့ပါတယ်။ အံ့သြစရာကောင်းစွာနဲ့ တက်ရောက်လာကြတဲ့ တောင်သူလယ်သမားတွေထဲက တစ်ဦးတစ်လေမှ လေလံဝင်မပြိုင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ လေလံတင်သူဟာ အခြားရွေးချယ်စရာမရှိသလို ဒေးဗစ်တို့ပဲ လေလံအောင်ပြီး မြေတွေကို ပြန်လည် ပိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ (၂၀၁၁)ခုနှစ်က ဖြစ်ပွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ နီဘရာစကာ တောင်သူအဖွဲ့အစည်းရဲ့ အရေးပါ အရာရောက်သူတစ်ဦး ဖြစ်လာခဲ့သူ ဒေးဗစ်ဟာ လေလံပွဲက အဖြစ်အပျက်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုဟာ ပြောခဲ့တာပါ။ လေလံပွဲနဲ့ ပတ်သတ်ပြီးတော့လည်း အခုလိုမျိုး ဖွင့်ဟခဲ့ပါသေးတယ်

“ကျွန်တော့်ဘဝမှာ အပျော်ရဆုံးနေ့ (၂)နေ့ရှိပါတယ်။ ပထမနေ့ကတော့ ကျွန်တော့်သားကို မွေးခဲ့တဲ့နေ့ပါ။ ဒုတိယနေ့ကတော့ လေလံပွဲကျင်းပခဲ့တဲ့ နေ့ပါ။ ”

တောင်သူဦးရေ ရာနဲ့ချီပြီး ရှိပါလျက်နဲ့ ဘယ်သူမှ လေလံမဝင်တာကို ထောက်ရင် မတရားမြေသိမ်းခံရတဲ့ ဒေးဗစ်တို့ မိသားစုအပေါ် တောင်သူတွေရဲ့ လေးစားစရာကောင်းတဲ့ ဂရုဏာစိတ်ကို မြင်နိုင်ပါတယ်။ တောင်ယာလုပ်ကိုင်သူ အချင်းချင်း ဘဝမပျက်စေလိုပဲ အကူအညီလိုတဲ့အခါ တစ်ဦးနဲ့ တစ်ဦးရိုင်းပင်းကြတဲ့ စိတ်ဓာတ်ကောင်းလေးဟာ အတုယူဖွယ်ဖြစ်တာကြောင့် ဖော်ပြပေးလိုက်ရပါတယ်။
Credit- Shwemom